သတင္း

ေရႊတိဂုံ ေစတိယဂၤဏ ရာျပည့္ပြဲ ေန႔ဆြမ္းအလွဴေတာ္

17.2.2018 ရက္ေန႔ မနက္ပုိင္း စာေအာင္ဆုႏွင္းသဘင္အခမ္းအနားအၿပီးမွာ ေန႔ဆြမ္း ဆက္ကပ္ပါတယ္။ ျပည္တြင္းျပည္ပမွ ေစတိယဂၤဏ အဘိဝံသဘြဲ႕ရဆရာေတာ္မ်ား ဂဏဝါစက ဓမၼာစရိယဘြဲ႕ရဆရာေတာ္မ်ား ဝဋံသကာဘြဲ႕ရဆရာေတာ္မ်ား စုံလင္ၾကပါတယ္။

ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ားအား ဂါရဝျပဳ ဖူးေျမာ္ ႏႈတ္ဆက္ျဖစ္ပါတယ္။ ဆရာေတာ္ႀကီးမ်ားက စာေရးသူအား ေမတၱာပုိ႔ ဆုေတာင္းေပးၾကပါတယ္။

မႏၲေလး ခ်မ္းေအးသာစံၿမဳိ႕နယ္ မုိးေကာင္းေက်ာင္းတုိက္ ဇယဝတီဆရာေတာ္ႀကီး ဘဒၵႏၲသုဇနာဘိဝံသ (သ.စ.အ ဓမၼာစရိယ ဝဋံသကာ) ဆြမ္းစားအျပန္မွာ ႏႈတ္ဆက္ခြင့္ရပါတယ္။

ဆရာေတာ္ႀကီးက လႈိက္လႈိက္လွဲလွဲ ျပန္လည္ႏႈတ္ဆက္ပါတယ္။ ဝီရသူ ေကာင္ေလး ေတာက္တီးေတာက္တဲ့ေတြ ေလွ်ာက္လုပ္ေနေပမဲ့ စာက် ရသားပဲဟု မိန္႔ေတာ္မူဖူးေသာ ဆရာေတာ္ႀကီးျဖစ္ပါတယ္။

ဆရာေတာ္ႀကီးက ႀကဳံတုန္းႀကဳံခုိက္ စာေရးသူအား အဘိဓမၼာနဲ႔ပတ္သက္ၿပီး စမ္းသပ္ အကဲခတ္တုန္းက စာေရးသူက ဒိုးဒုိးေဒါက္ေဒါက္ ျပန္ေျဖတဲ့အခါ မိန္႔ၾကားေတာ္မူခဲ့တဲ့ စကားပါ။

ေန႔ဆြမ္းစားတဲ့အခါမွာလည္း ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးတစ္ပါးႏွင့္ ဆြမ္းတစ္ဝုိင္းထဲ ဆုံျဖစ္ပါတယ္။ သူငယ္ခ်င္းမ်ားႏွင့္အတူ ဆြမ္းစားၾကပါတယ္။

စာေရးသူ ဆြမ္းဝုိင္းမွာ ဖူးေျမာ္ရတဲ့ဆရာေတာ္က သက္ေတာ္ ၈၂ ႏွစ္အရြယ္ ေရဦးၿမဳိ႕က ဆရာေတာ္ႀကီးပါ။ ဆရာေတာ္ႀကီးကုိ ရုိေသလုိ႔ ဘြဲ႕ေတာ္ မေလွ်ာက္ဝံ့ပါ။ ဆရာေတာ္ႀကီးကလည္း စာေရးသူကုိ ဝီရသူမွန္း မသိပါ။

စာေပအေၾကာင္း ပရိယတၱိအေၾကာင္းေျပာရင္းမွ ဝီရသူမွန္းသိသြားၿပီး ဝမ္းသာအားရ ျဖစ္သြားပါတယ္။ ဆရာေတာ္ႀကီးအား ေျမာက္မုခ္ ဓာတ္ေလွကားေျခရင္းရွိ ေမာ္ေတာ္ယာဥ္ေပၚအထိ လုိက္ပုိ႔ေပးလုိက္ပါတယ္။

ဆရာေတာ္ႀကီးက လမ္းသိပ္မေလွ်ာက္ႏုိင္ပါ။ စာေရးသူႏွင့္ေတြ႕ရတာ အင္မတန္ေပ်ာ္တဲ့အေၾကာင္း ေက်းဇူးတင္တဲ့အေၾကာင္း တစ္လမ္းလုံးနီးပါး မိန္႔ၾကားပါတယ္။

ဓာတ္ပုံေတြလည္း ရုိက္ခုိင္းပါတယ္။ သူ႔ဆီဓာတ္ပုံေတြ ပုိ႔ေပးဖုိ႔လည္း မွာပါတယ္။ မႏၲေလး မဟာေအာင္ေျမၿမဳိ႕နယ္ ဝိသုဒၶါရုံတုိက္ထြက္ ဆရာေတာ္ႀကီးပါ။

မင္းနဲ႔ေတြ႕ရတာ ေဒၚ….ႏွင့္ ေတြ႕ရတာထက္ ေပ်ာ္တယ္ကြာဟု ခဏခဏမိန္႔ပါတယ္။ ေဒၚ………ကုိေျပာလုိက္ကြာ ငါကေျပာတယ္လုိ႔ ဆုိၿပီးလည္း မွာပါတယ္။

