Monthly Archives: February 2018

သတင်း

ဓမ္မဓရဝါဆိုကျောင်း နောင်တော်ညီတော်များနှင့်အတူ

29.1.2018 ရက်နေ့ ညနေ ၆း၀၀နာရီ မန္တလေး ချမ်းမြသာစည်မြို့နယ် ဓမ္မဓရဝါဆိုကျောင်းမှာ တွေ့ဆုံကြတာပါ။ ဓမ္မဓရဝါဆိုကျောင်း ဆရာတော် ဒေါက်တာအရှင်ကုမာရထံ သွားရောက် ဂါရဝပြုရင်း ကျောင်းတိုက်ကြီးတစ်ခုလုံးရဲ့ ပရိယတ္တိပညာရပ်ဆိုင်ရာ သာသနာရေးရာများကို တိုင်ပင်ဆွေးနွေးကြတာပါ။ လောလောဆယ်တော့ ခရီးတိုတိုနဲ့ အင်မတန်အောင်မြင်တဲ့ စာသင်တိုက်ကြီးပါ။ သာမဏေကျော်ဘွဲ့ရ ညီတော်လေးတွေ ဓမ္မာစရိယဘွဲ့ရ ညီတော်လေးတွေ ဦးစီးသင်ကြားပေးနေပါတယ်။ စာချဆရာတော်လေးများနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးဖြစ်ပါတယ်။ သာသနာရေးရာ အင်မတန်တက်ကြွတဲ့ ရဟန်းပျိုလေးတွေပါ။ နောင်တော်ကြီးဦးကုမာရ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဓမ္မဓရဝါဆိုကျောင်းနဲ့ပတ်သက်ပြီး အရင်နှစ်တွေတုန်းက တောထွက်ဦးဇင်းကြီးတစ်ပါး(ဖိုးတောကြီးတစ်ပါး) ကျောင်းလုလို့ ရှင်းခဲ့ရပါသေးတယ်။ ဖိုးတောကြီးဘက်မှာ လူမိုက်အားပေးလုပ်နေတဲ့ ကိုယ်တော်ကြီးတစ်ပါးက အဝင်အထွက်ကောင်း ...
မန်းမဟော်သဓာသတင်း

အစည်းအဝေးဖိတ်ကြားခြင်း

သို့ ဗဟိုကော်မတီဝင်များအားလုံး လုပ်ငန်းကော်မတီဝင်များ ရက်စွဲ။ ၂ဝ၁၈ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အကြောင်းအရာ။ ။ အစည်းအဝေးဖိတ်ကြားခြင်း ——————————- မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင် အထက်တန်း ကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီဝင်များ အားလုံးနှင့် လုပ်ငန်းကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၊ မန်းမဟော်သဓာ အစည်းအဝေးအမှတ်စဉ် (၃/၂ဝ၁၈)ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် မပျက်မကွက်တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ မိန့်မှာချက်အရ – ဘဒ္ဒန္တဝိစိတ္တာဘိဝံသ တာဝန်ခံ မန်းမဟော်သဓာဖြစ်မြောက်ရေးဗဟိုကော်မတီ နေ့ရက် ==== ၄-၂-၂ဝ၁၈ (တနင်္ဂနွေနေ့) အချိန် ...
နဂါးနီစုဘူးသတင်း

ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (၁.၂.၂ဝ၁၈) မွန်းလွဲ(၁ါ်၃ဝ)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်တင်စန်းတို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်းအသင်းဝင်(၁၆၀)ဦး တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီနှင့် တစ်သိန်းတန်း(၁၁၂)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၁၇

