အဆိုအမိန္႔

“အကန္းယံု အကုန္ရမ္း” (၉)

“မိမိအက်ိဳး၊ ေဆာင္သယ္ပိုးက၊ ေဆြးမ်ိဳးမဟူ၊ မည္သူမဆို၊ ခ်စ္ၾကည္ညိုေလာ့” ဟူေသာ မဃေဒဝကဗ်ာသည္ မန္လည္ဆရာေတာ္ႀကီး၏ ၾသဝါဒျဖစ္ပါသည္။ ဘုရားေဟာမဟုတ္ပါ။
၄ကဗ်ာပါ ျခေသ့င္္ ေျမေခြးတရား (ဂုဏဇာတ္)ေတာ္၏ ဆိုလိုရင္းကလည္း ငေမွာင္သား ထမႎၿခံဳေျပာသလို မဟုတ္ပါ။ မိမိေအာက္ အစစအရာရာ နိမ့္က်သူပင္ျဖစ္ေစကာမူ မိတ္ေဆြေကာင္းပီသမည္ဆိုလ်ွင္ ေဆြမ်ိဳးသားခ်င္း ေသြးရင္းသားရင္းကဲ့သို႔ ခ်စ္ခင္ၾကည္ျဖဴစြာ ေပါင္းသင္းရမည္။ အထင္မေသးရဟု ဆိုလိုပါသည္။
မန္လည္ၾသဝါဒကို ဘုရားေဟာတရားဟု ေဟာေျပာေနျခင္း၊ ဂုဏဇာတ္ေတာ္ကို လိုရာဆြဲ၍ တစ္လြဲေဟာေျပာေနျခင္းသည္ ဖေထြးကို ခ်ီးေျမႇာက္လိုေဇာျဖင့္ ကုလားတရားကို ဘုရားတရားလုပ္လိုက္ျခင္းပင္ ျဖစ္ပါသည္။
နာမည္ေက်ာ္စာသင္တိုက္ႀကီးမွာ တစ္သက္လံုး ေနထိုင္လာခဲ့ပါလ်က္ ပရိယတၲိအဆင့္ လံုးဝမရိျွခင္း၌ မိခင္စာသင္တိုက္မွာ အျပစ္မရိွပါ။ ဟင္းေမႊေယာကၼအဆင့္သာရိွေသာ ေဝေလေလ ငေမွာင္သား၏ ဆဗၺဂၢီစရိုက္ႏွင့္သာ သက္ဆိုင္ပါသည္။
ကုလားတရားကို ဘုရားတရားလုပ္၍ ေဟာေျပာေနေသာ လူတြင္က်ယ္ငေမွာင္သားကဲ့သို႔ ထမႎၿခံဳႏြားဘဝမွ အျမန္ကြၽတ္လြတ္ၾကပါေစ…..။
အပိ ေစ ပိ ဒုဗၺေလာ မိတၲော၊ မိတၱဓမၼေသု တိ႒တိ။
ေသာ ဉာေတကာ စ ဗႏၶဳ စ၊ ေသာ မိေတၱာ ေသာ စ ေမ သခါ။
ဒါဌိနီ မာ’တိ မညိေတၱာ၊ သဂၤါေလာ မမ ပါဏေဒါ။
(ဒုကနိပါတ္၊ ဂုဏဇာတ္၊ ဇာ၊ ႒။ ၂။ ၂၁-၂၆။)

ဝီရသူ(မစုိးရိမ္)
28.5.2020
PM- 6:02

“အကန်းယုံ အကုန်ရမ်း” (၉)

“မိမိအကျိုး၊ ဆောင်သယ်ပိုးက၊ ဆွေးမျိုးမဟူ၊ မည်သူမဆို၊ ချစ်ကြည်ညိုလော့” ဟူသော မဃဒေဝကဗျာသည် မန်လည်ဆရာတော်ကြီး၏ သြဝါဒဖြစ်ပါသည်။ ဘုရားဟောမဟုတ်ပါ။
၄ကဗျာပါ ခြသေ့င် မြေခွေးတရား (ဂုဏဇာတ်)တော်၏ ဆိုလိုရင်းကလည်း ငမှောင်သား ထမိံခြုံပြောသလို မဟုတ်ပါ။ မိမိအောက် အစစအရာရာ နိမ့်ကျသူပင်ဖြစ်စေကာမူ မိတ္ဆွေကောင်းပီသမည်ဆိုလျှင် ဆွေမျိုးသားချင်း သွေးရင်းသားရင်းကဲ့သို့ ချစ်ခင်ကြည်ဖြူစွာ ပေါင်းသင်းရမည်။ အထင်မသေးရဟု ဆိုလိုပါသည်။
မန်လည်သြဝါဒကို ဘုရားဟောတရားဟု ဟောပြောနေခြင်း၊ ဂုဏဇာတ်တော်ကို လိုရာဆွဲ၍ တစ်လွဲဟောပြောနေခြင်းသည် ဖထွေးကို ချီးမြှောက်လိုဇောဖြင့် ကုလားတရားကို ဘုရားတရားလုပ်လိုက်ခြင်းပင် ဖြစ်ပါသည်။
နာမည်ကျော်စာသင်တိုက်ကြီးမှာ တစ်သက်လုံး နေထိုင်လာခဲ့ပါလျက် ပရိယတ္တိအဆင့် လုံးဝမရိြှခင်း၌ မိခင်စာသင်တိုက်မှာ အပြစ်မရှိပါ။ ဟင်းမွှေယောက္မအဆင့်သာရှိသော ဝေလေလေ ငမှောင်သား၏ ဆဗ္ဗဂ္ဂီစရိုက်နှင့်သာ သက်ဆိုင်ပါသည်။
ကုလားတရားကို ဘုရားတရားလုပ်၍ ဟောပြောနေသော လူတွင်ကျယ်ငမှောင်သားကဲ့သို့ ထမိံခြုံနွားဘဝမှ အမြန်ကျွတ်လွတ်ကြပါစေ…..။
အပိ စေ ပိ ဒုဗ္ဗလော မိတ္တော၊ မိတ္တဓမ္မသေု တိဋ္ဌတိ။
သော ဉာတေကာ စ ဗန္ဓု စ၊ သော မိတ္တော သော စ မေ သခါ။
ဒါဌိနီ မာ’တိ မညိတ္တော၊ သင်္ဂါလော မမ ပါဏဒေါ။
(ဒုကနိပါတ်၊ ဂုဏဇာတ်၊ ဇာ၊ ဋ္ဌ။ ၂။ ၂၁-၂၆။)

ဝီရသူ(မစိုးရိမ်)
28.5.2020
PM- 6:02