သတင္း

သို႔/ ျပည္ေထာင္စုဝန္ႀကီး ျပန္ၾကားေရးဝန္ႀကီးဌာန ေနျပည္ေတာ္

သို႔/

ျပည္ေထာင္စုဝန္ႀကီး

ျပန္ၾကားေရးဝန္ႀကီးဌာန

ေနျပည္ေတာ္

ရက္စြဲ။                     ။ ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၂၆ ရက္

အေၾကာင္းအရာ။              ။Social Media Platform တစ္ခုျဖစ္သည့္ Facebook အေကာင့္မ်ားအား

တစ္ဖက္ေစာင္းနင္း ပိတ္ပင္ေနျခင္းကို ေျဖရွင္းေပးရန္ တင္ျပျခင္း။

၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလတြင္ ဆရာေတာ္ဦးဝီရသူ၏အေကာင့္ကို ပိတ္ပစ္လုိက္ပါသည္။ Facebook မွ ၎၏ Community Standard သတ္မွတ္ခ်က္မ်ားႏွင့္ မညီေသာေၾကာင့္ဟု သိရပါသည္။

၎ေနာက္ ဇြန္လဆန္းပိုင္းတြင္ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြ (ဘူးလက္လွေဆြ)၊ ဆရာေတာ္ဦးပါေမာကၡ၊ ဆရာေတာ္ဦးသုစိတၱ စသည့္ ပုဂၢလိကအေကာင့္မ်ားႏွင့္ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း အဖြဲ႔အသီးသီး၏ အေကာင့္မ်ား၊ Page မ်ား ပိတ္ပင္ျဖဳတ္ခ်ခံခဲ့ရပါသည္။

၎ေနာက္ မေဟာ္သဓာကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး(ရန္ကုန္)အေကာင့္ႏွင့္ Page မ်ား အပိတ္ခံံ ရပါသည္။ မေဟာ္သဓာကိုယ္ပို္င္အထက္တန္းေက်ာင္းေတာ္ႀကီး (ရန္ကုန္) Page ႏွင့္ အေကာင့္မ်ား၌ အမ်ဳိးသားေရး၊ ႏိုင္ငံေရး၊ အမုန္းတရား၊ ခြဲျခားဆက္ဆံေရး၊ ဘာသာေရး၊ လူမ်ဳိးေရးလႈံ႕ေဆာ္မႈ စသည့္ ျပႆနာတက္စရာ တစ္စံုတစ္ရာမွ် မတင္ဘဲ လွဴဒါန္းမႈမ်ား၊ စားေသာက္ပုံမ်ား၊ ေဆာ့ကစားပံုမ်ားသာ တင္ပါသည္။

ထုိသုိ႔ ပရဟိတသက္သက္ ပညာေရးသက္သက္ အဖြဲ႔အစည္းကိုယ္စားျပဳ အေကာင့္ကို ပိတ္ပင္ျခင္းသည္ Facebook ၏ Community Standard သတ္မွတ္ခ်က္ႏွင့္ လံုးဝမဆန္႔က်င္ဘဲ အျပည့္အဝညီညြတ္ပါလ်က္ မသမာေသာ ရည္ရြယ္ခ်က္ျဖင့္ တမင္တကာ လုပ္ႀကံပိတ္ပင္ျခင္းျဖစ္ေၾကာင္း သိသာထင္ရွားပါသည္။ ထုိ႔အျပင္ ဆရာေတာ္ဦးဝီရသူႏွင့္ ပတ္သက္သည့္သတင္းမ်ား၊ ဆရာေတာ္ဦးဝီရသူ၏ ဓာတ္ပံုမ်ားတင္လွ်င္လည္း ျဖဳတ္ခ်ခုိ္င္းျခင္း၊ ဒဏ္ခတ္ပိတ္ဆို႔ျခင္း၊ အၿပီးအပိုင္ပိတ္သိမ္းျခင္းမ်ား ျပဳလုပ္ေနသည္ကို ေတြ႔ရပါသည္။

