အဆိုအမိန္႔

“ခ်စ္လုိ႔လား မုန္းလို႔လား” (၇)

အေရးေပၚကာလ အမိန္႔အာဏာေတြ ထုတ္ျပန္တာကို မႀကဳိက္လို႔မွ မဟုတ္တာ၊
ကိုယ္ထုတ္တဲ့ဥပေဒ ကိုယ္မေလးစားဘဲ လုပ္ပိုင္ခြင့္ကို တလြဲသံုးေတာ့မယ္ဆိုတာ ႀကဳိသိေနလို႔ ေျပာၾကတာ။

အလွဴ႕ဒါယကာမို႔ အထူးအခြင့္အေရးေပးေစခ်င္လို႔ ေျပာၾကတာမွ မဟုတ္တာ၊
ေရာဂါပိုးကူးစက္မႈ လံုးဝမရွိတဲ့ အလွဴပြဲဦးေဆာင္သူကိုေတာ့ အေရးေပၚဥပေဒနဲ႔ ခ်က္ခ်င္းေထာင္ခ်ပစ္ၿပီး လူတစ္ရာနီးပါး ေရာဂါပိုးကူးစက္ေအာင္ ျဖန္႔ျဖဴးခဲ့တဲ့ တရားေဟာဆရာအဖြဲ႔က် ခုခ်ိန္ထိ လံုးဝ မတို႔ရဲ မထိရဲၾကလို႔ ေျပာၾကတာ။

တရားေဟာဆရာအဖြဲ႔ကို ေထာင္က်ေစခ်င္လုိ႔ ေျပာၾကတာမွ မဟုတ္တာ၊
ဥပေဒဆိုတာ ေက်ာသားရင္သား မခြဲျခားေကာင္းပါလ်က္ ခြဲျခားေနလို႔ ေျပာၾကတာ။

တရာေဟာဆရာကို တရားစြဲတဲ့ ရဲတပ္ဖြဲ႔ကို ေက်းဇူးတင္လြန္းလို႔ ခ်ီးက်ဴးေနတာမွ မဟုတ္တာ၊
ေက်ာသားရင္သား မခြဲျခားဘဲ ဥပေဒအရ လုပ္ရတာကို အာဏာသံုးၿပီး ဟန္႔တားလာလို႔ ေျပာၾကတာ။

တိုင္းရင္းသားအခ်င္းခ်င္း စိတ္ဝမ္းကြဲေစခ်င္လုိ႔မွ မဟုတ္တာ၊
ေရာဂါပိုးျဖန္႔ျဖဴးတဲ့ တရားေဟာဆရာအဖြဲ႔ကို တာဝန္အရ အေရးယူဖုိ႔ျပင္ဆင္တာဟာ အမွားမဟုတ္ဘဲ အမွားလုပ္တယ္ထင္ၿပီး အျပစ္တင္စကားေတြ လိုင္းေပၚကေန ေရးသားေနလို႔ ေျပာၾကတာ။

ဒီေလာက္ေထာက္ျပေနတာဟာ ဥပေဒကို ေလးစားလို႔လား မေလးစားလို႔လား၊ ျပည္သူ႔အက်ဳိး လိုလားလုိ႔လား မလိုလားလို႔လား ဆိုတာ အသိေခါက္ခက္ အဝင္နက္တဲ့ အေရထူေနသူေတြေတာင္ သိျမင္ႏိုင္ေၾကာင္းပါ … ။

ဝီရသူ(မစုိးရိမ္)
8.5.2020
PM- 5:00

“ချစ်လို့လား မုန်းလို့လား” (၇)

အရေးပေါ်ကာလ အမိန့်အာဏာတွေ ထုတ်ပြန်တာကို မကြိုက်လို့မှ မဟုတ်တာ၊
ကိုယ်ထုတ်တဲ့ဥပဒေ ကိုယ်မလေးစားဘဲ လုပ်ပိုင်ခွင့်ကို တလွဲသုံးတော့မယ်ဆိုတာ ကြိုသိနေလို့ ပြောကြတာ။

အလှူ့ဒါယကာမို့ အထူးအခွင့်အရေးပေးစေချင်လို့ ပြောကြတာမှ မဟုတ်တာ၊
ရောဂါပိုးကူးစက်မှု လုံးဝမရှိတဲ့ အလှူပွဲဦးဆောင်သူကိုတော့ အရေးပေါ်ဥပဒေနဲ့ ချက်ချင်းထောင်ချပစ်ပြီး လူတစ်ရာနီးပါး ရောဂါပိုးကူးစက်အောင် ဖြန့်ဖြူးခဲ့တဲ့ တရားဟောဆရာအဖွဲ့ကျ ခုချိန်ထိ လုံးဝ မတို့ရဲ မထိရဲကြလို့ ပြောကြတာ။

တရားဟောဆရာအဖွဲ့ကို ထောင်ကျစေချင်လို့ ပြောကြတာမှ မဟုတ်တာ၊
ဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားကောင်းပါလျက် ခွဲခြားနေလို့ ပြောကြတာ။

တရာဟောဆရာကို တရားစွဲတဲ့ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်လွန်းလို့ ချီးကျူးနေတာမှ မဟုတ်တာ၊
ကျောသားရင်သား မခွဲခြားဘဲ ဥပဒေအရ လုပ်ရတာကို အာဏာသုံးပြီး ဟန့်တားလာလို့ ပြောကြတာ။

တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေချင်လို့မှ မဟုတ်တာ၊
ရောဂါပိုးဖြန့်ဖြူးတဲ့ တရားဟောဆရာအဖွဲ့ကို တာဝန်အရ အရေးယူဖို့ပြင်ဆင်တာဟာ အမှားမဟုတ်ဘဲ အမှားလုပ်တယ်ထင်ပြီး အပြစ်တင်စကားတွေ လိုင်းပေါ်ကနေ ရေးသားနေလို့ ပြောကြတာ။

ဒီလောက်ထောက်ပြနေတာဟာ ဥပဒေကို လေးစားလို့လား မလေးစားလို့လား၊ ပြည်သူ့အကျိုး လိုလားလို့လား မလိုလားလို့လား ဆိုတာ အသိခေါက်ခက် အဝင်နက်တဲ့ အရေထူနေသူတွေတောင် သိမြင်နိုင်ကြောင်းပါ … ။

ဝီရသူ(မစိုးရိမ်)
8.5.2020
PM- 5:00