သတင္းေဆာင္းပါး

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၉)

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၉)


“ဥပုသ္ေန႔ တစ္ေန႔တာ”

(ဆရာေတာ္ဦးဝီရသူ၏ ႏွစ္သစ္ကူး အထူးလက္ေဆာင္)

ပံုမွန္အားျဖင့္ ဥပုသ္ေန႔မ်ား၌ စာဝါနားၾကပါသည္။ စာသင္သားမ်ားက အပတ္စဥ္စာေမးပြဲမ်ား ေျဖဆိုၾကပါသည္။ လဆန္း ၈ရက္၊ လဆုတ္ ၈ရက္ ဥပုသ္ေန႔မ်ား၌ အတန္းငယ္မ်ား စာေမးပြဲေျဖၾကရကာ လျပည့္လကြယ္ ဥပုသ္ေန႔မ်ား၌ စာခ်တန္းမ်ား စာေမးပြဲေျဖၾကရပါသည္။ နာယကဆရာေတာ္မ်ားက မိမိတာဝန္ယူပို႔ခ်ရသည့္ ဘာသာရပ္မ်ားအလုိက္ ေမးခြန္းထုတ္ရပါသည္။ စာေရးသူဆိုလွ်င္ စာခ်တန္းသံဃာမ်ားေျဖဆိုရန္ လျပည့္(သို႔မဟုတ္) လကြယ္ေန႔အတြက္ အ႒သာလိနီက်မ္းဆိုင္ရာ ေမးခြန္းမ်ားထုတ္ေပးရၿပီး လဆန္း ၈ရက္ (သို႔မဟုတ္) လဆုတ္ ၈ရက္ေန႔မ်ား၌ အႀကီးတန္းသံဃာမ်ားေျဖဆိုရန္ ပ႒ာန္းက်မ္းဆုိင္ရာ ေမးခြန္းထုတ္ရပါသည္။

စာေမးပြဲေျဖဆိုခ်ိန္၌ အလွည့္က်အေစာင့္သံဃာမ်ားရွိသျဖင့္ ထိုအခ်ိန္မ်ားကို အမ်ဳိးသားေရးအလုပ္မ်ားျဖင့္ အစားထိုးရေပသည္။ ႏွစ္ပတ္လည္အခမ္းအနားမ်ား၊ ေဟာေျပာပြဲမ်ား၊ တရားပြဲမ်ားသို႔ သြားရသည္က မ်ားပါသည္။ တစ္ႏွစ္တာစာဝါမ်ား မၿပီးဆံုးမခ်င္း အဖိတ္ေန႔ႏွင့္ ဥပုသ္ေန႔မ်ားမွာသာ တရားပြဲသို႔ သြားတတ္ပါသည္။ အဖိတ္ေန႔စာဝါၿပီးလွ်င္ တရားပြဲသြားသည္။ ဥပုသ္ေန႔တရားေဟာၿပီး ဥပုသ္ထြက္ စာဝါအမီ ျပန္လာတတ္ပါသည္။

ထုိသို႔ေသာ အခမ္းအနားမ်ားမရွိလွ်င္ ေလာကအလင္းပညာဒါနစာသင္ေက်ာင္း၊ ေက်ာက္ေခ်ာရြာ ပညာဒါနစာသင္ေက်ာင္း (မန္းမေဟာ္သဓာ)ႏွင့္ မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းတုိ႔သုိ႔ သြားေရာက္တတ္ပါသည္။ ေလာကအလင္းႏွင့္ မန္းမေဟာ္သဓာစာသင္ေက်ာင္းတုိ႔၌ နာရီပိုင္းမွ်သာ ၾကာျမင့္တတ္ၿပီး ပညာေရးအကယ္ဒမီ၌မူ အဖိတ္ ဥပုသ္ ႏွစ္ညလံုး အိပ္စက္ရပါသည္။ တည္းေထာင္ခါစျဖစ္၍ လိုအပ္ခ်က္မ်ား မ်ားျပားလြန္းသျဖင့္ အစစအရာရာ ဂရုစုိက္ရပါသည္။ သားသားမီးမီးမ်ားအပိုင္း၊ ဆရာ ဆရာမမ်ားအပိုင္း၊ ပညာေရး က်န္းမာေရး စားေရး ေနေရး အုပ္ခ်ဳပ္ေရးအပိုင္း စည္တုိ႔ကို စည္းေဝးတုိင္ပင္ လုပ္ကိုင္ေဆာင္ရြက္ၾကပါသည္။

