အဆိုအမိန္႔

“ခ်စ္လို႔လား မုန္းလုိ႔လား” (၈)

ဗဟိုေကာ္မတီဥကၠ႒ရာထူး မယူေစခ်င္လို႔မွ မဟုတ္တာ၊
ဗဟိုေကာ္မတီဥကၠ႒ရာထူးယူထားၿပီး အစည္းအေဝးထုိင္ျခင္းလည္း မရွိ၊ စီမံကြပ္ကဲမႈလည္း မလုပ္၊ ေရတိုေရရွည္စီမံကိန္းေတြလည္း ခ်မျပႏိုင္ဘဲ လုိင္းေပၚေလာ္ပိုင္းေနလို႔ ေျပာၾကတာ။

Mask ခ်ဳပ္ၿပဳိင္ပြဲ မလုိအပ္လို႔ ေျပာၾကတာမွ မဟုတ္တာ၊
တာဝန္အႀကီးႀကီးယူထားၿပီး မျဖစ္စေလာက္အလုပ္ကေလးေတြနဲ႔ပဲ လိုင္းေပၚမွာ ေပ်ာ္ေမြ႔ေနလို႔ ေျပာၾကတာ။

အခန္းထဲမွာ ဇိမ္ခံေနတာ မနာလိုလို႔မွ မဟုတ္တာ၊
“ျပည္သူႏွင့္အတူ”ဆိုင္းဘုတ္ကိုင္စြဲထားတဲ့ ျပည္သူ႔အစိုးရေခါင္းေဆာင္ႀကီးကို ျပည္သူ႔ဘဝထဲ ဝင္ၾကည့္ေစခ်င္လို႔ ေျပာၾကတာ။

ေရာဂါပိုးကူးစက္ေစခ်င္လို႔ ရပ္ထဲရြာထဲ ဆင္းခုိင္းေနတာမွ မဟုတ္တာ၊
PPEဝတ္စံုျပည့္ဝတ္ဆင္ၿပီး အကာအကြယ္ယူလုိ႔ ရႏိုင္ရဲ႕သားနဲ႔ လံုးဝထြက္မလာလုိ႔ ေျပာၾကတာ။

အဖြားအိုတစ္ေယာက္ကို မစာနာလို႔ ေျပာၾကတာမွ မဟုတ္တာ၊
ေသနတ္ေျပာင္းဝကို ရင္ဆုိင္ရဲတယ္ဆိုတဲ့သူ “အိုင္းရင္းေလဒီ” “သံမဏိႏွင္းဆီ” ဂုဏ္ပုဒ္ေတြပိုင္ဆုိင္ထားသူ ျဖစ္ပါလ်က္ ဂုဏ္ပုဒ္မဲ့ ႏိုင္ငံတကာေခါင္းေဆာင္ေတြေလာက္ေတာင္ ျပည္သူေတြနဲ႔ မထိေတြ႔ရဲလို႔ ေျပာၾကတာ။

‘အစိုးရက အကာအကြယ္ေပးရမွာေပါ့၊ အစုိးရက မကာကြယ္ရင္ ဘယ္သူက ကာကြယ္မွာလဲ’ဆိုတဲ့ ရဲရဲေတာက္မိန္႔ခြန္းေျပာၾကားခဲ့သူႀကီးက တိက် ေသခ်ာ စနစ္က်တဲ့ ဗ်ဴဟာေတြနဲ႔ ျပည္သူကို အကာအကြယ္ေပးေစခ်င္လို႔ ေျပာၾကတာေတြဟာ ေစတနာစကားလာ၊ ေဝဒနာစကားလားဆိုတာ ထမင္းစားသူတိုင္း ခြဲျခားတတ္ေၾကာင္းပါ …..။

ဝီရသူ(မစိုးရိမ္)
10.5.2020
AM- 9:00

“ချစ်လို့လား မုန်းလို့လား” (၈)

ဗဟိုကော်မတီဥက္ကဋ္ဌရာထူး မယူစေချင်လို့မှ မဟုတ်တာ၊
ဗဟိုကော်မတီဥက္ကဋ္ဌရာထူးယူထားပြီး အစည်းအဝေးထိုင်ခြင်းလည်း မရှိ၊ စီမံကွပ်ကဲမှုလည်း မလုပ်၊ ရေတိုရေရှည်စီမံကိန်းတွေလည်း ချမပြနိုင်ဘဲ လိုင်းပေါ်လော်ပိုင်းနေလို့ ပြောကြတာ။

Mask ချုပ်ပြိုင်ပွဲ မလိုအပ်လို့ ပြောကြတာမှ မဟုတ်တာ၊
တာဝန်အကြီးကြီးယူထားပြီး မဖြစ်စလောက်အလုပ်ကလေးတွေနဲ့ပဲ လိုင်းပေါ်မှာ ပျော်မွေ့နေလို့ ပြောကြတာ။

အခန်းထဲမှာ ဇိမ်ခံနေတာ မနာလိုလို့မှ မဟုတ်တာ၊
“ပြည်သူနှင့်အတူ”ဆိုင်းဘုတ်ကိုင်စွဲထားတဲ့ ပြည်သူ့အစိုးရခေါင်းဆောင်ကြီးကို ပြည်သူ့ဘဝထဲ ဝင်ကြည့်စေချင်လို့ ပြောကြတာ။

ရောဂါပိုးကူးစက်စေချင်လို့ ရပ်ထဲရွာထဲ ဆင်းခိုင်းနေတာမှ မဟုတ်တာ၊
PPEဝတ်စုံပြည့်ဝတ်ဆင်ပြီး အကာအကွယ်ယူလို့ ရနိုင်ရဲ့သားနဲ့ လုံးဝထွက်မလာလို့ ပြောကြတာ။

အဖွားအိုတစ်ယောက်ကို မစာနာလို့ ပြောကြတာမှ မဟုတ်တာ၊
သေနတ်ပြောင်းဝကို ရင်ဆိုင်ရဲတယ်ဆိုတဲ့သူ “အိုင်းရင်းလေဒီ” “သံမဏိနှင်းဆီ” ဂုဏ်ပုဒ်တွေပိုင်ဆိုင်ထားသူ ဖြစ်ပါလျက် ဂုဏ်ပုဒ်မဲ့ နိုင်ငံတကာခေါင်းဆောင်တွေလောက်တောင် ပြည်သူတွေနဲ့ မထိတွေ့ရဲလို့ ပြောကြတာ။

‘အစိုးရက အကာအကွယ်ပေးရမှာပေါ့၊ အစိုးရက မကာကွယ်ရင် ဘယ်သူက ကာကွယ်မှာလဲ’ဆိုတဲ့ ရဲရဲတောက်မိန့်ခွန်းပြောကြားခဲ့သူကြီးက တိကျ သေချာ စနစ်ကျတဲ့ ဗျူဟာတွေနဲ့ ပြည်သူကို အကာအကွယ်ပေးစေချင်လို့ ပြောကြတာတွေဟာ စေတနာစကားလာ၊ ဝေဒနာစကားလားဆိုတာ ထမင်းစားသူတိုင်း ခွဲခြားတတ်ကြောင်းပါ …..။

ဝီရသူ(မစိုးရိမ်)
10.5.2020
AM- 9:00