သတင္းေဆာင္းပါး

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၆)


“ညေနစာဝါႏွင့္ အာဖရိကငါးခူစာအုပ္”

(ဆရာေတာ္ဦး၀ီရသူ၏ ႏွစ္သစ္ကူး အထူးလက္ေဆာင္)

ေန႔လည္ အိပ္ရာထၿပီးသည့္အခါ ညေနစာဝါရွိလွ်င္ စာဝါခ်ဖုိ႔ စာၾကည့္ပါသည္။ ညေနစာဝါမရွိဘဲ ညမွ စာဝါခ်ရမည္ဆိုလွ်င္ အမ်ဳိးသားေရးလုပ္ငန္းမ်ား လုပ္ေဆာင္ပါသည္။ ညေနစာဝါသည္ စာသင္တန္းစာဝါျဖစ္ၿပီး ညစာဝါသည္ အႀကီးတန္းစာဝါျဖစ္ပါသည္။ စာသင္တန္းသံဃာမ်ားအား ဋီကာေက်ာ္စာဝါ ပို႔ခ်ရၿပီး အႀကီးတန္းသံဃာမ်ားအား ပ႒ာန္းစာဝါ ပို႔ခ်ရပါသည္။ ဋီကာေက်ာ္စာဝါပို႔ခ်ရာ၌ က်မ္းရင္းျဖစ္ေသာ

သၿဂဳႋဟ္သရုပ္ခြဲႏွင့္ အဓိပၸါယ္ကို အေျခခံက်စြာ ရွင္းျပၿပီးမွ ဋီကာေက်ာ္ မဏိမဥၨဴ စေသာ အဖြင့္က်မ္းမ်ားကို ဖတ္ျပ ရွင္းျပကာ စာလုပ္နည္းမ်ားလည္း စပ္မိလွ်င္ စပ္မိသလို ေျပာျပတတ္ပါသည္။

စာသင္တန္းစာဝါပုိ႔ခ်စဥ္ စာေမးလိုက္တိုင္းမရသည့္အခါမ်ဳိး၌ စာလိုက္သံဃာမ်ားအား သက်သီဟအဓိပၸါယ္ႏွင့္ စာသင္တန္းဖြင့္ဆိုခ်က္မ်ားကို ေပ်ာ္ေစပ်က္ေစ ေျပာျပတတ္ပါသည္။ “သက်သီဟဆိုမွေတာ့ သတ္တယ္ က်တယ္ေပါ့ကြာ။ သတ္တာေတာင္ မက်ဘူးဆိုရင္ေတာ့ သီဟေပါ့”ဟုလည္းေကာင္း၊ “စာသင္တန္းမဟုတ္ပါဘူးကြာ၊ ခ်ာသင္တန္းႀကီးပါ”ဟူ၍လည္းေကာင္း၊ “မဟာသက်သီဟ ခ်ာသင္တန္းႀကီးေတြ”ဟူ၍လည္းေကာင္း ရယ္ရယ္ေမာေမာ အရႊန္းေဖာက္တတ္ပါသည္။

စာေရးသူ စာသင္တန္းေအာင္သည့္နည္းမွာ အာဂံုရျခင္း၊ အနက္အဓိပၸါယ္ အၿမဲၾကည့္ျခင္း၊ ညစဥ္ စာျပန္ျခင္း၊ အပတ္စဥ္ ဥပုသ္ေန႔တုိင္း ေမးခြန္းေဟာင္းမ်ား ေျဖၾကည့္ျခင္း ျဖစ္ပါသည္။ စာတစ္ပုဒ္နားလည္ၿပီဆုိလွ်င္ မိမိကိုယ္မိမိ ပုစၧကေနရာယူလ်က္ ပုစၧာထုတ္ၾကည့္ဖုိ႔ အၿမဲတုိက္တြန္းပါသည္။ စာေမးပြဲ၌ အခ်ဳိ႕ေသာေမးခြန္းမ်ားမွာ မိမိေမးခြန္းမ်ားျဖစ္ေနသျဖင့္ ကိုယ့္ေမးခြန္းကိုယ္ေျဖ ကိုယ္တုိင္ေမးခြန္းထုတ္ ကိုယ္တုိင္ေျဖဆို လုပ္ရသည္မ်ဳိးျဖစ္ကာ အလြယ္တကူ ေအာင္ႏိုင္ေၾကာင္း ေျပာျပေလ့ရွိပါသည္။ “အာဂံုရမွ အာဂလူ အာဂုံမရက ဖြတ္က်ားလူ” ဟုလည္း စေနာက္တတ္ပါသည္။

