သတင္း

ရြာမဆရာေတာ္ႀကီး ေမြးေန႔ပြဲ

17.2.2018 မြန္းလြဲပုိင္းမွာ အင္းစိန္ရြာမ စာသင္တုိက္ႀကီးသုိ႔ ေရာက္ရွိခဲ့ပါတယ္။ ေက်းဇူးရွင္ ရြာမဆရာေတာ္ႀကီး သက္ေတာ္ ၇၉ ႏွစ္ျပည့္ ေမြးေန႔အႀကဳိ အခမ္းအနားပါ။ အခမ္းအနားမွာ ႏုိင္ငံေရးပါတီမ်ား၊ အမ်ဳိးသားေရးအင္အားစုမ်ား၊ တုိင္းရင္းသူ တုိင္းရင္းသားမ်ား အသီးအသီး ၾသဝါဒခံယူတဲ့အစီအစဥ္လည္း ပါပါတယ္။

စာေရးသူေရာက္သြားတဲ့အခ်ိန္မွာေတာ့ ႏုိင္ငံေရးပါတီမ်ား အခန္းက႑ ၿပီးဆုံးသြားပါၿပီ။ ဆရာေတာ္ႀကီးက ၾသဝါဒေပးတာေတြ ပါတီေခါင္းေဆာင္မ်ားက မိတ္ဆက္စကား ေလွ်ာက္ထားတာေတြ မမီလုိက္ေတာ့ပါ။ အသိမိတ္ေဆြမ်ားျဖစ္တဲ့ ႏုိင္ငံေရးပါတီေခါင္းေဆာင္တစ္ခ်ဳိ႕နဲ႔ပဲ ႏႈတ္ဆက္စကား ေျပာၾကားလုိက္ရပါတယ္။ အမ်ဳိးသားေရးအင္အားစုမ်ား အစီအစဥ္မွာေတာ့ ဆရာေတာ္ႀကီးႏွင့္ ျမေစတီဆရာေတာ္ႀကီးတုိ႔ ၾသဝါဒေပးပါတယ္။ စာေရးသူက နိဂုံးခ်ဳပ္ အမွာစကား ေျပာၾကားခြင့္ရပါတယ္။ အမ်ဳိးသားေရးသမားေတြနဲ႔ ေတြ႕တုံး ဆုံတုံး ထမင္းဝေအာင္စားထားလုိ႔ မွာၾကားလုိက္ပါတယ္။

ေဆာင္ပုဒ္
ထမင္းဝေအာင္စားထားပါ ေက်ာင္းသြားေက်ာင္းျပန္ အားရွိမွာ။
ထမင္းဝေအာင္စားထားပါ လုပ္ငန္းေဆာင္တာ အားရွိမွာ။
ထမင္းဝေအာင္စားထားပါ စီမံကိန္းေတြ ေဖာ္ေဆာင္မွာ။
ထမင္းဝေအာင္စားထားပါ ထမင္းဝမွ အားရွိမွာ။

ေဆာင္ပုဒ္ေလးေတြခ်ေပးၿပီး လုိက္ဆုိခုိင္းလုိက္ အလြတ္ဆုိခုိင္းလုိက္နဲ႔ အေတာ္တက္ၾကြၾကပါတယ္။ ထမင္းဝေအာင္စားထားစကားကုိ ၿခိမ္းေျခာက္တဲ့ေနရာမွာပဲ အသုံးျပဳတယ္ထင္ေနၾကလုိ႔ ၿခိမ္းေျခာက္မႈမပါပဲ လုပ္ငန္းေဆာင္တာေတြအတြက္ အလုပ္လုပ္စရာ ရွိေသးလုိ႔ ထမင္းစားထားခုိင္းတာမ်ဳိးလည္း ရွိတယ္ဆုိတာ သိေအာင္ ေဟာၾကားခဲ့ျခင္းပါပဲ။

(ေနာက္ဆုံး ၃၆ စကၠန္႔ေလးကုိပဲ ကြက္တင္သူေတြ၊ နားေထာင္သူေတြ၊ ၾကည့္ရႈ႕သူေတြ၊ ေဝဖန္သူေတြအတြက္ ေျပာစရာစကားမရွိပါ။ ေျပာစရာလည္း လုိမည္မထင္ပါ။ အျပည့္အစုံ နားေထာင္ၿပီး ေစတနာေကာင္းႏွင့္ အျပဳသေဘာေဝဖန္သည္ဆုိလွ်င္ကား မိတ္ေဆြရင္းမျခား ညီအစ္ကုိအရင္းအတူ သူငယ္ခ်င္းပမာ မိတ္ေဆြစစ္အျဖစ္ လက္ခံလုိက္နာႏုိင္ပါေၾကာင္း။)

