အဆိုအမိန့်


ငါတို့လည်း
မင်းတို့လည်း

ငါတို့က
မင်းတို့က



ဝီရသူ(မစိုးရိမ်)
2.5.2020
AM- 11:00

“ထမိံဌာပနာထားတဲ့ တောင်ပို့ဘုရားကိုးကွယ်သူ”

ငါတို့လည်း
ဘုရားမှတ်လို့ ကိုးကွယ်ခဲ့ကြတာပဲ။
မင်းတို့လည်း
ဘုရားမှတ်ပြီး ကိုးကွယ်နေကြတာပဲ။

ငါတို့က
ဖွတ်ထွက်ပြမှ တောင်ပို့ကြီးမှန်း သိခဲ့ရတာ။
မင်းတို့က
ဖွတ်ထွက်ပြတာတောင် တောင်ပို့ကြီးမှန်း မသိကြသေးဘူး။

ပိုဆိုးတာက တောင်ပို့ကြီးမို့ တောင်ပို့ကြီးလို့ ပြောနေတာတောင် ပြန်လည်စိစစ်ရကောင်းမှန်းမသိဘဲ အမှန်ပြောသူကို ရန်သူထင်ပြီး အပြစ်မြင်နေကြတာပဲ။

တောင်ပို့ကြီးမှန်းသိအောင် ပြောပြရမှာက ငါတို့တာဝန်။
ဘုရားအမှတ်နဲ့ ဆက်လက်ကိုးကွယ်တာ မကိုးကွယ်တာက မင်းတို့လုပ်ပိုင်ခွင့်။
လူသားတိုင်း နိုင်ငံရေးကိုးကွယ်မှု မှန်ကန်ကြပါစေ….။

ဝီရသူ(မစိုးရိမ်)
2.5.2020
AM- 11:00