Daily Archives: May 30, 2020

အဆိုအမိန့်

“အကန်းယုံ အကုန်ရမ်း” (၉)

“မိမိအကျိုး၊ ဆောင်သယ်ပိုးက၊ ဆွေးမျိုးမဟူ၊ မည်သူမဆို၊ ချစ်ကြည်ညိုလော့” ဟူသော မဃဒေဝကဗျာသည် မန်လည်ဆရာတော်ကြီး၏ သြဝါဒဖြစ်ပါသည်။ ဘုရားဟောမဟုတ်ပါ။၎ကဗျာပါ ခြသေ့င် မြေခွေးတရား (ဂုဏဇာတ်)တော်၏ ဆိုလိုရင်းကလည်း ငမှောင်သား ထမိံခြုံပြောသလို မဟုတ်ပါ။ မိမိအောက် အစစအရာရာ နိမ့်ကျသူပင်ဖြစ်စေကာမူ မိတ်ဆွေကောင်းပီသမည်ဆိုလျှင် ဆွေမျိုးသားချင်း သွေးရင်းသားရင်းကဲ့သို့ ချစ်ခင်ကြည်ဖြူစွာ ပေါင်းသင်းရမည်။ အထင်မသေးရဟု ဆိုလိုပါသည်။မန်လည်သြဝါဒကို ဘုရားဟောတရားဟု ဟောပြောနေခြင်း၊ ဂုဏဇာတ်တော်ကို လိုရာဆွဲ၍ တစ်လွဲဟောပြောနေခြင်းသည် ဖထွေးကို ချီးမြှောက်လိုဇောဖြင့် ကုလားတရားကို ဘုရားတရားလုပ်လိုက်ခြင်းပင် ဖြစ်ပါသည်။နာမည်ကျော်စာသင်တိုက်ကြီးမှာ တစ်သက်လုံး နေထိုင်လာခဲ့ပါလျက် ပရိယတ္တိအဆင့် ...