အဆိုအမိန္႔

“အကန္းယံု အကုန္ရမ္း” (၅)

သာသနာေတာ္မွာ ရွင္သုဒိန္သည္ ပြဲဦးထြက္ အေငါက္ခံရသူျဖစ္ပါသည္။
ေမာဃပုရိသ(အလကားေကာင္)ဟု အေခၚခံရကာ မ်က္ႏွာညႇဳိးငယ္ခဲ့ရပါသည္။ သူက်ဴးလြန္ေသာအမႈကို ေမထုန္အမႈဟု ေခၚပါသည္။ ၎ေမထုန္ကို ဘုရားက ဤသုိ႔သတ္မွတ္ခဲ့ပါသည္။
အသဒၶမၼ – သူေတာ္မဟုတ္ ယုတ္နိမ့္သူတို႔၏ ဥစၥာ၊
ဂါမဓမၼ – ရြာ၌ေနသူ လူတို႔၏အက်င့္၊
ဝသလဓမၼ – ကိေလသာရာဂ အယုတ္တရားေတြ ယိုထြက္ေစေသာအက်င့္။
ဒု႒ဳလႅ – ရုန္႔ရင္းၾကမ္းတမ္းေသာအက်င့္။
ၾသဒကႏၲိက – ေရေဆးျခင္းကိစၥလွ်င္ အဆံုးရွိေသာအက်င့္။
ရဟႆ – မ်က္ေမွာက္၌ဝယ္ မတင့္တယ္၍ ဆိတ္ကြယ္ရာမွာ ျပဳမူရသည့္အက်င့္။
ဒြယံ ဒြယ သမာပတၱိ – ႏွစ္ေယာက္သေဘာတူက်င့္ရေသာအက်င့္။
သို႔ကေလာက္ ႀကီးက်ယ္မ်ားျပားေသာ အျပစ္ရွိပါလ်က္ သင္သည္ ဟူးဟူးျငားျငား တရားကင္းမဲ့ ကဲရဲ႕ရႈတ္ခ်အပ္ေသာ အင္မတန္ေအာက္တန္းက်သည့္ အမႈကိုမွ က်ဴးလြန္ရသေလာ။
ဤကဲ့သို႔ စက္ဆုပ္ရြံမုန္းေတာ္မူေသာ ဗုဒၶကိုမွ လိင္ပညာေပးေဟာၾကားသြန္သင္ခဲ့သည္ဟု မဟုတ္မဟတ္ လုပ္ဇာတ္ခင္းေနျခင္းသည္ ဗုဒၶကို တဏွာဘီလူးပူးသတ္ခံေနရသည့္ ၎တို႔ႏွင့္တစ္ဂိုဏ္းတည္း ထားလိုက္ျခင္းပင္ ျဖစ္ပါသည္။
ဘုရားသာသနာေတာ္မွာ လံုးဝ မရွိသင့္ေတာ့သည့္ သုက္ေၾကာင္ တဏွာရူး မိစၧာဘီလူးမ်ားပင္တည္း။
(ပါရာဇိကဏ္ပါဠိေတာ္၊ သုဒိႏၷဝတၳဳ၊ ဝိ၊ ၁။ ၂၆။ ၃၄။)

ဝီရသူ(မစိုးရိမ္)
23.5.2020


AM- 10:28“အကန်းယုံ အကုန်ရမ်း” (၅)

သာသနာတော်မှာ ရှင်သုဒိန်သည် ပွဲဦးထွက် အငေါက်ခံရသူဖြစ်ပါသည်။
မောဃပုရိသ(အလကားကောင်)ဟု အခေါ်ခံရကာ မျက်နှာညှိုးငယ်ခဲ့ရပါသည်။ သူကျူးလွန်သောအမှုကို မေထုန်အမှုဟု ခေါ်ပါသည်။ ၎င်းမေထုန်ကို ဘုရားက ဤသို့သတ်မှတ်ခဲ့ပါသည်။
အသဒ္ဓမ္မ – သူတော်မဟုတ် ယုတ်နိမ့်သူတို့၏ ဥစ္စာ၊
ဂါမဓမ္မ – ရွာ၌နေသူ လူတို့၏အကျင့်၊
ဝသလဓမ္မ – ကိလေသာရာဂ အယုတ်တရားတွေ ယိုထွက်စေသောအကျင့်။
ဒုဋ္ဌုလ္လ – ရုန့်ရင်းကြမ်းတမ်းသောအကျင့်။
သြဒကန္တိက – ရေဆေးခြင်းကိစ္စလျှင် အဆုံးရှိသောအကျင့်။
ရဟဿ – မျက်မှောက်၌ဝယ် မတင့်တယ်၍ ဆိတ်ကွယ်ရာမှာ ပြုမူရသည့်အကျင့်။
ဒွယံ ဒွယ သမာပတ္တိ – နှစ်ယောက်သဘောတူကျင့်ရသောအကျင့်။
သို့ကလောက် ကြီးကျယ်များပြားသော အပြစ်ရှိပါလျက် သင်သည် ဟူးဟူးငြားငြား တရားကင်းမဲ့ ကဲရဲ့ရှုတ်ချအပ်သော အင်မတန်အောက်တန်းကျသည့် အမှုကိုမှ ကျူးလွန်ရသလော။
ဤကဲ့သို့ စက်ဆုပ်ရွံမုန်းတော်မူသော ဗုဒ္ဓကိုမှ လိင်ပညာပေးဟောကြားသွန်သင်ခဲ့သည်ဟု မဟုတ်မဟတ် လုပ်ဇာတ်ခင္းေနေခြင်းသည် ဗုဒ္ဓကို တဏှာဘီလူးပူးသတ်ခံနေရသည့် ၎င်းတို့နှင့်တစ်ဂိုဏ်းတည်း ထားလိုက်ခြင်းပင် ဖြစ်ပါသည်။
ဘုရားသာသနာတော်မှာ လုံးဝ မရှိသင့်တော့သည့် သုက်ကြောင် တဏှာရူး မိစ္ဆာဘီလူးများပင်တည်း။
(ပါရာဇိကဏ်ပါဠိတော်၊ သုဒိန္နဝတ္ထု၊ ဝိ၊ ၁။ ၂၆။ ၃၄။)

ဝီရသူ(မစိုးရိမ်)
23.5.2020
AM- 10:28