ေက်ာင္းဒါယကာ ဒါယိကာမမ်ား မရွိၾကေတာ့ျခင္း၊ အမာခံ ဒကာ ဒကာမမ်ား လံုးဝ မရွိျခင္းေၾကာင့္ ဓမၼပူဇာေငြမ်ားျဖင့္သာ ျဖည့္ဆည္းေပးေနရကား လိုအပ္ခ်က္မ်ားကို ဦးစားေပးအဆင့္ျဖင့္သာ တစ္ခုၿပီးတစ္ခု ျဖည့္ဆည္းႏိုင္ပါသည္။ ဥပမာ- အိမ္သာ၊ ေရခ်ဳိးကန္၊ ေရသန္႔စက္၊ မီးစက္ စသည္တုိ႔တြင္ အိမ္သာမ်ား ျပည့္စံုေအာင္လုပ္ေပးၿပီးမွ ေရခ်ဳိးကန္အတြက္ လုပ္ငန္းစႏိုင္ျခင္း စသည္တုိ႔ျဖစ္ပါသည္။ အိမ္သာၿပီးေသာ္လည္း ေရခ်ဳိးကန္အတြက္ ေငြမလုံေလာက္ေသးလွ်င္ ဒုတိယဦးစားေပးလုပ္ငန္းျဖစ္ေသာ္လည္း အေကာင္းအထည္ မေဖာ္ႏိုင္ေသးေပ။ ေငြျပည့္စံုမွ အေကာင္အထည္ေဖာ္ရပါသည္။

ပထမႏွစ္၌ လူဦးေရ ၁၇၀ေက်ာ္သာရွိေသာ္လည္း ဒုတိယႏွစ္၌မူ ၃၅၀ေက်ာ္လာသျဖင့္ အလြန္တရာ အားစိုက္ခဲ့ရပါသည္။ ပညာေရးဌာနသံုးခုလံုး၌ ေဆာင္ပုဒ္တစ္ခုသာ ထားပါသည္။ “သာသနာ ပညာ ယဥ္ေက်းမႈ၊ ေကာင္း ေတာ္ ယဥ္ေအာင္ျပဳ”ဟူေသာ ေဆာင္ပုဒ္ကို ေလာကအလင္း၊ မန္းမေဟာ္သဓာ၊ ပညာေရးအကယ္ဒမီ သံုးေက်ာင္း သံုးဌာနလံုးမွာ ထားရွိပါသည္။ လူေကာင္း လူေတာ္ လူယဥ္ေက်းေလးေတြ ေမြးထုတ္ေရးသာ အဓိကျဖစ္ပါသည္။

