သတင္း

ေရႊတိဂုံေစတီေတာ္ အေနကဇာတင္ အခမ္းအနား

17.2.2018 မနက္အေစာ ေရႊတိဂုံေစတီေတာ္သုိ႔ ေရာက္ပါတယ္။ မႏၲေလးသံဃာမ်ားအတြက္ ေျမာက္ဘက္မုခ္ သတ္မွတ္ထားေသာ္လည္းပဲ ေတာင္ဘတ္မုခ္သုိ႔ ေရာက္ရွိသြားပါတယ္။ ေတာင္ဘက္မုခ္တြင္ ေရာက္ႏွင့္ေနေသာ မႏၲေလး ဝိသုဒၶါရုံ၊ စည္ရွင္ ေက်ာင္းသားေဟာင္း သူငယ္ခ်င္း အရွင္သာဂရာဘိဝံသႏွင့္ ေတြ႕ပါတယ္။

အရွင္သာဂရာဘိဝံသက စာေရးသူကုိ ေျမာက္ဘက္မုခ္သုိ႔ သြားႏုိင္ေအာင္ အကူအညီေပးပါတယ္။ ေျမာက္ဘက္မုခ္မွာ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးေတြ ေရာက္ရွိလုိ႔ေနပါၿပီ။ စာေရးသူရဲ႕ ငယ္ဆရာ မင္းကုန္းမဟာစာသင္တုိက္ တုိက္အုပ္ဆရာေတာ္ ဘဒၵႏၲဓမၼပါလာဘိဝံသလည္း ေရာက္ရွိေနပါၿပီ။

ဆရာေတာ္မ်ားအား လုိက္လံ ဂါရဝျပဳဖူးေျမာ္ပါတယ္။ ေစတိယဂၤနဝဋံသကာဘြဲ႕တံဆိပ္ေတာ္ရ မုိးတားဆရာေတာ္ႀကီး ဘဒၵႏၲသူရိယာဘိဝံသက စာေရးသူအား ဝမ္းပန္းတသာ ရွိပါတယ္။ တရားစကားေတြလည္း မိန္႔ၾကားပါတယ္။ ျဖဴးၿမဳိ႕ ေရႊက်င္ေတာင္ ပရိယတၱိစာသင္တုိက္ ပဓာနနာယကဆရာေတာ္ႀကီး ဘဒၵႏၲစိႏၲိတာဘိဝံသႏွင့္ ညီေတာ္ေမာင္ အရွင္မဏိသာရာဘိဝံသတုိ႔ႏွင့္လည္း ဆုံျဖစ္ပါတယ္။

ေရႊက်င္ေတာင္ဆရာေတာ္ႀကီးအား ဖူးေျမာ္ပူေဇာ္ရင္း အမ်ဳိး ဘာသာ သာသနာအေရး ေဆြးေႏြးျဖစ္ပါတယ္။ ၄င္းေနာက္ မနက္ ၆း၃၀ နာရီမွာ ေရႊတိဂုံေစတီေတာ္ အထက္ပစၥယံသုိ႔တက္၍ ဗုဒၶါဘိေသသ အေနကဇာတင္ ပါဠိေတာ္မ်ား ရြတ္ဆုိၾကပါတယ္။
မနက္အေစာလည္းျဖစ္ျပန္ ကုန္းျမင့္ေပၚလည္း ေရာက္ေနျပန္ ေရႊတိဂုံေစတီေတာ္ႀကီးကလည္း ေရႊေတာင္ႀကီးအလား ေရႊေရာင္ေတာက္ပေနျပန္ ေလကေလးတျဖဴးျဖဴးႏွင့္ က်က္သေရမဂၤလာရွိေသာ နံနက္ခင္းေလး ျဖစ္ေနပါတယ္။

အေနကဇာတင္ေသာ ဆရာေတာ္ေတြကလည္း ေစတိယဂၤဏ အဘိဝံသဘြဲ႕ရ ဆရာေတာ္ေတြပဲ ျဖစ္ေနပါတယ္။ အဘိဝံသဘြဲ႕ရ ပရိယတၱိအေက်ာ္အေမာ္ ဆရာေတာ္မ်ားစုေပါင္းၿပီး အေနကဇာတင္တာမ်ဳိး ဒီတစ္ခါပဲ ႀကဳံဖူးပါတယ္။ ေနာက္ႀကဳံဖုိ႔လည္း မလြယ္ေတာ့ပါ။ အင္မတန္ ထူးျခားတဲ့ အခမ္းအနားႀကီးတစ္ခုပါ။ ဘဝမွာ အမွတ္တရျဖစ္ေစမဲ့ အခမ္းအနားႀကီးအျဖစ္ စြဲထင္က်န္ရစ္ေတာ့မွာ ျဖစ္ပါတယ္။