အလွဴေငြေပးအပ္ေနပုံမ်ား၊ ကေလးေလးမ်ားႏွင့္ စကားေျပာေနပံုမ်ား၊ ဆရာေတာ္ႀကီးမ်ားအား ဖူးေျမာ္ပူေဇာ္ ေနပံုမ်ား၊ ဆင္းရဲသူဆင္းရဲသားမ်ားအား ေထာက္ပံ့ကူညီေနပံုမ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ားအား စာအုပ္စာတမ္း ေပးလွဴေနပံုမ်ားအားလံုး ပိတ္ပင္ျဖဳတ္ခ်ခံေနရသကဲ့သုိ႔ ဆရာေတာ္ဦးဝီရသူ စာခ်ေနပံု Live လႊြင့္သည့္ အေကာင့္မ်ား Page မ်ားလည္း ျဖဳတ္ခ်ပိတ္သိမ္းခံေနရပါသည္။

အဆိုပါ အလွဴေငြေပးအပ္ေနပံုမ်ား၊ ကေလးေလးမ်ားႏွင့္ စကားေျပာေနပံုမ်ား၊ ဆရာေတာ္ႀကီးမ်ားအား ဖူးေျမာ္ ပူေဇာ္ေနပံုမ်ား၊ ဆင္းရဲသူဆင္းရဲသားမ်ားအား ေထာက္ပံ့ကူညီေနပံုမ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ားအား စာအုပ္စာတမ္း ေပးလွဴေနပံုမ်ားႏွင့္ ပရိယတၱိသက္သက္ စာခ်ေနပံုမ်ားသည္ Facebook ၏ Community Standard သတ္မွတ္ခ်က္ႏွင့္ ဆန္႔က်င္ေသာေၾကာင့္ အေရးယူခံေနရျခင္းမ်ဳိး မဟုတ္ပါ။

အျခားတစ္ဖက္၌မူ သီတဂူဆရာေတာ္ႀကီးပံုကို ဖိုတိုေရွာ့ျဖင့္ လုပ္ႀကံျပစ္မွားထားသည့္အေကာင့္မ်ား Page မ်ား၊ ဘုရားရုပ္ပြားေတာ္၊ ေစတီေတာ္၊ သံဃာေတာ္ပုံမ်ားကို မေတာ္တေရာ္ ျပဳက်င့္ေနပံုမ်ား တင္ထားသည့္အေကာင့္မ်ား Page မ်ား၊ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ ဗုဒၶဘာသာ ဗုဒၶသာသနာေတာ္ကို ၾကမ္းတမ္းရိုင္းျပစြာ ဆဲေရးတိုင္းထြာသည့္ ပို႔စ္မ်ားတင္ထားသည့္ အေကာင့္မ်ား Page မ်ားကိုမူ တစ္စံုတစ္ရာအေရးမယူဘဲ အထူးအခြင့္အေရးအျဖစ္ ကင္းလြတ္ခြင့္ေပးထားသည္ကို ေတြ႔ရွိရပါသည္။

ထုိ႔အျပင္ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ ဗုဒၶဘာသာ ဗုဒၶသာသနာအေပၚ အၿမဲတမ္းတိုက္ခိုက္ေနသည့္ မြတ္စလင္မီဒီယာ Page မ်ားကိုမူ Facebook ၏ Community Standard သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီသေယာင္ အထူးအခြင့္အေရး ေပးထားသည္ကို ေတြ႔ရွိရပါသည္။

Facebook Team (Myanmar)၏ လက္ရွိ လုပ္ေဆာင္ေနမႈမ်ားကို တြက္ဆၾကည့္ပါက ေလာေလာဆယ္ အေနအထား၌ ဗုဒၶဘာသာဝင္ အမ်ဳိးသားေရးအင္အားစုမ်ားအား ပစ္မွတ္ထား ပိတ္ဆို႔ေနေသာ္လည္း ေနာင္တစ္ခ်ိန္တြင္မူ ဗုဒၶဘာသာ ဗုဒၶသာသနာေတာ္အေပၚ တစ္ဖက္ေစာင္းနင္း ႏွိပ္ကြပ္ေနျခင္းမ်ား က်ယ္ျပန္႔လာကာ အြန္လိုင္းမွာ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးပံုမ်ား၊ ရုပ္ပြားေတာ္ ေစတီေတာ္ပံုမ်ား လံုးဝ တင္၍မရေအာင္ ဗုဒၶတရားေတာ္မ်ား လံုးဝ လြႊင့္ခြင့္မရေအာင္၊ ဗုဒၶဘာသာဝင္တုိ႔၏အေကာင့္မ်ား လံုးဝ မရွိရေလေအာင္ ရည္ရြယ္ခ်က္ရွိရွိျဖင့္ အတင့္ရဲစြာ သုတ္သင္ႏွိပ္ကြပ္လာမည့္အေရး စုိးရိမ္စရာရွိေနပါသည္။