စာေရးသူ၏ ပရဟိတႏွင့္ ပညာေရးကုသိုလ္လုပ္ငန္းမ်ားေၾကာင့္ ဥပုသ္ေန႔မ်ား၌ ေက်ာင္းမကပ္ႏိုင္ပါ။ ထုိ႔ေၾကာင့္ လျပည့္လကြယ္ဥပုသ္ေန႔မ်ား၌ ညေန ၃း၀၀နာရီ ဥပုသ္ျပဳခ်ိန္ႏွင့္ မႀကဳံႀကဳိက္သည္က မ်ားပါသည္။ တစ္ဝါတြင္းလံုး ဥပုသ္မျပဳလုိက္ရသည္လည္း ရွိပါသည္။ ဥပုသ္ေန႔စာဝါနားခ်ိန္တြင္ ကိုယ္ပိုင္အခ်ိန္ထား၍ သက္သက္သာသာ နားနားေနေန ေနထုိင္ခ်င္ေသာ္လည္း ေက်ာင္းတိုက္ႏွင့္မသက္ဆိုင္ေသာ ျပင္ပလုပ္ငန္းမ်ားအတြက္ အခ်ိန္ေပးေနရသျဖင့္ နားေအးပါးေအးျဖင့္ သက္ေသာင့္သက္သာ ေနရသည္ဟူ၍ လံုးဝ မရွိခဲ့ပါ။

မုိးရြာျခင္း၊ ဥပုသ္ေန႔မွာ ေတြ႔ဆံုခြင့္ေတာင္းထားသူကို အခ်ိန္ေပးထားျခင္းတို႔ေၾကာင့္ ပရဟိတ ပညာေရးဌာနမ်ားသို႔ မသြားႏိုင္လွ်င္မူ ေန႔စဥ္ျပဳေနက် အနိကၡိတၱဝတ္မ်ားအတြက္ ဓမၼေစတိယေက်ာင္းေဘးက ပန္းဥယာဥ္ေလးထဲမွာ ေလဝဝရွဴလ်က္ လမ္းေလွ်ာက္တတ္ပါသည္။ မနက္တစ္ႀကိမ္ ေလသြားရွဴလ်က္ အစိေႏၲယ်ႀံကီးဘုရားရွိခိုးစာမ်ား ရြတ္ဆိုပူေဇာ္ပါသည္။ ညဦးပိုင္း တစ္ႀကိမ္ ပ႒ာန္းပါဠိေတာ္မ်ား ရြတ္ဆိုပူေဇာ္ပါသည္။ ရြတ္ဖတ္ၿပီးတုိင္း ထုိက္လ်က္ျဖစ္ေစ စႀကႍသြားလ်က္ျဖစ္ေစ ေမတၱာကမၼ႒ာန္း စီးျဖန္းပါသည္။ ထုိအခိုက္အတန္႔၌ အလြန္တရာ ၿငိမ္းခ်မ္းပါသည္။

ပန္းၿခံေလးသို႔ သြားေရာက္ရြတ္ဖတ္ပြားမ်ားသည့္အခါတုိင္း၌ ဟန္းဆက္ယူမသြားပါ။ တရားအတြက္ သီးသန္႔အခ်ိန္ေပးျခင္း ျဖစ္ပါသည္။ သို႔ေသာ္ အေရးႀကီးဧည့္သည္ အာဂႏၲဳမ်ား ေရာက္ရွိလာျခင္း၊ အေရးႀကီးဖုန္းဝင္လာျခင္းမ်ား ႀကဳံရလွ်င္ ပန္းၿခံထဲထိ အလုပ္ကလုိက္လာတတ္ပါသည္။ ထိုအခါ ၿပီးဆံုးသည္အထိ ရြတ္ဖတ္ႏိုင္ခဲ့ေသာ္လည္း ေမတၱာပြားမ်ားျခင္းကို တစ္ဝက္တစ္ပ်က္ႏွင့္ ရပ္ခဲ့ရပါေတာ့သည္။ အတၱဟိတကာလကို ပရဟိတကာလက အာဏာသိမ္းသြားျခင္းေၾကာင့္ ျဖစ္ပါသည္။