စာသင္တန္းဋီကာေက်ာ္စာဝါကို ညေန ၄း၀၀နာရီမွ ၅း၀၀နာရီထိ ပို႔ခ်ရသျဖင့္ ညေန ၅း၀၀နာရီေနာက္ပိုင္းဆိုလွ်င္ စာေရးသူ၏ ကိုယ္ပိုင္အခ်ိန္ျဖစ္သြားပါသည္။ ထိုအခါမွစ၍ ညဥ့္နက္သည္အထိ အမ်ဳိးသားေရးလုပ္ငန္းမ်ား ေစာက္ခ်လုပ္ကိုင္ပါသည္။

တရားရံုးအမႈအခင္းမ်ား နည္းလမ္းရွာရျခင္း၊ နစ္နာသူမ်ားကို အကူအညီေပးရျခင္း၊ အျခားအႀကံဉာဏ္လာေတာင္းသူမ်ားကို လက္ခံစကားေျပာရျခင္း၊ ေဖ့စ္ဘုတ္သတင္းတင္ရျခင္း၊ ေဆာင္းပါးမ်ား ေရးသားရျခင္း၊ သတင္းဌာနမ်ားမွ အမ်ဳိးသားေရးသတင္းမ်ားကို ေကာ္ပီကူးတင္ျခင္း၊ ရွယ္ျခင္း၊ ေခါင္းစဥ္တပ္၍ ျပန္တင္ျခင္း၊ မွတ္ခ်က္ေရး၍ျပန္တင္ျခင္း၊ ေခ်ပခ်က္မ်ား ေျဖရွင္းခ်က္မ်ား ေရးသား၍ တုန္႔ျပန္ျခင္းမ်ဳိး ျပဳလုပ္ရသလို အေရးႀကီးသတင္းမ်ား အစအနၾကားရလွ်င္ ဖုန္းျဖင့္သတင္းလိုက္၍ အျပည့္အစံု အတိအက် ေရးသားတင္ရျခင္း၊ နစ္နာသူမ်ားကို အကူအညီေပးဖုိ႔ ညႊန္ၾကားရျခင္း စသည္စသည္ စံုေနေအာင္ လုပ္ေဆာင္ရပါသည္။

တရားပြဲရွိလွ်င္ သတင္းေရးသားကာ အခ်က္အလက္ အေထာက္အထား ဓာတ္ပုံ၊ လင့္(Link)၊ အသံဖုိင္၊ စာရြက္စာတမ္း စသည္မ်ားကို အျပည့္အစံု ညႊန္ၾကားခဲ့ၿပီးမွ တရားပြဲသုိ႔ သြားပါသည္။ တရားပြဲမရွိလွ်င္ အနီးကပ္ညႊြန္ၾကားကာ သတင္းတက္သြားသည္အထိ ေစာင့္ၾကည့္ပါသည္။

အေရးႀကီးလွ်င္ ႀကီးသလို အေရးေပၚလွ်င္ ေပၚသလို အလုပ္မ်ားေလ့ရွိကာ တစ္ထုိင္တည္းမွာ အလုပ္ေလးငါးခု တစ္ၿပဳိင္နက္ လုပ္ရျခင္းမ်ဳိးလည္း မၾကာခဏႀကဳံရပါသည္။ ဥပမာ- အမႈအခင္းမ်ားကိုင္တြယ္သူက စာေရးသူထံ တင္ျပေနခ်ိန္မွာ ဖုန္းဝင္လာလွ်င္ ဖုန္းျဖင့္အႀကံဉာဏ္ေပးရပါသည္။ ထုိအခ်ိန္မွာ အုိင္တီဆရာက ဘယ္ပုံႏွင့္တင္ရမည္ ဘယ္သူ႔ဖုန္းနံပါတ္ထည့္ရမည္ စသည္လွမ္းေမးလွ်င္လည္း ၾကားျဖတ္ေျဖေပးရပါသည္။ ထုိအခ်ိန္မွာပင္ ပရဟိတ၊ ပညာေရး၊ ဘကေက်ာင္း၊ နဂါးနီစုဘူးႏွင့္ပတ္သက္၍ လာေလွ်ာက္လွ်င္လည္း ေျဖရွင္းေပးရတတ္ပါသည္။ ထိုအခ်ိန္မွာပင္ အကူအညီေတာင္းသူမ်ား ေရာက္လာလွ်င္လည္း မိတ္ဆက္စကားေျပာၾကားၿပီး ခဏေစာင့္ခိုင္းထားပါသည္။ လုပ္လက္စ အလုပ္အားလံုးၿပီးမွ အကူအညီေတာင္းသူႏွင့္ စကားေျပာရပါသည္။ ပထမဦးဆံုး ျဖစ္ေၾကာင္းကုန္စင္ တင္ျပသည္ကို နားေထာင္ေပးရၿပီး ၎ေနာက္မွ စာေရးသူသိလိုရာကို ေမးျမန္းရပါသည္။