ထုိ႔ေၾကာင့္ ဝန္ႀကီးအေနျဖင့္ ဗုဒၶဘာသာအေကာင့္မ်ား တစ္ဖက္သတ္ႏွိပ္ကြပ္ခံေနရျခင္းအေပၚ လူႀကီးပီသစြာ တာဝန္ခံေျဖရွင္းေပးသင့္ပါသည္။ လ်စ္လ်ဴမရႈသင့္ပါ။

Facebook တာဝန္ရွိသူမ်ားႏွင့္ ျမန္မာအစိုးရ ျပန္ၾကားေရးဌာန ျပည္ေထာင္စုဝန္ႀကီးတို႔ေတြ႔ဆံုၿပီး၍ ေနာက္တစ္ေန႔မွာပင္ ဘူးလက္ဦးလွေဆြႏွင့္ ဆရာေတာ္ဦးပါေမာကၡ၊ ဆရာေတာ္ဦးသုစိတၱအပါအဝင္ ဆရာေတာ္သံဃာ ေတာ္မ်ား၏ ပုဂၢလိ္ကအေကာင့္မ်ားႏွင့္ မေဟာ္သဓာ အခမဲ့ကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး (ရန္ကုန္)၊ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼ ပရိဟိတေဖာင္ေဒးရွင္း (ၿမဳိ႕နယ္အသီးသီး) စေသာ အဖြဲ႔အစည္း ဆုိင္ရာအေကာင့္မ်ား၊ Page မ်ား အေရးယူပိတ္ဆို႔ခံ ပိတ္ပင္ျဖဳတ္ခ်ခံၾကရျခင္းျဖစ္ေသာေၾကာင့္ သံဃာေတာ္မ်ားႏွင့္ ျပည္သူမ်ားက အစုိးရအေပၚ အထင္အျမင္လြဲမွားႏိုင္စရာ ျဖစ္လာပါသည္။

ႏိုင္ငံေရးရည္ရြယ္ခ်က္တစ္ခုတည္းျဖင့္ အမ်ဳိးဘာသာ သာသနာေရးဆုိင္ရာအေကာင့္မ်ားကို ေငြေၾကး သန္းေပါင္း ၆၀၀၀ ေက်ာ္ သံုးစြဲ၍ ႏွိမ္နင္း ႏွိပ္ကြပ္ေနသည္ဟု အစုိးရအေပၚ ေဝဖန္မႈမ်ား ျမင့္တက္ေနပါသည္။ ဝန္ႀကီးအေနျဖင့္ မဟုတ္မမွန္ေၾကာင္း ျငင္းဆိုေနရုံမွ်ျဖင့္ မလံုေလာက္ပါ။ ႏိုင္ငံေတာ္အစိုးရ၏ ပေယာဂ လံုးဝ မပါေၾကာင္း လက္ေတြ႔အားျဖင့္ သက္ေသျပဖုိ႔လုိပါသည္။

ထုိ႔ေၾကာင့္ အေကာင့္မ်ား Page မ်ား ပိတ္သိမ္းအေရးယူျခင္းမ်ား ျပဳလုပ္ၿပီးပါလ်က္ နာမည္ေတာင္ တင္ခြင့္မရွိ ဘြဲ႔အမည္ေတာင္ တင္ခြင့္မရွိ ဓာတ္ပံုေတာင္ တင္ခြင့္မရွိ အလွဴေငြေပးအပ္ပြဲ ပညာေရးရာျပည့္ပြဲ ဒုကၡသည္မ်ား ကယ္ဆယ္ပြဲ ဆင္းရဲသူဆင္းရဲသားမ်ားအား လွဴဒါန္းေထာက္ပံ့ပြဲလို အခမ္းအနားဓာတ္ပံုမ်ဳိးေတာင္ တင္ခြင့္မရွိေတာ့သည့္ ပံုစံမ်ဳိး က်ဴးလြန္ေနသည့္ Facebook Team (Myanmar)ႏွင့္ပတ္သက္၍ သံဃာေတာ္မ်ားႏွင့္ ျပည္သူမ်ား အတိုးအတာတစ္ခုအထိ္ ေက်နပ္ဖြယ္ျဖစ္ေအာင္ တာဝန္ယူ ေျဖရွင္းေပးသင့္ပါသည္။ လက္ရွိအခ်ိန္တြင္ ျပည္သူလူထုေရြးေကာက္ တင္ေျမႇာက္ထားသည့္ ဒီမုိကေရစီအစိုးရျဖစ္ေသာေၾကာင့္ တစ္ကမၻာလံုး အတုိင္းအတာျဖင့္ လြတ္လပ္က်ယ္ျပန္႔စြာ အသံုးျပဳေနေသာ Facebook ၏ Community Standard သတ္မွတ္ခ်က္မွာလည္း ဒီမုိကေရစီနည္းလမ္းက်ေသာ စံသတ္မွတ္ခ်က္တစ္ခု ျဖစ္ရပါမည္။