ဥပုသ္ေန႔ စာဝါမရွိ၍ ပရိယတၱိလုပ္ငန္းမ်ား ရပ္နားထားရသည့္အျပင္ အခမ္းအနားမ်ား ေဟာေျပာပြဲႏွင့္ တရားပြဲမ်ားလည္း သြားစရာမရွိခဲ့လွ်င္ ည ေစာေစာအိပ္ရပါသည္။ အေစာဆံုး အိပ္ရသည္ညကား ၁၁း၃၀ နာရီတည္း။ ထိုသို႔ အေစာႀကီးအိပ္လုိက္ရလွ်င္ အားရွိသည္ဟု ထင္ပါသည္။ လူးလဲထရျခင္းမ်ဳိး ကုန္းရုန္းထရျခင္းမ်ဳိး လံုးဝ မရွိသည့္အျပင္ ေပါ့ပါးလန္းဆန္း တက္ၾကြေနသည္ဟု ခံစားရပါသည္။
ညစဥ္ အိပ္ေရးဝဝ အိပ္ခ်င္လိုက္ပါဘိ။
ဥပုသ္ေန႔ တစ္ေန႔တာ ၿပီးပါၿပီ။

ဝီရသူ(မစိုးရိမ္)
30.4.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၉)


“ဥပုသ်နေ့ တစ်နေ့တာ”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)

ပုံမှန်အားဖြင့် ဥပုသ်နေ့များ၌ စာဝါနားကြပါသည်။ စာသင်သားများက အပတ်စဉ်စာမေးပွဲများ ဖြေဆိုကြပါသည်။ လဆန်း ၈ရက်၊ လဆုတ် ၈ရက် ဥပုသ်နေ့များ၌ အတန်းငယ်များ စာမေးပွဲဖြေကြရကာ လပြည့်လကွယ် ဥပုသ်နေ့များ၌ စာချတန်းများ စာမေးပွဲဖြေကြရပါသည်။ နာယကဆရာတော်များက မိမိတာဝန်ယူပို့ချရသည့် ဘာသာရပ်များအလိုက် မေးခွန်းထုတ်ရပါသည်။ စာရေးသူဆိုလျှင် စာချတန်းသံဃာများဖြေဆိုရန် လပြည့်(သို့မဟုတ်) လကွယ်နေ့အတွက် အဋ္ဌသာလိနီကျမ်းဆိုင်ရာ မေးခွန်းများထုတ်ပေးရပြီး လဆန်း ၈ရက် (သို့မဟုတ်) လဆုတ် ၈ရက်နေ့များ၌ အကြီးတန်းသံဃာများဖြေဆိုရန် ပဋ္ဌာန်းကျမ်းဆိုင်ရာ မေးခွန်းထုတ်ရပါသည်။

စာမေးပွဲဖြေဆိုချိန်၌ အလှည့်ကျအစောင့်သံဃာများရှိသဖြင့် ထိုအချိန်များကို အမျိုးသားရေးအလုပ်များဖြင့် အစားထိုးရပေသည်။ နှစ်ပတ်လည်အခမ်းအနားများ၊ ဟောပြောပွဲများ၊ တရားပွဲများသို့ သွားရသည်က များပါသည်။ တစ်နှစ်တာစာဝါများ မပြီးဆုံးမချင်း အဖိတ်နေ့နှင့် ဥပုသ်နေ့များမှာသာ တရားပွဲသို့ သွားတတ်ပါသည်။ အဖိတ်နေ့စာဝါပြီးလျှင် တရားပွဲသွားသည်။ ဥပုသ်နေ့တရားဟောပြီး ဥပုသ်ထွက် စာဝါအမီ ပြန်လာတတ်ပါသည်။