စာေရးသူထံ အကူအညီေတာင္းသူမ်ား ေန႔စဥ္ေရာက္လာတတ္ၾကပါသည္။ သံဃာမ်ားလည္း ပါသည္။ အရပ္သားမ်ားလည္း ပါသည္။ အစုိးရႏွင့္ ျဖစ္သည့္အမႈ၊ စစ္တပ္ႏွင့္ျဖစ္သည့္အမႈ၊ ပါတီႏွင့္ျဖစ္သည့္အမႈ၊ ကုလားႏွင့္ျဖစ္သည့္အမႈ၊ တရုတ္ႏွင့္ျဖစ္သည့္အမႈ၊ မဟနႏွင့္ျဖစ္သည့္အမႈ စသည္ျဖင့္ စံုလင္လွပါသည္။ အခ်ဳိ႕မွာ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးမ်ားကိုယ္တုိင္ၾကြကာ အကူအညီေတာင္းၾကသည့္ျဖစ္ရပ္မ်ဳိးမ်ား ျဖစ္ေနတတ္ပါသည္။ တရိုတေသနားေထာင္၊ တေလးတစားျပန္ေမး၊ လိုလိုလားလားအႀကံဉာဏ္ေပးသျဖင့္ ေအာင္ျမင္သြားၾကသည္က မ်ားပါသည္။

စာေရးသူသည္ လူမ်ဳိးတူခ်င္း ဘာသာတူခ်င္း ျဖစ္ပြားၾကသည့္ ျပႆနာမ်ဳိးဆိုလွ်င္ ေဝးေဝးမွေရွာင္ပါသည္။ လူမႈေရးမွာ ပါဝင္ပတ္သက္မႈျဖင့္ မဟနအဖြဲ႔ႏွင့္ ထိပ္တုိက္ေတြ႔ႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္။ အထူးသျဖင့္ ရဟန္းသံဃာအခ်င္းခ်င္း ျဖစ္ပြားသည့္အမႈဆိုလွ်င္ အနည္းငယ္မွ်ပင္ မပတ္သက္လိုပါ။ သုိ႔ေစကာမူ စာေရးသူထံ အကူအညီလာေတာင္းသူမ်ားက ရပ္ေဝးမွတကူးတကလာသူျဖစ္ေနျခင္း၊ ေထရ္ႀကီးဝါႀကီးျဖစ္ေနျခင္း၊ အျပည့္အဝမွန္ကန္သူျဖစ္ေနျခင္း၊ အေထာက္အထားခုိင္လံုေနျခင္း၊ အမွန္တကယ္နစ္နာေနျခင္း၊ ကူညီလိုက္လွ်င္ သာသနာအတြက္ အက်ဳိးမ်ားႏိုင္ျခင္း စသည့္အခ်က္မ်ားကို ေရွးရႈကာ နည္းလမ္းရွာေဖြေပးေလ့ရွိပါသည္။ ထိုသို႔ ေအာင္ျမင္သြားသူမ်ားအနက္ အခ်ဳိ႕မွာ စာသင္တိုက္ႀကီးမ်ားပင္ ျဖစ္ေနတတ္ပါသည္။စာသင္တိုက္ ပ်က္ေတာ့မည့္အေျခအေန စာသင္တိုက္ပိတ္ၿပီး ထြက္ေပးရေတာ့မည့္ အေျခအေနမ်ဳိးမွ ျပန္လည္ေအာင္ႏိုင္ျခင္း ျဖစ္ပါသည္။ကုသုိုလ္မည္မွ်ရမည္ အက်ဳိးမည္မၽွရွိလိမ့္မည္ဆိုသည္ကို စဥ္းစားၾကည့္ႏိုင္ပါသည္။

