အဆိုအမိန့်
“အကန်းယုံ အကုန်ရမ်း” (၇)
(ဝိ၊ ၂။ ၁၇၆-၁၇၇။)
ဝီရသူ(မစိုးရိမ်)
26.5.2020
AM- 11:30
“အကန်းယုံ အကုန်ရမ်း” (၇)
မြတ်စွာဘုရားက ကာမာဒီနဝကထာ (ကာမဂုဏ်အပြစ်)ကိုပဲ ဟောကြားခဲ့တာပါ။
ကာမဂုဏ်အပြစ်ပြ ဥပမာဆယ်ပါးကို ကြည့်လိုက်ပါ။
၁။ အဋ္ဌိကင်္ကလူပမာ – အရိုးဆက်နှင့် တူတယ်။
၂။ မံသပေသူပမာ – သားတစ်နှင့် တူတယ်။
၃။ တိဏုက္ကူပမာ – မြက်မီးရှူးနှင့် တူတယ်။
၄။ အင်္ဂါရကာသူပမာ – မီးကျီးစုနှင့် တူတယ်။
၅။ သုပိနကူပမာ – အိပ်မက်နှင့် တူတယ်။
၆။ ယာစိတကူပမာ – ငှားရမ်းအပ်သော ဥစ္စာနှင့် တူတယ်။
၇။ ရုက္ခဖလူပမာ – သစ်သီးနှင့် တူတယ်။
၈။ အသိသူနူပမာ – သန်လျက်သွားနှင့် တူတယ်။ (စင်းတည်တုံးနှင့် တူတယ်။)
၉။ သတ္တိသူလူပမာ – လှံတံကျင်နှင့် တူတယ်။
၁၀။ သပ္ပသိရူပမာ – မြွေဦးခေါင်းနှင့် တူတယ်။
(ဝိ၊ ၂။ ၁၇၆-၁၇၇။)
ဒီလို ကာမဂုဏ်ကို မစင်ဘင်ပုတ်ထက် ရွံမုန်းတော်မူတဲ့ မြတ်စွာဘုရားကိုမှ လိင်ဆက်ဆံပုံဆက်ဆံနည်း ပညာပေးတရား ဟောကြားတော်မူခဲ့သယောင် စွပ်စွဲရေးသားနေတာတွေဟာ ဘုရားကိုယုံကြည်ကိုးကွယ်သူအားလုံးအပေါ် တိုက်ရိုက်စော်ကားလိုက်ခြင်းပါပဲ။
ကားမဂုဏ် မေထုန် လိင်အာရုံနှင့် ဒီဥပမာဆယ်ပါး စပ်ဆက်ပုံကိုလည်း (မ၊ ဋ္ဌ။ ၂။ ၁၀)မှာ (၎င်း သျ။ ၄၈၀-၄၈၁။)နှင့် တွဲစပ်၍ ကြည့်ရှုနိုင်ပါတယ်။
မြန်မာစာဖတ်တတ်ရုံနဲ့ ပရိယတ္တိမှာ လူစွာလာမလုပ်ပါနဲ့ ငါ့ရှင် … ။
ထမိံဌာပနာထားရာ တောင်ပို့ဘုရားကိုမှ ကိုးကွယ်အားထားနေသည့် အကန်းယုံ အကုန်ရမ်းဘဝမှ အမြန်ကျွတ်လွတ်ပါစေသော်…ဝ်။
ဝီရသူ(မစိုးရိမ်)
26.5.2020
AM- 11:30