ဓာတ္ေလွကားမွာ ရပ္ေစာင့္ေနေသာ ပရိသတ္ေရွ႕မွာလည္း မိန္႔ပါတယ္။ လမ္းသြားရင္းလည္း မိန္႔ပါတယ္။ ဆရာေတာ္ႀကီးကေတာ့ ေဒၚ…………ကုိ ခါးခါးသီးသီးပါပဲ။ ေဒၚ…..ဆုိတာ မတင္ေရႊကုိ ဆုိလုိပါသတည္း။

ဝီရသူ(မစုိးရိမ္)
27.2.2018
PM 7:51

“ရွှေတိဂုံ စေတိယင်္ဂဏ ရာပြည့်ပွဲ နေ့ဆွမ်းအလှူတော်”

17.2.2018 ရက်နေ့ မနက်ပိုင်း စာအောင်ဆုနှင်းသဘင်အခမ်းအနားအပြီးမှာ နေ့ဆွမ်း ဆက်ကပ်ပါတယ်။ ပြည်တွင်းပြည်ပမှ စေတိယင်္ဂဏ အဘိဝံသဘွဲ့ရဆရာတော်များ ဂဏဝါစက ဓမ္မာစရိယဘွဲ့ရဆရာတော်များ ဝဋံသကာဘွဲ့ရဆရာတော်များ စုံလင်ကြပါတယ်။

ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ဂါရဝပြု ဖူးမြော် နှုတ်ဆက်ဖြစ်ပါတယ်။ ဆရာတော်ကြီးများက စာရေးသူအား မေတ္တာပို့ ဆုတောင်းပေးကြပါတယ်။

မန္တလေး ချမ်းအေးသာစံမြို့နယ် မိုးကောင်းကျောင်းတိုက် ဇယဝတီဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသ (သ.စ.အ ဓမ္မာစရိယ ဝဋံသကာ) ဆွမ်းစားအပြန်မှာ နှုတ်ဆက်ခွင့်ရပါတယ်။

ဆရာတော်ကြီးက လှိုက်လှိုက်လှဲလှဲ ပြန်လည်နှုတ်ဆက်ပါတယ်။ ဝီရသူ ကောင်လေး တောက်တီးတောက်တဲ့တွေ လျှောက်လုပ်နေပေမဲ့ စာကျ ရသားပဲဟု မိန့်တော်မူဖူးသော ဆရာတော်ကြီးဖြစ်ပါတယ်။

ဆရာတော်ကြီးက ကြုံတုန်းကြုံခိုက် စာရေးသူအား အဘိဓမ္မာနဲ့ပတ်သက်ပြီး စမ်းသပ် အကဲခတ်တုန်းက စာရေးသူက ဒိုးဒိုးဒေါက်ဒေါက် ပြန်ဖြေတဲ့အခါ မိန့်ကြားတော်မူခဲ့တဲ့ စကားပါ။

နေ့ဆွမ်းစားတဲ့အခါမှာလည်း ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတစ်ပါးနှင့် ဆွမ်းတစ်ဝိုင်းထဲ ဆုံဖြစ်ပါတယ်။ သူငယ်ချင်းများနှင့်အတူ ဆွမ်းစားကြပါတယ်။

စာရေးသူ ဆွမ်းဝိုင်းမှာ ဖူးမြော်ရတဲ့ဆရာတော်က သက်တော် ၈၂ နှစ်အရွယ် ရေဦးမြို့က ဆရာတော်ကြီးပါ။ ဆရာတော်ကြီးကို ရိုသေလို့ ဘွဲ့တော် မလျှောက်ဝံ့ပါ။ ဆရာတော်ကြီးကလည်း စာရေးသူကို ဝီရသူမှန်း မသိပါ။

စာပေအကြောင်း ပရိယတ္တိအကြောင်းပြောရင်းမှ ဝီရသူမှန်းသိသွားပြီး ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ဆရာတော်ကြီးအား မြောက်မုခ် ဓာတ်လှေကားခြေရင်းရှိ မော်တော်ယာဉ်ပေါ်အထိ လိုက်ပို့ပေးလိုက်ပါတယ်။

ဆရာတော်ကြီးက လမ်းသိပ်မလျှောက်နိုင်ပါ။ စာရေးသူနှင့်တွေ့ရတာ အင်မတန်ပျော်တဲ့အကြောင်း ကျေးဇူးတင်တဲ့အကြောင်း တစ်လမ်းလုံးနီးပါး မိန့်ကြားပါတယ်။

ဓာတ်ပုံတွေလည်း ရိုက်ခိုင်းပါတယ်။ သူ့ဆီဓာတ်ပုံတွေ ပို့ပေးဖို့လည်း မှာပါတယ်။ မန္တလေး မဟာအောင်မြေမြို့နယ် ဝိသုဒ္ဓါရုံတိုက်ထွက် ဆရာတော်ကြီးပါ။

မင်းနဲ့တွေ့ရတာ ဒေါ်….နှင့် တွေ့ရတာထက် ပျော်တယ်ကွာဟု ခဏခဏမိန့်ပါတယ်။ ဒေါ်………ကိုပြောလိုက်ကွာ ငါကပြောတယ်လို့ ဆိုပြီးလည်း မှာပါတယ်။

ဓာတ်လှေကားမှာ ရပ်စောင့်နေသော ပရိသတ်ရှေ့မှာလည်း မိန့်ပါတယ်။ လမ်းသွားရင်းလည်း မိန့်ပါတယ်။ ဆရာတော်ကြီးကတော့ ဒေါ်…………ကို ခါးခါးသီးသီးပါပဲ။ ဒေါ်…..ဆိုတာ မတင်ရွှေကို ဆိုလိုပါသတည်း။

ဝီရသူ(မစိုးရိမ်)
27.2.2018
PM 7:51