မန်းမဟော်သဓာသတင်း








ဝီရသူ(မစိုးရိမ်)
3.1.2018
PM 6:53

“မန်း မဟော်သဓာ စက်ရေတွင်း”

20.2.2018 ရက်နေ့ မန်းမဟော်မြေကွက်သို့ ရန်ကုန် ရွှေပြည်သာ မော်မော်ရွှေဆိုင် မိသားစုနှင့် ဧည့်သည်တော်များ ရောက်ရှိလာကြပါတယ်။

စာရေးသူက မင်းကွန်းတိ/နိ ညီတော်များနှင့် စကားလက်ဆုံကျနေလို့ စာရေးသူနောက် လိုက်လာကြတာပါ။ မင်းကွန်း တိ/နိ ဆရာတော်များအား အအေးကပ်လှူပြီး စာရေးသူအားလည်း နဝကမ္မ ဝတ္ထုငွေများ လှူဒါန်းကြပါတယ်။

မန်း မဟော်သဓာ ကျောင်းမြေမှာ အဝီစိတွင်းရေ လှူဒါန်းလိုကြောင်း လျှောက်ထားကြပါတယ်။ လျှောက်ထားသူကတော့ မော်မော်ရွှေဆိုင်ပိုင်ရှင် ကိုရန်ကြီးအောင်+မမော်မော်တို့၏မိတ်ဆွေ ဦးကျော်မိုးလှိုင်+ဒေါ်ခင်သူဇာတင် (သား) မောင်အောင်ပြေငြိမ်း တခဏတာတွေ့ရသည့် (သန္ဒိဋ္ဌမိသားစု) တို့ ဖြစ်ပါတယ်။

အဝီစိတွင်းရယ် ရေစင်ရယ် ရေစက်ရယ် သုံးခုလုံး စုပေါင်းလှူဒါန်းကြမှာပါ။ လက်ရှိတူးထားတဲ့ ရေတွင်းလေးကတော့ ပေ ၂၀၀ ကျော် လုပ်ငန်းသုံးရေတွင်းလေးပါ။

အခု တူးမည့်ရေတွင်းကတော့ သောက်ရေ သုံးရေ အားလုံးအတွက်ပါ။ ကျောင်းကြီးဆောက်လုပ်ပြီးသွားလို့ ကျောင်းကြီးဖွင့်တဲ့အချိန် ဆရာ ဆရာမများ ကျောင်းသူ ကျောင်းသားများ မိဘပြည်သူများအတွက် ဖြစ်ပါတယ်။

ရေအကျိုးဆယ်ပါး တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေသား။

ဝီရသူ(မစိုးရိမ်)
3.1.2018
PM 6:53