ဒီမုိကေရစီစနစ္တြင္ မတူကြဲျပားေသာ အယူအဆ၊ ေဝဖန္ေထာက္ျပမႈမ်ားအား တေလးတစားျဖင့္ လက္ခံစဥ္းစား ေပးရန္လိုအပ္ၿပီး လြတ္လပ္စြာသေဘာထားကြဲလြဲခြင့္မွာလည္း ဒီမုိကေရစီ၏အသက္ျဖစ္ပါလ်က္ လက္ရွိ NLD အစုိးရလက္ထက္တြင္ သတင္းမီဒီယာအပါအ၀င္ Facebook လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိ ခြင့္ကုိ ခ်ိဳးေဖာက္ကန္႔သန္႔လ်က္ရွိပါသည္။ အထူးသျဖင့္ ႏိုင္ငံသားတုိ႔၏ မူလအခြင့္အေရးကုိ ဆန္႔က်င္ခ်ိဳးေဖာက္လ်က္ အမ်ိဳးသားေရးအေကာင့္မ်ား၊ အမ်ိဳးသားေရးဆရာေတာ္မ်ား၏ Facebook လူမႈကြန္ရက္စာမ်က္ႏွာမ်ားကုိ တစ္ဖက္သတ္ မတရား ဖိႏွိပ္ ပိတ္ပင္မႈမ်ားမွာ သိသာထင္ရွားလြန္းေနပါသျဖင့္ ဒီမုိကေရစီအစုိးရအတြက္ ရွက္ဖြယ္လိလိျဖစ္ေနပါသည္။

Facebook Team အပါအ၀င္ သက္ဆုိင္ရာတာ၀န္ရွိသူမ်ားအေနျဖင့္ တုိင္းျပည္ႏွင့္ အမ်ားျပည္သူ႔အက်ိဳးစီးပြား အတြက္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးအစရွိသည့္ တုိးတက္ေျပာင္းလဲမႈမ်ားကို မဆုိထားႏွင့္၊  Facebook လူမႈကြန္ရက္တြင္ လြတ္လပ္စြာအသံုးျပဳခြင့္ ဒီမုိကေရစီကုိပင္ ေပးမထားျခင္းက သိကၡာရွိေသာ အစုိးရတစ္ရပ္အတြက္  ရွက္ဖြယ္ေကာင္းေသာ၊ အမ်ိဳးသားေရးသမားမ်ားအေပၚ တစ္ဖက္သတ္ဆန္ေသာ၊ ကုိယ္ႏွင့္အျမင္မတူသူမ်ားႏွင့္ တရားနည္းလမ္းတက် အားၿပိဳင္ရန္ မလုိလားဘဲ အာဏာရွင္ဆန္ဆန္ အေၾကာက္တရားကဲေနေသာ သေဘာထားမ်ားကုိ မ်က္၀ါးထင္ထင္ ေတြ႕ျမင္ေနရပါသည္။

