Monthly Archives: May 2020
သတင်းဆောင်းပါး
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၅)
“အနားယူကျင့်စဉ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) နေ့ဆွမ်းစားပြီး၍ သဟာယကျောင်းသို့ ပြန်ရောက်သည်နှင့် လက်ဆေး ပါးစပ်ဆေး သွားတိုက် ခံတွင်းသန့်ရှင်းရေးလုပ်ပါသည်။ မနက်ပိုင်း လုပ်လက်စအလုပ်များကို လက်စသပ်ပါသည်။အွန်လိုင်းအတွက် သတင်းရေးခြင်း၊ ဆောင်းပါးရေးခြင်း၊ အချက်အလက်ရှာခြင်းများ ပြုလုပ်ပါသည်။နေ့ဆွမ်းစားပြီး ချက်ချင်းကျိန်းစက်အနားယူခြင်းမျိုး မရှိပါ။ အမျိုးသားရေးအတွက် အချိန်ပေးရပါသည်။ပုံမှန်အားဖြင့် မွန်းလွဲ ၁း၃၀နာရီမှ ၂း၀၀နာရီအတွင်း အိပ်ရာဝင်ပါသည်။ နေ့ဘက်အိပ်သည့်အခါ ခေါင်းအုံးမသုံးပါ။ အိပ်ရာခင်းပေါ်မှာ တစ်ကိုယ်လုံးတပြေးညီကျောဆန့်၍ ပက်လက်အနေအထားဖြင့် အိပ်ပါသည်။ လက်နှစ်ဘက်ကို ရင်ဘတ်ပေါ်တင်၍ တရားရှုမှတ်သည့်ပုံစံမျိုးမဟုတ်ဘဲ လက်နှစ်ဘက်ကို ခါးနှင့်ကပ်လျက် အထက်အောက်ဆန့်တန်းပြီး လက်ဖဝါးများကို မှောက်ထားကာ ...
အဆိုအမိန့်
“ချစ်လို့လား မုန်းလို့လား” (၆)
လက်ဆေးပြတာ မကြိုက်လို့မှ မဟုတ်တာ၊လက်ဆေးပြတာ သူ့အလုပ်မဟုတ်လို့ ပြောကြတာ။ ကျန်းမာရေး Talk show တွေ မကြိုက်လို့မှ မဟုတ်တာ၊ဆရာဝန်မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးအလုပ် ဝင်လုပ်နေလို့ ပြောကြတာ။ ကိုဗစ်သတင်းထုတ်ပြန်ပေးတာ မကြိုက်လို့မှ မဟုတ်တာ၊ပြန်ကြားရေးဝန်ကြီးမဟုတ်ဘဲ ပြန်ကြားရေးဝင်လုပ်နေလို့ ပြောကြတာ။ လူနာတွေနဲ့ ဗွီဒီယိုချက်တာ မကြိုက်လို့မှ မဟုတ်တာ၊သတင်းသမားမဟုတ်ဘဲ အင်တာဗျူးဝင်လုပ်နေလို့ ပြောကြတာ။ ပရဟိတဦးဆောင်နေတာ မကြိုက်လို့မှ မဟုတ်တာ၊နေရာတကာ လူစွာလုပ်ရင်း တိုင်းပြည်မွဲပြာကျလာနေလို့ ပြောကြတာ။ အခုအချိန်ထိ ကိုယ့်နေရာကိုယ်မသိ၊ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ နေရာတကာဝင်ရှုပ်နေတာတွေဟာ နိုင်ငံ့ခေါင်းဆောင်ကောင်း ဟုတ် မဟုတ်၊ ဒီမိုကရေစီကျင့်ဝတ်နှင့် ညီ ...
မုဒိတာရပ်ဝန်းသတင်း
“မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့၊ ဒေါ်တင်တင်ဌေး မိသားစုမှ အလှူငွေ ၅၀၀၀၀၀ိ (ငါးသိန်းကျပ်) လှူဒါန်းပါသည်။ (5.5.2020) အလှူရှင် ဒေါ်တင်တင်ဌေးမိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည်မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ...