ထိုသို့သော အခမ်းအနားများမရှိလျှင် လောကအလင်းပညာဒါနစာသင်ကျောင်း၊ ကျောက်ချောရွာ ပညာဒါနစာသင်ကျောင်း (မန်းမဟော်သဓာ)နှင့် မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတို့သို့ သွားရောက်တတ်ပါသည်။ လောကအလင်းနှင့် မန်းမဟော်သဓာစာသင်ကျောင်းတို့၌ နာရီပိုင်းမျှသာ ကြာမြင့်တတ်ပြီး ပညာရေးအကယ်ဒမီ၌မူ အဖိတ် ဥပုသ် နှစ်ညလုံး အိပ်စက်ရပါသည်။ တည်းထောင်ခါစဖြစ်၍ လိုအပ်ချက်များ များပြားလွန်းသဖြင့် အစစအရာရာ ဂရုစိုက်ရပါသည်။ သားသားမီးမီးများအပိုင်း၊ ဆရာ ဆရာမများအပိုင်း၊ ပညာရေး ကျန်းမာရေး စားရေး နေရေး အုပ်ချုပ်ရေးအပိုင်း စည်တို့ကို စည်းဝေးတိုင်ပင် လုပ်ကိုင်ဆောင်ရွက်ကြပါသည်။

ကျောင်းဒါယကာ ဒါယိကာမများ မရှိကြတော့ခြင်း၊ အမာခံ ဒကာ ဒကာမများ လုံးဝ မရှိခြင်းကြောင့် ဓမ္မပူဇာငွေများဖြင့်သာ ဖြည့်ဆည်းပေးနေရကား လိုအပ်ချက်များကို ဦးစားပေးအဆင့်ဖြင့်သာ တစ်ခုပြီးတစ်ခု ဖြည့်ဆည်းနိုင်ပါသည်။ ဥပမာ- အိမ်သာ၊ ရေချိုးကန်၊ ရေသန့်စက်၊ မီးစက် စသည်တို့တွင် အိမ်သာများ ပြည့်စုံအောင်လုပ်ပေးပြီးမှ ရေချိုးကန်အတွက် လုပ်ငန်းစနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။ အိမ်သာပြီးသော်လည်း ရေချိုးကန်အတွက် ငွေမလုံလောက်သေးလျှင် ဒုတိယဦးစားပေးလုပ်ငန်းဖြစ်သော်လည်း အကောင်းအထည် မဖော်နိုင်သေးပေ။ ငွေပြည့်စုံမှ အကောင်အထည်ဖော်ရပါသည်။

ပထမနှစ်၌ လူဦးရေ ၁၇၀ကျော်သာရှိသော်လည်း ဒုတိယနှစ်၌မူ ၃၅၀ကျော်လာသဖြင့် အလွန်တရာ အားစိုက်ခဲ့ရပါသည်။ ပညာရေးဌာနသုံးခုလုံး၌ ဆောင်ပုဒ်တစ်ခုသာ ထားပါသည်။ “သာသနာ ပညာ ယဉ်ကျေးမှု၊ ကောင်း တော် ယဉ်အောင်ပြု”ဟူသော ဆောင်ပုဒ်ကို လောကအလင်း၊ မန်းမဟော်သဓာ၊ ပညာရေးအကယ်ဒမီ သုံးကျောင်း သုံးဌာနလုံးမှာ ထားရှိပါသည်။ လူကောင်း လူတော် လူယဉ်ကျေးလေးတွေ မွေးထုတ်ရေးသာ အဓိကဖြစ်ပါသည်။

စာရေးသူ၏ ပရဟိတနှင့် ပညာရေးကုသိုလ်လုပ်ငန်းများကြောင့် ဥပုသ်နေ့များ၌ ကျောင်းမကပ်နိုင်ပါ။ ထို့ကြောင့် လပြည့်လကွယ်ဥပုသ်နေ့များ၌ ညနေ ၃း၀၀နာရီ ဥပုသ်ပြုချိန်နှင့် မကြုံကြိုက်သည်က များပါသည်။ တစ်ဝါတွင်းလုံး ဥပုသ်မပြုလိုက်ရသည်လည်း ရှိပါသည်။ ဥပုသ်နေ့စာဝါနားချိန်တွင် ကိုယ်ပိုင်အချိန်ထား၍ သက်သက်သာသာ နားနားနေနေ နေထိုင်ချင်သော်လည်း ကျောင်းတိုက်နှင့်မသက်ဆိုင်သော ပြင်ပလုပ်ငန်းများအတွက် အချိန်ပေးနေရသဖြင့် နားအေးပါးအေးဖြင့် သက်သောင့်သက်သာ နေရသည်ဟူ၍ လုံးဝ မရှိခဲ့ပါ။