သို႔ျဖစ္၍ Facebook ၏ Community Standard သတ္မွတ္ခ်က္ႏွင့္ညီေသာ အေကာင့္မ်ား Page မ်ား လြတ္လပ္စြာ အသံုးျပဳႏိုင္ေရးအတြက္ Facebook Team (Myanmar) ၏ မတရားဖိႏွိပ္ လုပ္ႀကံေနမႈအေပၚ တာဝန္ရွိဝန္ႀကီးတစ္ေယာက္ အေနျဖင့္ တာဝန္ယူ ေျဖရွင္းေပးေသာအားျဖင့္ တရားမွ်တမႈ၊ တန္းတူညီမွ်ရွိမႈ၊ တရားဥပေဒစုိးမုိးမႈ၊ အဂတိတရားကင္းရွင္းမႈ တို႔ကို ျပည္သူလူထုေရြးေကာက္တင္ေျမႇာက္ထားေသာ အရပ္သားဒီမိုကေရစီအစိုးရပီသစြာ တန္ဖိုးထား ထိန္းသိမ္းေပး ႏိုင္ပါရန္ ေလးျမတ္စြာ တင္ျပအပ္ပါသည္။

Facebook ၏ Community Standard သတ္မွတ္ခ်က္ႏွင့္ညီပါလ်က္ ပိတ္ပင္ခံရေသာ ပို႔စ္မ်ား၊ Facebook ၏ Community Standard သတ္မွတ္ခ်က္ႏွင့္ဆန္႔က်င္ပါလ်က္ လြတ္လပ္စြာ ေစာ္ကားခြင့္ရရွိေနေသာ ပို႔စ္မ်ားကို ပူးတြဲ တင္ျပပါသည္။

အေကာင့္ေပါင္းမ်ားစြာ Page ေပါင္းမ်ားစြာ ပိတ္ဆုိ႔ ျဖဳတ္ခ် ပိတ္သိမ္းခံရသူမ်ား၏ လက္မွတ္မ်ားႏွင့္ ပူးတြဲ တင္ျပပါသည္။

သို့/
ပြည်ထောင်စုဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
နေပြည်တော်

ရက်စွဲ။ ။ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်
အကြောင်းအရာ။ ။Social Media Platform တစ်ခုဖြစ်သည့် Facebook အကောင့်များအား
တစ်ဖက်စောင်းနင်း ပိတ်ပင်နေခြင်းကို ဖြေရှင်းပေးရန် တင်ပြခြင်း။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ဆရာတော်ဦးဝီရသူ၏အကောင့်ကို ပိတ်ပစ်လိုက်ပါသည်။ Facebook မှ ၎င်း၏ Community Standard သတ်မှတ်ချက်များနှင့် မညီသောကြောင့်ဟု သိရပါသည်။

၎င်းနောက် ဇွန်လဆန်းပိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ (ဘူးလက်လှဆွေ)၊ ဆရာတော်ဦးပါမောက္ခ၊ ဆရာတော်ဦးသုစိတ္တ စသည့် ပုဂ္ဂလိကအကောင့်များနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း အဖွဲ့အသီးသီး၏ အကောင့်များ၊ Page များ ပိတ်ပင်ဖြုတ်ချခံခဲ့ရပါသည်။

၎င်းနောက် မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး(ရန်ကုန်)အကောင့်နှင့် Page များ အပိတ်ခံံ ရပါသည်။ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး (ရန်ကုန်) Page နှင့် အကောင့်များ၌ အမျိုးသားရေး၊ နိုင်ငံရေး၊ အမုန်းတရား၊ ခွဲခြားဆက်ဆံရေး၊ ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော်မှု စသည့် ပြဿနာတက်စရာ တစ်စုံတစ်ရာမျှ မတင်ဘဲ လှူဒါန်းမှုများ၊ စားသောက်ပုံများ၊ ဆော့ကစားပုံများသာ တင်ပါသည်။

ထိုသို့ ပရဟိတသက်သက် ပညာရေးသက်သက် အဖွဲ့အစည်းကိုယ်စားပြု အကောင့်ကို ပိတ်ပင်ခြင်းသည် Facebook ၏ Community Standard သတ်မှတ်ချက်နှင့် လုံးဝမဆန့်ကျင်ဘဲ အပြည့်အဝညီညွတ်ပါလျက် မသမာသော ရည်ရွယ်ချက်ဖြင့် တမင်တကာ လုပ်ကြံပိတ်ပင်ခြင်းဖြစ်ကြောင်း သိသာထင်ရှားပါသည်။ ထို့အပြင် ဆရာတော်ဦးဝီရသူနှင့် ပတ်သက်သည့်သတင်းများ၊ ဆရာတော်ဦးဝီရသူ၏ ဓာတ်ပုံများတင်လျှင်လည်း ဖြုတ်ချခိုင်းခြင်း၊ ဒဏ်ခတ်ပိတ်ဆို့ခြင်း၊ အပြီးအပိုင်ပိတ်သိမ်းခြင်းများ ပြုလုပ်နေသည်ကို တွေ့ရပါသည်။