အကူအညီလာေတာင္းသည့္ လူပုဂၢဳိလ္မ်ားကလည္း မနည္းပါးလွပါ။ ရံဖန္ရံခါ တန္းစီေစာင့္ေနၾကသည္ကိုပင္ ေတြ႔ရွိရပါသည္။ သဟာယေက်ာင္းေရွ႕မွာ ဆိုင္ကယ္မ်ား မ်ားျပားစြာရပ္ထားျခင္း၊ လူအမ်ားအျပားေတြ႔ရွိရျခင္းေၾကာင့္ စာေရးသူကို ဘုန္းတန္ခိုးႀကီးသူဟု ထင္မွတ္ႏိုင္ပါသည္။ အခ်ဳိ႕လည္း ထိုသို႔ထင္မွတ္ၾကရာမွ အံ့ၾသသြားၾကသည္ကိုလည္း ေတြ႔ရပါသည္။ မ်ားႏွာမ်ား ညႇဳိးငယ္ေနျခင္း၊ လွဴဖြယ္တန္းဖြယ္မ်ား မပါျခင္းေၾကာင့္ လာေရာက္ဖူးေျမာ္ လွဴဒါန္းသူမ်ား မဟုတ္မွန္း သိရွိသြားၾကေသာေၾကာင့္သာ အျမင္မ်ားေျပာင္းလဲသြားျခင္း အံ့ၾသမိၾကျခင္း ျဖစ္ပါမည္။ မွန္ပါသည္။ စာေရးသူထံ လွဴမည့္သူမ်ား မလာသေလာက္ပင္ ျဖစ္ပါသည္။ အကူအညီေတာင္းမည့္ အပူသည္မ်ားသာ လာၾကျခင္းျဖစ္ပါသည္။ စာေရးသူထံ နဝကမၼလာလွဴဒါန္းမႈမ်ားကို သတင္းအျဖစ္ အၿမဲတင္ပါသည္။ ေငြအမ်ားအျပား လွဴသူကား အလြန္တရာ ရွားပါးလွပါသည္။ တစ္ႏွစ္လံုးေနမွ ဆယ္သိန္းက်ပ္လွဴဒါန္း တစ္ဦးသာေတြ႔ရသည့္ႏွစ္ကား ဘုန္းတန္ခုိးထြားသည့္ႏွစ္ဟု ဆိုရပါမည္။ ပညာေရး၊ ပရဟိတ စသည့္ ျပည္သူအက်ဳိးျပဳလုပ္ငန္းမ်ားအတြက္ လွဴလွ်င္လည္း တစ္သိန္းက်ပ္လွဴသူက အေရအတြက္မ်ားျပားပါသည္။ ထိုထက္ပို၍ လွဴႏိုင္သူကား ရွားပါးလွပါသည္။ နဝကမၼလွဴဒါန္းသူကား မရွိသေလာက္ပင္ျဖစ္ပါသည္။

စာေရးသူထံ လွဴသူမလာ ယူသူသာလာသည္ဟု စာေရးသူကိုယ္တုိင္ မၾကာခဏေျပာျပတတ္ပါသည္။ ယူသူဆိုသည္မွာ စာေရးသူက ရိကၡာေထာက္ပံ့ေပးအပ္ရသည့္ အမႈသည္မ်ားကို ဆိုလိုပါသည္။ ဥပမာ- သက္ငယ္မုဒိမ္းမႈတစ္ခုျဖစ္၍ ေသခ်ာစြာေလ့လာလိုက္လွ်င္ နစ္နာသူက ဆင္းရဲႏြမ္းပါးသူျဖစ္ေနတတ္ပါသည္။ အိမ္ငွားေနရသျဖင့္ အိမ္ရွင္က အဓမၼက်င့္ခြင့္ရရွိခဲ့ျခင္း ျဖစ္ပါသည္။ ထိုအမႈမ်ဳိးျဖစ္ေပၚၿပီဆိုလွ်င္ တရားရံုးစရိတ္၊ ေရွ႕ေနစရိတ္အျပင္ အိမ္ငွားေပးျခင္း၊ ဆန္ႏွင့္ ေငြေၾကး ေထာက္ပံ့ေပးျခင္းမ်ားပင္ ျပဳလုပ္ခဲ့ရပါသည္။ အမႈမ်ားကား အေတာ္စံုလင္ပါသည္။ ကုလား၊ တရုတ္ႏွင့္ ျဖစ္ပြားသည့္အမႈမ်ားအနက္ ကုလားႏွင့္ျဖစ္ပြားသည့္ အမႈက အဆေပါင္းမ်ားစြာ ပိုလြန္ေနပါသည္။