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK-ကျောက်မျက်) မိသားစုနှင့် ဝိုင်းတော်သားများက အလှူငွေ ၁၃၇၉၀၀၀(တစ်ဆယ့်သုံးသိန်းခုနစ်သောင်းကိုးထောင်)ကျပ် လှူဒါန်းစဉ်။ (25.1.2018) (မန်း မဟော်သဓာ ပညာရေး အလှူငွေဖြတ်ပိုင်း ဘောင်ချာစာအုပ် နံပါတ်(၆၇)ဖြင့် အလှူခံရာ အလှူရှင် ၉၈ဦးတို့က တစ်ထောင်ကျပ်၊ သုံးထောင်ကျပ်၊ ငါးထောင်ကျပ်၊ တစ်သောင်းကျပ်၊ နှစ်သောင်းကျပ်၊ သုံးသောင်းကျပ်၊ ငါးသောင်းကျပ်၊ နှစ်သိန်းကျပ်တိုင်အောင် အသီးအသီး လှူဒါန်းငွေများကို အမရပူရမြို့နှင့် ...
သတင်း

မဘသအဖွဲ့အစည်းကြီးထဲမှာ ဦးဇင်းအတွက်နေရာမရှိတော့ပေမဲ့ ဦးဇင်းရဲ့ခြေရာတွေကတော့ နေရာမလပ်ကျန်ရစ်ခဲ့တာပဲလေ(၂-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ရခိုင်သတင်းလေးလည်း နည်းနည်းမေးချင်ပါတယ်ဘုရား။ ဒေါက်တာအေးမောင်တို့၊ ကိုဝေဟင်အောင်တို့ အဖမ်းခံရတယ်၊ ရခိုင်တိုင်းရင်းသား ၇ ဦးလည်း ပစ်ခတ်မှုကြောင့် သေဆုံးတယ်။ ဒီလိုအချိန်မှာ အစိုးရအနေနဲ့ မှားတယ်မှန်တယ်ဆိုတာကို အဖြေရှာသင့်လား၊ ဒါမှမဟုတ် ရခိုင်နဲ့ ဗမာ တိုင်းရင်းသားချင်း အပြန်အလှန် နားလည်ယုံကြည်မှုတည်ဆောက်တာ ပိုပြီးအရေးကြီးလား။ ဘယ်ဟာရ ပိုအရေးကြီးမယ်လို့ထင်လဲဘုရား။ ဖြေ- အစိုးရကိုင်တွယ်မှုကတော့ အတော်အားနည်းပါတယ်။ ပြောရရင်လည်း ဆီလိုအပေါက်ရှာပြီး ဝေဖန်တယ်ထင်မှာစိုးလို့ မပြောခဲ့တာ။ တကယ်တော့ ရခိုင်ဘက်က ဖြစ်တဲ့ကိစ္စကလည်း ဒီဟောပြောမှုမှာ ပါဝင်တဲ့ အချက်အလက်တွေကို ...
သတင်းအင်တာဗျူး

မဘသအဖွဲ့အစည်းကြီးထဲမှာ ဦးဇင်းအတွက်နေရာမရှိတော့ပေမဲ့ ဦးဇင်းရဲ့ခြေရာတွေကတော့ နေရာမလပ်ကျန်ရစ်ခဲ့တာပဲလေ(၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ပထမဆုံးအနေနဲ့ နေပြည်တော်မှာကျင်းပတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်တွေ တွေ့ဆုံတဲ့ အစည်းအဝေးပေါ့ဘုရား။ အဲဒီမှာ မဘသဆရာတော်တွေလည်း ပါတာပေါ့ဘုရား။ အဲဒီအစည်းအဝေးပွဲမှာ အရှင်ဘုရားကို မတွေ့ရဘူးဆိုတော့ ဘာ့ကြောင့် မတက်ဖြစ်တာလဲ သိချင်ပါတယ်ဘုရား။ ဖြေ- နံပါတ်(၁)ကတော့ မဘသ အမည်ပြောင်း ဖောင်ဒေးရှင်းက နုတ်ထွက်ထားတာပေါ့နော်။ နုတ်ထွက်ထားပါလျက် အစည်းအဝေးတွေမှာပါ၊ ဟိုအခမ်းအနားပါ ဒီအခမ်းအနားပါပါ ပါနေတဲ့အခါကျတော့ ဦးဇင်းကြောင့် ဖောင်ဒေးရှင်းကြီး ပုံရိပ်ထိခိုက်နိုင်တယ်ဆိုတဲ့အသံတွေလည်း ကြားနေရတာပေါ့နော်။ ကိုယ့်ကြောင့် ဖောင်ဒေးရှင်းကြီးရဲ့ပုံရိပ် ထိခိုက်မှာစိုးလို့ မတက်တာပါ။ ဖောင်ဒေးရှင်းကြီးကတော့ဖုန်းလည်းဆက်ပါတယ်။ ဖိတ်စာလည်း ...
မန်းမဟော်သဓာသတင်း