အလှူငွေပေးအပ်နေပုံများ၊ ကလေးလေးများနှင့် စကားပြောနေပုံများ၊ ဆရာတော်ကြီးများအား ဖူးမြော်ပူဇော် နေပုံများ၊ ဆင်းရဲသူဆင်းရဲသားများအား ထောက်ပံ့ကူညီနေပုံများ၊ ကျောင်းသူကျောင်းသားများအား စာအုပ်စာတမ်း ပေးလှူနေပုံများအားလုံး ပိတ်ပင်ဖြုတ်ချခံနေရသကဲ့သို့ ဆရာတော်ဦးဝီရသူ စာချနေပုံ Live လွှွင့်သည့် အကောင့်များ Page များလည်း ဖြုတ်ချပိတ်သိမ်းခံနေရပါသည်။

အဆိုပါ အလှူငွေပေးအပ်နေပုံများ၊ ကလေးလေးများနှင့် စကားပြောနေပုံများ၊ ဆရာတော်ကြီးများအား ဖူးမြော် ပူဇော်နေပုံများ၊ ဆင်းရဲသူဆင်းရဲသားများအား ထောက်ပံ့ကူညီနေပုံများ၊ ကျောင်းသူကျောင်းသားများအား စာအုပ်စာတမ်း ပေးလှူနေပုံများနှင့် ပရိယတ္တိသက်သက် စာချနေပုံများသည် Facebook ၏ Community Standard သတ်မှတ်ချက်နှင့် ဆန့်ကျင်သောကြောင့် အရေးယူခံနေရခြင်းမျိုး မဟုတ်ပါ။

အခြားတစ်ဖက်၌မူ သီတဂူဆရာတော်ကြီးပုံကို ဖိုတိုရှော့ဖြင့် လုပ်ကြံပြစ်မှားထားသည့်အကောင့်များ Page များ၊ ဘုရားရုပ်ပွားတော်၊ စေတီတော်၊ သံဃာတော်ပုံများကို မတော်တရော် ပြုကျင့်နေပုံများ တင်ထားသည့်အကောင့်များ Page များ၊ ဆရာတော်သံဃာတော်များနှင့် ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာတော်ကို ကြမ်းတမ်းရိုင်းပြစွာ ဆဲရေးတိုင်းထွာသည့် ပို့စ်များတင်ထားသည့် အကောင့်များ Page များကိုမူ တစ်စုံတစ်ရာအရေးမယူဘဲ အထူးအခွင့်အရေးအဖြစ် ကင်းလွတ်ခွင့်ပေးထားသည်ကို တွေ့ရှိရပါသည်။

ထို့အပြင် ဆရာတော်သံဃာတော်များနှင့် ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာအပေါ် အမြဲတမ်းတိုက်ခိုက်နေသည့် မွတ်စလင်မီဒီယာ Page များကိုမူ Facebook ၏ Community Standard သတ်မှတ်ချက်နှင့် ကိုက်ညီသယောင် အထူးအခွင့်အရေး ပေးထားသည်ကို တွေ့ရှိရပါသည်။

Facebook Team (Myanmar)၏ လက်ရှိ လုပ်ဆောင်နေမှုများကို တွက်ဆကြည့်ပါက လောလောဆယ် အနေအထား၌ ဗုဒ္ဓဘာသာဝင် အမျိုးသားရေးအင်အားစုများအား ပစ်မှတ်ထား ပိတ်ဆို့နေသော်လည်း နောင်တစ်ချိန်တွင်မူ ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာတော်အပေါ် တစ်ဖက်စောင်းနင်း နှိပ်ကွပ်နေခြင်းများ ကျယ်ပြန့်လာကာ အွန်လိုင်းမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးပုံများ၊ ရုပ်ပွားတော် စေတီတော်ပုံများ လုံးဝ တင်၍မရအောင် ဗုဒ္ဓတရားတော်များ လုံးဝ လွှင့်ခွင့်မရအောင်၊ ဗုဒ္ဓဘာသာဝင်တို့၏အကောင့်များ လုံးဝ မရှိရလေအောင် ရည်ရွယ်ချက်ရှိရှိဖြင့် အတင့်ရဲစွာ သုတ်သင်နှိပ်ကွပ်လာမည့်အရေး စိုးရိမ်စရာရှိနေပါသည်။