၂၀၁၂ ခုႏွစ္မွစတင္၍ ကူညီေျဖရွင္းခဲ့ေသာ္လည္း ၂၀၁၄ ခုႏွစ္မွစ၍သာ မွတ္တမ္းတင္ႏိုင္ခဲ့ပါသည္။ ၎မွတ္တမ္းမ်ားမွ အမ်ဳိးအစားတစ္ခုစီကို စုေပါင္းကာ ဆယ္ခုလွ်င္ စာအုပ္တစ္အုပ္ႏႈန္းျဖင့္ စာအုပ္အေသးတစ္အုပ္ ႏွစ္စဥ္ထုတ္ေ၀ခဲ့သည္မွာ အမွတ္(၃)အထိ ၿပီးသြားခဲ့ေပၿပီ။ အမွတ္(၄)ထုတ္ဖို႔ စီစဥ္ထားေသာ္လည္း စာဖတ္သည့္ေခတ္မဟုတ္သျဖင့္ စာအုပ္မထုတ္ျဖစ္ခဲ့ေပ။
ညေနစာဝါႏွင့္ အာဖရိကငါးခူ ၿပီးပါၿပီ။ ။

ဝီရသူ(မစုိးရိမ္)
24.4.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၆)


“ညနေစာဝါနှင့် အာဖရိကငါးခူစာအုပ်”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)

နေ့လည် အိပ်ရာထပြီးသည့်အခါ ညနေစာဝါရှိလျှင် စာဝါချဖို့ စာကြည့်ပါသည်။ ညနေစာဝါမရှိဘဲ ညမှ စာဝါချရမည်ဆိုလျှင် အမျိုးသားရေးလုပ်ငန်းများ လုပ်ဆောင်ပါသည်။ ညနေစာဝါသည် စာသင်တန်းစာဝါဖြစ်ပြီး ညစာဝါသည် အကြီးတန်းစာဝါဖြစ်ပါသည်။ စာသင်တန်းသံဃာများအား ဋီကာကျော်စာဝါ ပို့ချရပြီး အကြီးတန်းသံဃာများအား ပဋ္ဌာန်းစာဝါ ပို့ချရပါသည်။ ဋီကာကျော်စာဝါပို့ချရာ၌ ကျမ်းရင်းဖြစ်သော

သဂြုႋဟ်သရုပ်ခွဲနှင့် အဓိပ္ပါယ်ကို အခြေခံကျစွာ ရှင်းပြပြီးမှ ဋီကာကျော် မဏိမဉ္ဇူ စသော အဖွင့်ကျမ်းများကို ဖတ်ပြ ရှင်းပြကာ စာလုပ်နည်းများလည်း စပ်မိလျှင် စပ်မိသလို ပြောပြတတ်ပါသည်။

စာသင်တန်းစာဝါပို့ချစဉ် စာမေးလိုက်တိုင်းမရသည့်အခါမျိုး၌ စာလိုက်သံဃာများအား သကျသီဟအဓိပ္ပါယ်နှင့် စာသင်တန်းဖွင့်ဆိုချက်များကို ပျော်စေပျက်စေ ပြောပြတတ်ပါသည်။ “သကျသီဟဆိုမှတော့ သတ်တယ် ကျတယ်ပေါ့ကွာ။ သတ်တာတောင် မကျဘူးဆိုရင်တော့ သီဟပေါ့”ဟုလည်းကောင်း၊ “စာသင်တန်းမဟုတ်ပါဘူးကွာ၊ ချာသင်တန်းကြီးပါ”ဟူ၍လည်းကောင်း၊ “မဟာသကျသီဟ ချာသင်တန်းကြီးတွေ”ဟူ၍လည်းကောင်း ရယ်ရယ်မောမော အရွှန်းဖောက်တတ်ပါသည်။

စာရေးသူ စာသင်တန်းအောင်သည့်နည်းမှာ အာဂုံရခြင်း၊ အနက်အဓိပ္ပါယ် အမြဲကြည့်ခြင်း၊ ညစဉ် စာပြန်ခြင်း၊ အပတ်စဉ် ဥပုသ်နေ့တိုင်း မေးခွန်းဟောင်းများ ဖြေကြည့်ခြင်း ဖြစ်ပါသည်။ စာတစ်ပုဒ်နားလည်ပြီဆိုလျှင် မိမိကိုယ်မိမိ ပုစ္ဆကနေရာယူလျက် ပုစ္ဆာထုတ်ကြည့်ဖို့ အမြဲတိုက်တွန်းပါသည်။ စာမေးပွဲ၌ အချို့သောမေးခွန်းများမှာ မိမိမေးခွန်းများဖြစ်နေသဖြင့် ကိုယ့်မေးခွန်းကိုယ်ဖြေ ကိုယ်တိုင်မေးခွန်းထုတ် ကိုယ်တိုင်ဖြေဆို လုပ်ရသည်မျိုးဖြစ်ကာ အလွယ်တကူ အောင်နိုင်ကြောင်း ပြောပြလေ့ရှိပါသည်။ “အာဂုံရမှ အာဂလူ အာဂုံမရက ဖွတ်ကျားလူ” ဟုလည်း စနောက်တတ်ပါသည်။