မဟော်သဓာမြေမှ ခရိုနီပေါက်စလေးတွေ

28.1.2018 ရက်နေ့ ညနေ ၄း၀၀ နာရီ မန်း မဟော်သဓာ ကော်မတီအသီးသီးမှ အဖွဲ့ဝင်များ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာသို့ သွားရောက်ကြပါတယ်။ ကျောက်ချောကျေးရွာမရောက်ခင် မျိုးချစ်မယ်နှစ်ဦးက လက်ဖက်ရည်တိုက်ဖို့ ပင့်ဖိတ်တာကြောင့် ကျွဲနဖားရွာ ဆိုင်းဘုတ်အနီးက လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပါတယ်။ အမျိုးသားအမျိုးသမီးများက လက်ဖက်ရည်မှာယူသောက်ကြပြီး ဆရာတော်သံဃာတော်များက သံပုရာရည် ဘုဉ်းပေးကြပါတယ်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က မျိုးချစ်တွေဖြစ်နေပါတယ်။ လက်ဖက်ရည်ဆိုင်ကြွဖို့ ပင့်ဖိတ်တဲ့အမျိုးသမီးက ဆိုင်ရှင်အမျိုးသမီးဖြစ်နေတာပါ။ မန်း မဟော်သဓာ ဝိုင်းတော်သူ ဝိုင်းတော်သားအားလုံး ပွဲဦးထွက် ကံကောင်းတယ်လို့ မှတ်ရမှာပါ။ မိတ်သစ်ဆွေသစ်တွေ တိုးသွားလို့ပါ။ ၄င်းနောက် မဟော်သဓာမြေကွက်ကို လိုက်လံကြည့်ရှုကြပါတယ်။ စာသင်ဆောင်မဆောက်လုပ်ခင် ကြိုတင်ဆောက်လုပ်ရမှာတွေကို ပြင်ဆင်ကြရပါတယ်။ အဲဒီနောက်မှာတော့ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၁၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်၊ ဒေါ်ကြင်ကြင်ဌေး (သား)ဦးမောင်မောင်ခင် မိသားစု အလှူငွေ ၁၁၀၀၀၀(တစ်သိန်းတစ်သောင်း)ကျပ် လှူဒါန်းစဉ်။ မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ ...
သတင်း

ရွာပြင်ထုတ်ခံရသူကြီး

ဒီစာအုပ်မှာ ဆရာတော်ဦးဝီရသူ၏  အမျိုးသားရေးရှုမြင်ချက်၊ နိုင်ငံရေးယူဆချက်၊ အမျိုး ဘာသာ သာသနာအရေး မျှော်လင့်ချက်နှင့် ဘဝအစိတ်အပိုင်းအချို့ ပါဝင်ပါတယ်။ အောင်ဇေယျတုဂျာနယ်နဲ့ မြန်မာ့ဥဒါန်းဂျာနယ်တို့မှာ အပတ်စဉ်ဖော်ပြခဲ့တဲ့ ဆရာတော်ဦးဝီရသူနဲ့ ၂ဝ၁၇ ခုနှစ်အတွင်း မေးမြန်းထားသမျှအင်တာဗျူးတွေကို စုစည်းထုတ်ဝေထားခြင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှာ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ စတင်ဖြန့်ချိမှာဖြစ်ပါတယ်။ စာအုပ်များ မှာယူလိုပါက ဖုန်း- ဝ၉၄၄၃ဝ၄၆၂၂၆၊ ဝ၉၇၃ဝ၄၆၂၂၆ တို့ကို ဆက်သွယ်မှာယူနိုင်ပါတယ်။ ငြိမ်းချမ်းသာ