ဝီရသူ(မစုိးရိမ္)
23.2.2018
PM 9:36

 

“ရွာမဆရာတော်ကြီး မွေးနေ့ပွဲ”

17.2.2018 မွန်းလွဲပိုင်းမှာ အင်းစိန်ရွာမ စာသင်တိုက်ကြီးသို့ ရောက်ရှိခဲ့ပါတယ်။ ကျေးဇူးရှင် ရွာမဆရာတော်ကြီး သက်တော် ၇၉ နှစ်ပြည့် မွေးနေ့အကြို အခမ်းအနားပါ။ အခမ်းအနားမှာ နိုင်ငံရေးပါတီများ၊ အမျိုးသားရေးအင်အားစုများ၊ တိုင်းရင်းသူ တိုင်းရင်းသားများ အသီးအသီး သြဝါဒခံယူတဲ့အစီအစဉ်လည်း ပါပါတယ်။

စာရေးသူရောက်သွားတဲ့အချိန်မှာတော့ နိုင်ငံရေးပါတီများ အခန်းကဏ္ဍ ပြီးဆုံးသွားပါပြီ။ ဆရာတော်ကြီးက သြဝါဒပေးတာတွေ ပါတီခေါင်းဆောင်များက မိတ်ဆက်စကား လျှောက်ထားတာတွေ မမီလိုက်တော့ပါ။ အသိမိတ်ဆွေများဖြစ်တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တစ်ချို့နဲ့ပဲ နှုတ်ဆက်စကား ပြောကြားလိုက်ရပါတယ်။ အမျိုးသားရေးအင်အားစုများ အစီအစဉ်မှာတော့ ဆရာတော်ကြီးနှင့် မြစေတီဆရာတော်ကြီးတို့ သြဝါဒပေးပါတယ်။ စာရေးသူက နိဂုံးချုပ် အမှာစကား ပြောကြားခွင့်ရပါတယ်။
အမျိုးသားရေးသမားတွေနဲ့ တွေ့တုံး ဆုံတုံး ထမင်းဝအောင်စားထားလို့ မှာကြားလိုက်ပါတယ်။

ဆောင်ပုဒ်
ထမင်းဝအောင်စားထားပါ ကျောင်းသွားကျောင်းပြန် အားရှိမှာ။
ထမင်းဝအောင်စားထားပါ လုပ်ငန်းဆောင်တာ အားရှိမှာ။
ထမင်းဝအောင်စားထားပါ စီမံကိန်းတွေ ဖော်ဆောင်မှာ။
ထမင်းဝအောင်စားထားပါ ထမင်းဝမှ အားရှိမှာ။

ဆောင်ပုဒ်လေးတွေချပေးပြီး လိုက်ဆိုခိုင်းလိုက် အလွတ်ဆိုခိုင်းလိုက်နဲ့ အတော်တက်ကြွကြပါတယ်။ ထမင်းဝအောင်စားထားစကားကို ခြိမ်းခြောက်တဲ့နေရာမှာပဲ အသုံးပြုတယ်ထင်နေကြလို့ ခြိမ်းခြောက်မှုမပါပဲ လုပ်ငန်းဆောင်တာတွေအတွက် အလုပ်လုပ်စရာ ရှိသေးလို့ ထမင်းစားထားခိုင်းတာမျိုးလည်း ရှိတယ်ဆိုတာ သိအောင် ဟောကြားခဲ့ခြင်းပါပဲ။

(နောက်ဆုံး ၃၆ စက္ကန့်လေးကိုပဲ ကွက်တင်သူတွေ၊ နားထောင်သူတွေ၊ ကြည့်ရှု့သူတွေ၊ ဝေဖန်သူတွေအတွက် ပြောစရာစကားမရှိပါ။ ပြောစရာလည်း လိုမည်မထင်ပါ။ အပြည့်အစုံ နားထောင်ပြီး စေတနာကောင်းနှင့် အပြုသဘောဝေဖန်သည်ဆိုလျှင်ကား မိတ်ဆွေရင်းမခြား ညီအစ်ကိုအရင်းအတူ သူငယ်ချင်းပမာ မိတ်ဆွေစစ်အဖြစ် လက်ခံလိုက်နာနိုင်ပါကြောင်း။)

ဝီရသူ(မစိုးရိမ်)
23.2.2018
PM 9:36