ထို့ကြောင့် ဝန်ကြီးအနေဖြင့် ဗုဒ္ဓဘာသာအကောင့်များ တစ်ဖက်သတ်နှိပ်ကွပ်ခံနေရခြင်းအပေါ် လူကြီးပီသစွာ တာဝန်ခံဖြေရှင်းပေးသင့်ပါသည်။ လျစ်လျူမရှုသင့်ပါ။

Facebook တာဝန်ရှိသူများနှင့် မြန်မာအစိုးရ ပြန်ကြားရေးဌာန ပြည်ထောင်စုဝန်ကြီးတို့တွေ့ဆုံပြီး၍ နောက်တစ်နေ့မှာပင် ဘူးလက်ဦးလှဆွေနှင့် ဆရာတော်ဦးပါမောက္ခ၊ ဆရာတော်ဦးသုစိတ္တအပါအဝင် ဆရာတော်သံဃာ တော်များ၏ ပုဂ္ဂလိကအကောင့်များနှင့် မဟော်သဓာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး (ရန်ကုန်)၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရိဟိတဖောင်ဒေးရှင်း (မြို့နယ်အသီးသီး) စသော အဖွဲ့အစည်း ဆိုင်ရာအကောင့်များ၊ Page များ အရေးယူပိတ်ဆို့ခံ ပိတ်ပင်ဖြုတ်ချခံကြရခြင်းဖြစ်သောကြောင့် သံဃာတော်များနှင့် ပြည်သူများက အစိုးရအပေါ် အထင်အမြင်လွဲမှားနိုင်စရာ ဖြစ်လာပါသည်။

နိုင်ငံရေးရည်ရွယ်ချက်တစ်ခုတည်းဖြင့် အမျိုးဘာသာ သာသနာရေးဆိုင်ရာအကောင့်များကို ငွေကြေး သန်းပေါင်း ၆၀၀၀ ကျော် သုံးစွဲ၍ နှိမ်နင်း နှိပ်ကွပ်နေသည်ဟု အစိုးရအပေါ် ဝေဖန်မှုများ မြင့်တက်နေပါသည်။ ဝန်ကြီးအနေဖြင့် မဟုတ်မမှန်ကြောင်း ငြင်းဆိုနေရုံမျှဖြင့် မလုံလောက်ပါ။ နိုင်ငံတော်အစိုးရ၏ ပယောဂ လုံးဝ မပါကြောင်း လက်တွေ့အားဖြင့် သက်သေပြဖို့လိုပါသည်။
ထို့ကြောင့် အကောင့်များ Page များ ပိတ်သိမ်းအရေးယူခြင်းများ ပြုလုပ်ပြီးပါလျက် နာမည်တောင် တင်ခွင့်မရှိ ဘွဲ့အမည်တောင် တင်ခွင့်မရှိ ဓာတ်ပုံတောင် တင်ခွင့်မရှိ အလှူငွေပေးအပ်ပွဲ ပညာရေးရာပြည့်ပွဲ ဒုက္ခသည်များ ကယ်ဆယ်ပွဲ ဆင်းရဲသူဆင်းရဲသားများအား လှူဒါန်းထောက်ပံ့ပွဲလို အခမ်းအနားဓာတ်ပုံမျိုးတောင် တင်ခွင့်မရှိတော့သည့် ပုံစံမျိုး ကျူးလွန်နေသည့် Facebook Team (Myanmar)နှင့်ပတ်သက်၍ သံဃာတော်များနှင့် ပြည်သူများ အတိုးအတာတစ်ခုအထိ ကျေနပ်ဖွယ်ဖြစ်အောင် တာဝန်ယူ ဖြေရှင်းပေးသင့်ပါသည်။ လက်ရှိအချိန်တွင် ပြည်သူလူထုရွေးကောက် တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရဖြစ်သောကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လွတ်လပ်ကျယ်ပြန့်စွာ အသုံးပြုနေသော Facebook ၏ Community Standard သတ်မှတ်ချက်မှာလည်း ဒီမိုကရေစီနည်းလမ်းကျသော စံသတ်မှတ်ချက်တစ်ခု ဖြစ်ရပါမည်။