စာသင်တန်းဋီကာကျော်စာဝါကို ညနေ ၄း၀၀နာရီမှ ၅း၀၀နာရီထိ ပို့ချရသဖြင့် ညနေ ၅း၀၀နာရီနောက်ပိုင်းဆိုလျှင် စာရေးသူ၏ ကိုယ်ပိုင်အချိန်ဖြစ်သွားပါသည်။ ထိုအခါမှစ၍ ညဉ့်နက်သည်အထိ အမျိုးသားရေးလုပ်ငန်းများ စောက်ချလုပ်ကိုင်ပါသည်။

တရားရုံးအမှုအခင်းများ နည်းလမ်းရှာရခြင်း၊ နစ်နာသူများကို အကူအညီပေးရခြင်း၊ အခြားအကြံဉာဏ်လာတောင်းသူများကို လက်ခံစကားပြောရခြင်း၊ ဖေ့စ်ဘုတ်သတင်းတင်ရခြင်း၊ ဆောင်းပါးများ ရေးသားရခြင်း၊ သတင်းဌာနများမှ အမျိုးသားရေးသတင်းများကို ကော်ပီကူးတင်ခြင်း၊ ရှယ်ခြင်း၊ ခေါင်းစဉ်တပ်၍ ပြန်တင်ခြင်း၊ မှတ်ချက်ရေး၍ပြန်တင်ခြင်း၊ ချေပချက်များ ဖြေရှင်းချက်များ ရေးသား၍ တုန့်ပြန်ခြင်းမျိုး ပြုလုပ်ရသလို အရေးကြီးသတင်းများ အစအနကြားရလျှင် ဖုန်းဖြင့်သတင်းလိုက်၍ အပြည့်အစုံ အတိအကျ ရေးသားတင်ရခြင်း၊ နစ်နာသူများကို အကူအညီပေးဖို့ ညွှန်ကြားရခြင်း စသည်စသည် စုံနေအောင် လုပ်ဆောင်ရပါသည်။

တရားပွဲရှိလျှင် သတင်းရေးသားကာ အချက်အလက် အထောက်အထား ဓာတ်ပုံ၊ လင့်(Link)၊ အသံဖိုင်၊ စာရွက်စာတမ်း စသည်များကို အပြည့်အစုံ ညွှန်ကြားခဲ့ပြီးမှ တရားပွဲသို့ သွားပါသည်။ တရားပွဲမရှိလျှင် အနီးကပ်ညွှွန်ကြားကာ သတင်းတက်သွားသည်အထိ စောင့်ကြည့်ပါသည်။

အရေးကြီးလျှင် ကြီးသလို အရေးပေါ်လျှင် ပေါ်သလို အလုပ်များလေ့ရှိကာ တစ်ထိုင်တည်းမှာ အလုပ်လေးငါးခု တစ်ပြိုင်နက် လုပ်ရခြင်းမျိုးလည်း မကြာခဏကြုံရပါသည်။ ဥပမာ- အမှုအခင်းများကိုင်တွယ်သူက စာရေးသူထံ တင်ပြနေချိန်မှာ ဖုန်းဝင်လာလျှင် ဖုန်းဖြင့်အကြံဉာဏ်ပေးရပါသည်။ ထိုအချိန်မှာ အိုင်တီဆရာက ဘယ်ပုံနှင့်တင်ရမည် ဘယ်သူ့ဖုန်းနံပါတ်ထည့်ရမည် စသည်လှမ်းမေးလျှင်လည်း ကြားဖြတ်ဖြေပေးရပါသည်။ ထိုအချိန်မှာပင် ပရဟိတ၊ ပညာရေး၊ ဘကကျောင်း၊ နဂါးနီစုဘူးနှင့်ပတ်သက်၍ လာလျှောက်လျှင်လည်း ဖြေရှင်းပေးရတတ်ပါသည်။ ထိုအချိန်မှာပင် အကူအညီတောင်းသူများ ရောက်လာလျှင်လည်း မိတ်ဆက်စကားပြောကြားပြီး ခဏစောင့်ခိုင်းထားပါသည်။ လုပ်လက်စ အလုပ်အားလုံးပြီးမှ အကူအညီတောင်းသူနှင့် စကားပြောရပါသည်။ ပထမဦးဆုံး ဖြစ်ကြောင်းကုန်စင် တင်ပြသည်ကို နားထောင်ပေးရပြီး ၎င်းနောက်မှ စာရေးသူသိလိုရာကို မေးမြန်းရပါသည်။