အဆိုအမိန့်
“ချစ်လို့လား မုန်းလို့လား” (၅)
လွတ်ငြိမ်းချမ်းသာပေးတာ မကြိုက်လို့မှ မဟုတ်တာ၊ပြည်သူတွေ ရောဂါပိုကူးစက်အောင် လူစုလူဝေးတမင်ဖန်တီးသလိုဖြစ်နေလို့ ပြောကြတာ။ အကျဉ်းသားတွေ မလွတ်မြောက်စေချင်လို့မှ မဟုတ်တာ၊ဘင်္ဂလီတွေကို လွှတ်ပေးချင်တာကို လွတ်ငြိမ်းချမ်းသာခေါင်းစဉ်တပ်ပြီး အခြားအကျဉ်းသားတွေကို အသုံးချသွားလို့ ပြောကြတာ။ အကျဉ်းသားတွေကို မိသားစုနဲ့ မတွေ့ဆုံစေချင်လို့မှ မဟုတ်တာ၊လူစုလူဝေး မလုပ်သင့်တဲ့အချိန်အခါမျိုးကြီးမှာ လူစုလူဝေးလုပ်ပေးသလိုဖြစ်နေလို့ ပြောကြတာ။ ဘင်္ဂလီတွေကို မစာနာလို့မှမဟုတ်တာ၊ခိုးဝင်တွေကိုတော့ အမှုရုပ်သိမ်းပေလိုက်ပြီး ကိုယ့်တိုင်းရင်းသားတွေကျ အမှုတန်းလန်းကြီးထားရက်ခဲ့လို့ ပြောကြတာ။ ဘင်္ဂလီတွေကို အိမ်တစ်လုံး၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ ငွေသုံးသိန်းပေးတာ မနာလို့လို့ ပြောတာမှမဟုတ်တာ၊ကိုဗစ်ဘေးသင့်ပြည်သူတွေအပေါ် အင်္ဂလီတွေလောက်တောင် စေတနာမထားလို့ ပြောကြတာ။ အမျိုးသားရေးသမားတွေ ထောက်ပြနေတဲ့ အချက်အလက်တွေကိုကြည့်ရင် ...
အဆိုအမိန့်
“ထမိံဌာပနာထားတဲ့ တောင်ပို့ဘုရားကိုးကွယ်သူ”
အဆိုအမိန့်
“အကန်းယုံ အကုန်ရမ်း”
သတင်းဆောင်းပါး
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၄)
“ ရေချိုး ဆွမ်းစား ကျင့်စဉ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) စာချပြီး၍ သဟာယကျောင်းသို့ ပြန်ရောက်သည့်အခါ ချွေးဒဏ်ခံ ကိုယ်ပတ်သင်္ကန်းလေးမှာ ချွေးအတော်စိုရွှဲနေပေပြီ။ ထိုကိုယ်ပတ်သင်္ကန်းလေးကို ချွတ်ယူကာ တစ်ကိုယ်လုံးအနှံ့ ချွေးများကို သုတ်ပစ်ပါသည်။ ချွေးခြောက်မှ ရေချိုးပါသည်။ စာဝါချသည်က မနက် ၉း၃၀နာရီမှ ၁၀း၃၀နာရီထိဖြစ်သဖြင့် နေ့ဆွမ်း ၁၁း၀၀နာရီအမီ ရေချိုးရပါသည်။ ရေချိုးနေစဉ် ၁၁း၀၀နာရီကျော်သွားတတ်သဖြင့် ရေချိုးခန်းထဲမှာ နာရီချိတ်ထားတတ်ပါသည်။ မစိုးရိမ်တိုက်သစ်တွင် နာရီစင်ကြီးရှိသော်လည်း ရေပိုက်ဖွင့်ထားချိန် ရေခပ်လောင်းနေချိန်တွင် နာရီစင်မှ အချက်ပေးသံ မကြားရတတ်ပါ။ ရေချိုးသည့်အခါ ဒူးခေါင်းမှစလောင်း၍ ...