ဒီမိုကရေစီစနစ်တွင် မတူကွဲပြားသော အယူအဆ၊ ဝေဖန်ထောက်ပြမှုများအား တလေးတစားဖြင့် လက်ခံစဉ်းစား ပေးရန်လိုအပ်ပြီး လွတ်လပ်စွာသဘောထားကွဲလွဲခွင့်မှာလည်း ဒီမိုကရေစီ၏အသက်ဖြစ်ပါလျက် လက်ရှိ NLD အစိုးရလက်ထက်တွင် သတင်းမီဒီယာအပါအဝင် Facebook လူမှုကွန်ရက်စာမျက်နှာများ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ကို ချိုးဖောက်ကန့်သန့်လျက်ရှိပါသည်။ အထူးသဖြင့် နိုင်ငံသားတို့၏ မူလအခွင့်အရေးကို ဆန့်ကျင်ချိုးဖောက်လျက် အမျိုးသားရေးအကောင့်များ၊ အမျိုးသားရေးဆရာတော်များ၏ Facebook လူမှုကွန်ရက်စာမျက်နှာများကို တစ်ဖက်သတ် မတရား ဖိနှိပ် ပိတ်ပင်မှုများမှာ သိသာထင်ရှားလွန်းနေပါသဖြင့် ဒီမိုကရေစီအစိုးရအတွက် ရှက်ဖွယ်လိလိဖြစ်နေပါသည်။

Facebook Team အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တိုင်းပြည်နှင့် အများပြည်သူ့အကျိုးစီးပွား အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့် တိုးတက်ပြောင်းလဲမှုများကို မဆိုထားနှင့်၊ Facebook လူမှုကွန်ရက်တွင် လွတ်လပ်စွာအသုံးပြုခွင့် ဒီမိုကရေစီကိုပင် ပေးမထားခြင်းက သိက္ခာရှိသော အစိုးရတစ်ရပ်အတွက် ရှက်ဖွယ်ကောင်းသော၊ အမျိုးသားရေးသမားများအပေါ် တစ်ဖက်သတ်ဆန်သော၊ ကိုယ်နှင့်အမြင်မတူသူများနှင့် တရားနည်းလမ်းတကျ အားပြိုင်ရန် မလိုလားဘဲ အာဏာရှင်ဆန်ဆန် အကြောက်တရားကဲနေသော သဘောထားများကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါသည်။

သို့ဖြစ်၍ Facebook ၏ Community Standard သတ်မှတ်ချက်နှင့်ညီသော အကောင့်များ Page များ လွတ်လပ်စွာ အသုံးပြုနိုင်ရေးအတွက် Facebook Team (Myanmar) ၏ မတရားဖိနှိပ် လုပ်ကြံနေမှုအပေါ် တာဝန်ရှိဝန်ကြီးတစ်ယောက် အနေဖြင့် တာဝန်ယူ ဖြေရှင်းပေးသောအားဖြင့် တရားမျှတမှု၊ တန်းတူညီမျှရှိမှု၊ တရားဥပဒေစိုးမိုးမှု၊ အဂတိတရားကင်းရှင်းမှု တို့ကို ပြည်သူလူထုရွေးကောက်တင်မြှောက်ထားသော အရပ်သားဒီမိုကရေစီအစိုးရပီသစွာ တန်ဖိုးထား ထိန်းသိမ်းပေး နိုင်ပါရန် လေးမြတ်စွာ တင်ပြအပ်ပါသည်။

Facebook ၏ Community Standard သတ်မှတ်ချက်နှင့်ညီပါလျက် ပိတ်ပင်ခံရသော ပို့စ်များ၊ Facebook ၏ Community Standard သတ်မှတ်ချက်နှင့်ဆန့်ကျင်ပါလျက် လွတ်လပ်စွာ စော်ကားခွင့်ရရှိနေသော ပို့စ်များကို ပူးတွဲ တင်ပြပါသည်။
အကောင့်ပေါင်းများစွာ Page ပေါင်းများစွာ ပိတ်ဆို့ ဖြုတ်ချ ပိတ်သိမ်းခံရသူများ၏ လက်မှတ်များနှင့် ပူးတွဲ တင်ပြပါသည်။