စာရေးသူထံ အကူအညီတောင်းသူများ နေ့စဉ်ရောက်လာတတ်ကြပါသည်။ သံဃာများလည်း ပါသည်။ အရပ်သားများလည်း ပါသည်။ အစိုးရနှင့် ဖြစ်သည့်အမှု၊ စစ်တပ်နှင့်ဖြစ်သည့်အမှု၊ ပါတီနှင့်ဖြစ်သည့်အမှု၊ ကုလားနှင့်ဖြစ်သည့်အမှု၊ တရုတ်နှင့်ဖြစ်သည့်အမှု၊ မဟနနှင့်ဖြစ်သည့်အမှု စသည်ဖြင့် စုံလင်လှပါသည်။ အချို့မှာ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကိုယ်တိုင်ကြွကာ အကူအညီတောင်းကြသည့်ဖြစ်ရပ်မျိုးများ ဖြစ်နေတတ်ပါသည်။ တရိုတသေနားထောင်၊ တလေးတစားပြန်မေး၊ လိုလိုလားလားအကြံဉာဏ်ပေးသဖြင့် အောင်မြင်သွားကြသည်က များပါသည်။

စာရေးသူသည် လူမျိုးတူချင်း ဘာသာတူချင်း ဖြစ်ပွားကြသည့် ပြဿနာမျိုးဆိုလျှင် ဝေးဝေးမှရှောင်ပါသည်။ လူမှုရေးမှာ ပါဝင်ပတ်သက်မှုဖြင့် မဟနအဖွဲ့နှင့် ထိပ်တိုက်တွေ့နိုင်သောကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် ရဟန်းသံဃာအချင်းချင်း ဖြစ်ပွားသည့်အမှုဆိုလျှင် အနည်းငယ်မျှပင် မပတ်သက်လိုပါ။ သို့စေကာမူ စာရေးသူထံ အကူအညီလာတောင်းသူများက ရပ်ဝေးမှတကူးတကလာသူဖြစ်နေခြင်း၊ ထေရ်ကြီးဝါကြီးဖြစ်နေခြင်း၊ အပြည့်အဝမှန်ကန်သူဖြစ်နေခြင်း၊ အထောက်အထားခိုင်လုံနေခြင်း၊ အမှန်တကယ်နစ်နာနေခြင်း၊ ကူညီလိုက်လျှင် သာသနာအတွက် အကျိုးများနိုင်ခြင်း စသည့်အချက်များကို ရှေးရှုကာ နည်းလမ်းရှာဖွေပေးလေ့ရှိပါသည်။ ထိုသို့ အောင်မြင်သွားသူများအနက် အချို့မှာ စာသင်တိုက်ကြီးများပင် ဖြစ်နေတတ်ပါသည်။စာသင်တိုက် ပျက်တော့မည့်အခြေအနေ စာသင်တိုက်ပိတ်ပြီး ထွက်ပေးရတော့မည့် အခြေအနေမျိုးမှ ပြန်လည်အောင်နိုင်ခြင်း ဖြစ်ပါသည်။ကုသိုလ်မည်မျှရမည် အကျိုးမည်မျှရှိလိမ့်မည်ဆိုသည်ကို စဉ်းစားကြည့်နိုင်ပါသည်။