 

“ရွှေတိဂုံစေတီတော် အနေကဇာတင် အခမ်းအနား”

17.2.2018 မနက်အစော ရွှေတိဂုံစေတီတော်သို့ ရောက်ပါတယ်။ မန္တလေးသံဃာများအတွက် မြောက်ဘက်မုခ် သတ်မှတ်ထားသော်လည်းပဲ တောင်ဘတ်မုခ်သို့ ရောက်ရှိသွားပါတယ်။ တောင်ဘက်မုခ်တွင် ရောက်နှင့်နေသော မန္တလေး ဝိသုဒ္ဓါရုံ၊ စည်ရှင် ကျောင်းသားဟောင်း သူငယ်ချင်း အရှင်သာဂရာဘိဝံသနှင့် တွေ့ပါတယ်။

အရှင်သာဂရာဘိဝံသက စာရေးသူကို မြောက်ဘက်မုခ်သို့ သွားနိုင်အောင် အကူအညီပေးပါတယ်။ မြောက်ဘက်မုခ်မှာ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေ ရောက်ရှိလို့နေပါပြီ။ စာရေးသူရဲ့ ငယ်ဆရာ မင်းကုန်းမဟာစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဓမ္မပါလာဘိဝံသလည်း ရောက်ရှိနေပါပြီ။ ဆရာတော်များအား လိုက်လံ ဂါရဝပြုဖူးမြော်ပါတယ်။
စေတိယင်္ဂနဝဋံသကာဘွဲ့တံဆိပ်တော်ရ မိုးတားဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသက စာရေးသူအား ဝမ်းပန်းတသာ ရှိပါတယ်။ တရားစကားတွေလည်း မိန့်ကြားပါတယ်။

ဖြူးမြို့ ရွှေကျင်တောင် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တစိန္တိတာဘိဝံသနှင့် ညီတော်မောင် အရှင်မဏိသာရာဘိဝံသတို့နှင့်လည်း ဆုံဖြစ်ပါတယ်။ ရွှေကျင်တောင်ဆရာတော်ကြီးအား ဖူးမြော်ပူဇော်ရင်း အမျိုး ဘာသာ သာသနာအရေး ဆွေးနွေးဖြစ်ပါတယ်။ ၎င်းနောက် မနက် ၆း၃၀ နာရီမှာ ရွှေတိဂုံစေတီတော် အထက်ပစ္စယံသို့တက်၍ ဗုဒ္ဓါဘိသေသ အနေကဇာတင် ပါဠိတော်များ ရွတ်ဆိုကြပါတယ်။

မနက်အစောလည်းဖြစ်ပြန် ကုန်းမြင့်ပေါ်လည်း ရောက်နေပြန် ရွှေတိဂုံစေတီတော်ကြီးကလည်း ရွှေတောင်ကြီးအလား ရွှေရောင်တောက်ပနေပြန် လေကလေးတဖြူးဖြူးနှင့် ကျက်သရေမင်္ဂလာရှိသော နံနက်ခင်းလေး ဖြစ်နေပါတယ်။
အနေကဇာတင်သော ဆရာတော်တွေကလည်း စေတိယင်္ဂဏ အဘိဝံသဘွဲ့ရ ဆရာတော်တွေပဲ ဖြစ်နေပါတယ်။
အဘိဝံသဘွဲ့ရ ပရိယတ္တိအကျော်အမော် ဆရာတော်များစုပေါင်းပြီး အနေကဇာတင်တာမျိုး ဒီတစ်ခါပဲ ကြုံဖူးပါတယ်။
နောက်ကြုံဖို့လည်း မလွယ်တော့ပါ။ အင်မတန် ထူးခြားတဲ့ အခမ်းအနားကြီးတစ်ခုပါ။ ဘဝမှာ အမှတ်တရဖြစ်စေမဲ့ အခမ်းအနားကြီးအဖြစ် စွဲထင်ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။