အဆိုအမိန့်








ဝီရသူ(မစိုးရိမ်)
3.5.2020
PM- 8:36

“ချစ်လို့လား မုန်းလို့လား” (၅)

လွတ်ငြိမ်းချမ်းသာပေးတာ မကြိုက်လို့မှ မဟုတ်တာ၊
ပြည်သူတွေ ရောဂါပိုကူးစက်အောင် လူစုလူဝေးတမင်ဖန်တီးသလိုဖြစ်နေလို့ ပြောကြတာ။

အကျဉ်းသားတွေ မလွတ်မြောက်စေချင်လို့မှ မဟုတ်တာ၊
ဘင်္ဂလီတွေကို လွှတ်ပေးချင်တာကို လွတ်ငြိမ်းချမ်းသာခေါင်းစဉ်တပ်ပြီး အခြားအကျဉ်းသားတွေကို အသုံးချသွားလို့ ပြောကြတာ။

အကျဉ်းသားတွေကို မိသားစုနဲ့ မတွေ့ဆုံစေချင်လို့မှ မဟုတ်တာ၊
လူစုလူဝေး မလုပ်သင့်တဲ့အချိန်အခါမျိုးကြီးမှာ လူစုလူဝေးလုပ်ပေးသလိုဖြစ်နေလို့ ပြောကြတာ။

ဘင်္ဂလီတွေကို မစာနာလို့မှမဟုတ်တာ၊
ခိုးဝင်တွေကိုတော့ အမှုရုပ်သိမ်းပေလိုက်ပြီး ကိုယ့်တိုင်းရင်းသားတွေကျ အမှုတန်းလန်းကြီးထားရက်ခဲ့လို့ ပြောကြတာ။

ဘင်္ဂလီတွေကို အိမ်တစ်လုံး၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ ငွေသုံးသိန်းပေးတာ မနာလို့လို့ ပြောတာမှမဟုတ်တာ၊
ကိုဗစ်ဘေးသင့်ပြည်သူတွေအပေါ် အင်္ဂလီတွေလောက်တောင် စေတနာမထားလို့ ပြောကြတာ။

အမျိုးသားရေးသမားတွေ ထောက်ပြနေတဲ့ အချက်အလက်တွေကိုကြည့်ရင် ပြည်သူတွေကို ချစ်လို့လား မုန်းလို့လား၊ ပြည်သူ့အကျိုးစီးပွားကို လိုလားလို့လား မလိုလားလို့လား သိသာထင်ရှားမှာပါလေ… ။

ဝီရသူ(မစိုးရိမ်)
3.5.2020
PM- 8:36