မိုးရွာခြင်း၊ ဥပုသ်နေ့မှာ တွေ့ဆုံခွင့်တောင်းထားသူကို အချိန်ပေးထားခြင်းတို့ကြောင့် ပရဟိတ ပညာရေးဌာနများသို့ မသွားနိုင်လျှင်မူ နေ့စဉ်ပြုနေကျ အနိက္ခိတ္တဝတ်များအတွက် ဓမ္မစေတိယကျောင်းဘေးက ပန်းဥယာဉ်လေးထဲမှာ လေဝဝရှူလျက် လမ်းလျှောက်တတ်ပါသည်။ မနက်တစ်ကြိမ် လေသွားရှူလျက် အစိန္တေယျြံကီးဘုရားရှိခိုးစာများ ရွတ်ဆိုပူဇော်ပါသည်။ ညဦးပိုင်း တစ်ကြိမ် ပဋ္ဌာန်းပါဠိတော်များ ရွတ်ဆိုပူဇော်ပါသည်။ ရွတ်ဖတ်ပြီးတိုင်း ထိုက်လျက်ဖြစ်စေ စင်္ကြံသွားလျက်ဖြစ်စေ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပါသည်။ ထိုအခိုက်အတန့်၌ အလွန်တရာ ငြိမ်းချမ်းပါသည်။

ပန်းခြံလေးသို့ သွားရောက်ရွတ်ဖတ်ပွားများသည့်အခါတိုင်း၌ ဟန်းဆက်ယူမသွားပါ။ တရားအတွက် သီးသန့်အချိန်ပေးခြင်း ဖြစ်ပါသည်။ သို့သော် အရေးကြီးဧည့်သည် အာဂန္တုများ ရောက်ရှိလာခြင်း၊ အရေးကြီးဖုန်းဝင်လာခြင်းများ ကြုံရလျှင် ပန်းခြံထဲထိ အလုပ်ကလိုက်လာတတ်ပါသည်။ ထိုအခါ ပြီးဆုံးသည်အထိ ရွတ်ဖတ်နိုင်ခဲ့သော်လည်း မေတ္တာပွားများခြင်းကို တစ်ဝက်တစ်ပျက်နှင့် ရပ်ခဲ့ရပါတော့သည်။ အတ္တဟိတကာလကို ပရဟိတကာလက အာဏာသိမ်းသွားခြင်းကြောင့် ဖြစ်ပါသည်။

ဥပုသ်နေ့ စာဝါမရှိ၍ ပရိယတ္တိလုပ်ငန်းများ ရပ်နားထားရသည့်အပြင် အခမ်းအနားများ ဟောပြောပွဲနှင့် တရားပွဲများလည်း သွားစရာမရှိခဲ့လျှင် ည စောစောအိပ်ရပါသည်။ အစောဆုံး အိပ်ရသည်ညကား ၁၁း၃၀ နာရီတည်း။ ထိုသို့ အစောကြီးအိပ်လိုက်ရလျှင် အားရှိသည်ဟု ထင်ပါသည်။ လူးလဲထရခြင်းမျိုး ကုန်းရုန်းထရခြင်းမျိုး လုံးဝ မရှိသည့်အပြင် ပေါ့ပါးလန်းဆန်း တက်ကြွနေသည်ဟု ခံစားရပါသည်။
ညစဉ် အိပ်ရေးဝဝ အိပ်ချင်လိုက်ပါဘိ။
ဥပုသ်နေ့ တစ်နေ့တာ ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)
30.4.2020