အကူအညီလာတောင်းသည့် လူပုဂ္ဂိုလ်များကလည်း မနည်းပါးလှပါ။ ရံဖန်ရံခါ တန်းစီစောင့်နေကြသည်ကိုပင် တွေ့ရှိရပါသည်။ သဟာယကျောင်းရှေ့မှာ ဆိုင်ကယ်များ များပြားစွာရပ်ထားခြင်း၊ လူအများအပြားတွေ့ရှိရခြင်းကြောင့် စာရေးသူကို ဘုန်းတန်ခိုးကြီးသူဟု ထင်မှတ်နိုင်ပါသည်။ အချို့လည်း ထိုသို့ထင်မှတ်ကြရာမှ အံ့သြသွားကြသည်ကိုလည်း တွေ့ရပါသည်။ များနှာများ ညှိုးငယ်နေခြင်း၊ လှူဖွယ်တန်းဖွယ်များ မပါခြင်းကြောင့် လာရောက်ဖူးမြော် လှူဒါန်းသူများ မဟုတ်မှန်း သိရှိသွားကြသောကြောင့်သာ အမြင်များပြောင်းလဲသွားခြင်း အံ့သြမိကြခြင်း ဖြစ်ပါမည်။ မှန်ပါသည်။ စာရေးသူထံ လှူမည့်သူများ မလာသလောက်ပင် ဖြစ်ပါသည်။ အကူအညီတောင်းမည့် အပူသည်များသာ လာကြခြင်းဖြစ်ပါသည်။ စာရေးသူထံ နဝကမ္မလာလှူဒါန်းမှုများကို သတင်းအဖြစ် အမြဲတင်ပါသည်။ ငွေအများအပြား လှူသူကား အလွန်တရာ ရှားပါးလှပါသည်။ တစ်နှစ်လုံးနေမှ ဆယ်သိန်းကျပ်လှူဒါန်း တစ်ဦးသာတွေ့ရသည့်နှစ်ကား ဘုန်းတန်ခိုးထွားသည့်နှစ်ဟု ဆိုရပါမည်။ ပညာရေး၊ ပရဟိတ စသည့် ပြည်သူအကျိုးပြုလုပ်ငန်းများအတွက် လှူလျှင်လည်း တစ်သိန်းကျပ်လှူသူက အရေအတွက်များပြားပါသည်။ ထိုထက်ပို၍ လှူနိုင်သူကား ရှားပါးလှပါသည်။ နဝကမ္မလှူဒါန်းသူကား မရှိသလောက်ပင်ဖြစ်ပါသည်။

စာရေးသူထံ လှူသူမလာ ယူသူသာလာသည်ဟု စာရေးသူကိုယ်တိုင် မကြာခဏပြောပြတတ်ပါသည်။ ယူသူဆိုသည်မှာ စာရေးသူက ရိက္ခာထောက်ပံ့ပေးအပ်ရသည့် အမှုသည်များကို ဆိုလိုပါသည်။ ဥပမာ- သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်၍ သေချာစွာလေ့လာလိုက်လျှင် နစ်နာသူက ဆင်းရဲနွမ်းပါးသူဖြစ်နေတတ်ပါသည်။ အိမ်ငှားနေရသဖြင့် အိမ်ရှင်က အဓမ္မကျင့်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ထိုအမှုမျိုးဖြစ်ပေါ်ပြီဆိုလျှင် တရားရုံးစရိတ်၊ ရှေ့နေစရိတ်အပြင် အိမ်ငှားပေးခြင်း၊ ဆန်နှင့် ငွေကြေး ထောက်ပံ့ပေးခြင်းများပင် ပြုလုပ်ခဲ့ရပါသည်။ အမှုများကား အတော်စုံလင်ပါသည်။ ကုလား၊ တရုတ်နှင့် ဖြစ်ပွားသည့်အမှုများအနက် ကုလားနှင့်ဖြစ်ပွားသည့် အမှုက အဆပေါင်းများစွာ ပိုလွန်နေပါသည်။

၂၀၁၂ ခုနှစ်မှစတင်၍ ကူညီဖြေရှင်းခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှစ၍သာ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ၎င်းမှတ်တမ်းများမှ အမျိုးအစားတစ်ခုစီကို စုပေါင်းကာ ဆယ်ခုလျှင် စာအုပ်တစ်အုပ်နှုန်းဖြင့် စာအုပ်အသေးတစ်အုပ် နှစ်စဉ်ထုတ်ဝေခဲ့သည်မှာ အမှတ်(၃)အထိ ပြီးသွားခဲ့ပေပြီ။ အမှတ်(၄)ထုတ်ဖို့ စီစဉ်ထားသော်လည်း စာဖတ်သည့်ခေတ်မဟုတ်သဖြင့် စာအုပ်မထုတ်ဖြစ်ခဲ့ပေ။
ညနေစာဝါနှင့် အာဖရိကငါးခူ ပြီးပါပြီ။ ။

ဝီရသူ(မစိုးရိမ်)
24.4.2020