အဆိုအမိန္႔

“ခ်စ္လို႔လား မုန္းလို႔လား” (၆)

လက္ေဆးျပတာ မႀကဳိက္လို႔မွ မဟုတ္တာ၊
လက္ေဆးျပတာ သူ႔အလုပ္မဟုတ္လို႔ ေျပာၾကတာ။

က်န္းမာေရး Talk show ေတြ မႀကဳိက္လို႔မွ မဟုတ္တာ၊
ဆရာဝန္မဟုတ္ဘဲ က်န္းမာေရးဝန္ႀကီးအလုပ္ ဝင္လုပ္ေနလို႔ ေျပာၾကတာ။

ကိုဗစ္သတင္းထုတ္ျပန္ေပးတာ မႀကဳိက္လို႔မွ မဟုတ္တာ၊
ျပန္ၾကားေရးဝန္ႀကီးမဟုတ္ဘဲ ျပန္ၾကားေရးဝင္လုပ္ေနလို႔ ေျပာၾကတာ။

လူနာေတြနဲ႔ ဗီြဒီယိုခ်က္တာ မႀကဳိက္လို႔မွ မဟုတ္တာ၊
သတင္းသမားမဟုတ္ဘဲ အင္တာဗ်ဴးဝင္လုပ္ေနလို႔ ေျပာၾကတာ။

ပရဟိတဦးေဆာင္ေနတာ မႀကဳိက္လို႔မွ မဟုတ္တာ၊
ေနရာတကာ လူစြာလုပ္ရင္း တိုင္းျပည္မြဲျပာက်လာေနလို႔ ေျပာၾကတာ။

အခုအခ်ိန္ထိ ကိုယ့္ေနရာကိုယ္မသိ၊ ကိုယ့္အလုပ္ကိုယ္မလုပ္ဘဲ ေနရာတကာဝင္ရႈပ္ေနတာေတြဟာ ႏိုင္ငံ့ေခါင္းေဆာင္ေကာင္း ဟုတ္ မဟုတ္၊ ဒီမိုကေရစီက်င့္ဝတ္ႏွင့္ ညီ မညီ ေဝဖန္ဆန္းစစ္ႏိုင္စြမ္းမရွိဘဲ အေမလည္တဲ့ေလ ေမႊးပါတယ္ဆိုသူေတြ ရွိေနသမွ် တုိင္းျပည္ဟာ အစိုးရေကာင္းတစ္ရပ္ႏွင့္ အေဝးႀကီး ေဝးေနဦးမည္သာ …. ။

ဝီရသူ(မစိုးရိမ္)
5.5.2020
PM- 6:00

“ချစ်လို့လား မုန်းလို့လား” (၆)

လက်ဆေးပြတာ မကြိုက်လို့မှ မဟုတ်တာ၊
လက်ဆေးပြတာ သူ့အလုပ်မဟုတ်လို့ ပြောကြတာ။

ကျန်းမာရေး Talk show တွေ မကြိုက်လို့မှ မဟုတ်တာ၊
ဆရာဝန်မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးအလုပ် ဝင်လုပ်နေလို့ ပြောကြတာ။

ကိုဗစ်သတင်းထုတ်ပြန်ပေးတာ မကြိုက်လို့မှ မဟုတ်တာ၊
ပြန်ကြားရေးဝန်ကြီးမဟုတ်ဘဲ ပြန်ကြားရေးဝင်လုပ်နေလို့ ပြောကြတာ။

လူနာတွေနဲ့ ဗွီဒီယိုချက်တာ မကြိုက်လို့မှ မဟုတ်တာ၊
သတင်းသမားမဟုတ်ဘဲ အင်တာဗျူးဝင်လုပ်နေလို့ ပြောကြတာ။

ပရဟိတဦးဆောင်နေတာ မကြိုက်လို့မှ မဟုတ်တာ၊
နေရာတကာ လူစွာလုပ်ရင်း တိုင်းပြည်မွဲပြာကျလာနေလို့ ပြောကြတာ။

အခုအချိန်ထိ ကိုယ့်နေရာကိုယ်မသိ၊ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ နေရာတကာဝင်ရှုပ်နေတာတွေဟာ နိုင်ငံ့ခေါင်းဆောင်ကောင်း ဟုတ် မဟုတ်၊ ဒီမိုကရေစီကျင့်ဝတ်နှင့် ညီ မညီ ဝေဖန်ဆန်းစစ်နိုင်စွမ်းမရှိဘဲ အမေလည်တဲ့လေ မွှေးပါတယ်ဆိုသူတွေ ရှိနေသမျှ တိုင်းပြည်ဟာ အစိုးရကောင်းတစ်ရပ်နှင့် အဝေးကြီး ဝေးနေဦးမည်သာ …. ။

ဝီရသူ(မစိုးရိမ်)
5.5.2020
PM- 6:00