အဆိုအမိန္႔

“ခ်စ္လို႔လား မုန္းလို႔လား” (၁၀)

စည္းမဲ့ကမ္းမဲ့ ေနထုိင္ခ်င္ၾကလို႔မွ မဟုတ္တာ၊
အခုလို ကပ္ဆုိက္ေနတဲ့အခါမ်ဳိးမွာ Simကဒ္မွတ္ပုံတင္တာေလာက္ေတာ့ ရပ္ဆိုင္းထားသင့္တယ္ထင္လို႔ ေျပာၾကတာ။

က်န္းမာေရးဌာနထုတ္ျပန္ခ်က္ေတြကို မယံုၾကည္လို႔မွ မဟုတ္တာ၊
ေစာင့္ၾကည့္လူနာေတြ ဒီေလာက္ေသာက္ေသာက္လဲေသေနတာေတာင္ ဓာတ္ခြဲ အေျဖထုတ္ေပးတာမ်ဳိး မလုပ္ၾကလို႔ ေျပာၾကတာ။

ပညာေရးဌာနကို မစာနာလို႔ ေျပာၾကတာမွ မဟုတ္တာ၊
စာစစ္၊ ေဂဇက္ထုတ္၊ ေက်ာင္းဖြင့္ စတဲ့ ပညာေရးနဲ႔ပတ္သက္ၿပီး တိက်ေရရာတဲ့လုပ္ငန္းစဥ္မ်ဳိး ဘာတစ္ခုမွ ခ်မျပႏိုင္လို႔ ေျပာၾကတာ။

အရပ္သားအစုိးရကို တမင္တကာအျပစ္ရွာၿပီး ေျပာေနၾကတာမွ မဟုတ္တာ၊
တစ္ဦးတစ္ေယာက္တည္း ဦးေဆာင္ေနတာဟာ ဒီမိုကေရစီမဆန္လို႔ ေျပာၾကတာ။

အၾကပ္အတည္းကာလႀကီးမွန္း မသိၾကလို႔ ေျပာေနၾကတာမွ မဟုတ္တာ၊
ျပည္သူကိုသာ ေတာင့္ခံခိုင္းေနၿပီး ျပည္သူ႔အတြက္ ေရတိုေရရွည္စီမံကိန္းေတြ ခ်မွတ္ေပးရေကာင္းမွန္း မသိလုိ႔ ေျပာၾကတာ။

အစိုးရတစ္ရပ္လုပ္တယ္ဆိုတာ တာဝန္ယူဖုိ႔လား ေနရာယူဖုိ႔လား၊ အခြင့္ထူးခံဖုိ႔လား အလုပ္အေကၽြးျပဳဖုိ႔လား၊ ဒီစကားေတြကို ေျပာၾကားခဲ့သူဟာ အခုေတာ့ အဲလီဇဘက္ဘုရင္မႀကီးကိုအားက်ၿပီး စည္းစိမ္ယစ္မူး အာဏာရူးေနၿပီဆိုတာ ပုခံုးၾကားေရာက္ ဦးေခါင္းေပါက္သူတိုင္း သိလြယ္ျမင္လြယ္ေၾကာငး္ပါ … ။

ဝီရသူ(မစိုးရိမ္)
12.5.2020
AM- 10:10

“ချစ်လို့လား မုန်းလို့လား” (၁၀)

စည်းမဲ့ကမ်းမဲ့ နေထိုင်ချင်ကြလို့မှ မဟုတ်တာ၊
အခုလို ကပ်ဆိုက်နေတဲ့အခါမျိုးမှာ Simကဒ်မှတ်ပုံတင်တာလောက်တော့ ရပ်ဆိုင်းထားသင့်တယ်ထင်လို့ ပြောကြတာ။

ကျန်းမာရေးဌာနထုတ်ပြန်ချက်တွေကို မယုံကြည်လို့မှ မဟုတ်တာ၊
စောင့်ကြည့်လူနာတွေ ဒီလောက်သောက်သောက်လဲသေနေတာတောင် ဓာတ်ခွဲ အဖြေထုတ်ပေးတာမျိုး မလုပ်ကြလို့ ပြောကြတာ။

ပညာရေးဌာနကို မစာနာလို့ ပြောကြတာမှ မဟုတ်တာ၊
စာစစ်၊ ဂေဇက်ထုတ်၊ ကျောင်းဖွင့် စတဲ့ ပညာရေးနဲ့ပတ်သက်ပြီး တိကျရေရာတဲ့လုပ်ငန်းစဉ်မျိုး ဘာတစ်ခုမှ ချမပြနိုင်လို့ ပြောကြတာ။

အရပ်သားအစိုးရကို တမင်တကာအပြစ်ရှာပြီး ပြောနေကြတာမှ မဟုတ်တာ၊
တစ်ဦးတစ်ယောက်တည်း ဦးဆောင်နေတာဟာ ဒီမိုကရေစီမဆန်လို့ ပြောကြတာ။

အကြပ်အတည်းကာလကြီးမှန်း မသိကြလို့ ပြောနေကြတာမှ မဟုတ်တာ၊
ပြည်သူကိုသာ တောင့်ခံခိုင်းနေပြီး ပြည်သူ့အတွက် ရေတိုရေရှည်စီမံကိန်းတွေ ချမှတ်ပေးရကောင်းမှန်း မသိလို့ ပြောကြတာ။

အစိုးရတစ်ရပ်လုပ်တယ်ဆိုတာ တာဝန်ယူဖို့လား နေရာယူဖို့လား၊ အခွင့်ထူးခံဖို့လား အလုပ်အကျွေးပြုဖို့လား၊ ဒီစကားတွေကို ပြောကြားခဲ့သူဟာ အခုတော့ အဲလီဇဘက်ဘုရင်မကြီးကိုအားကျပြီး စည်းစိမ်ယစ်မူး အာဏာရူးနေပြီဆိုတာ ပုခုံးကြားရောက် ဦးခေါင်းပေါက်သူတိုင်း သိလွယ်မြင်လွယ်ကြောင်းပါ … ။

ဝီရသူ(မစိုးရိမ်)
12.5.2020
AM- 10:10