Daily Archives: March 2, 2018

သတင်း

ဘာ့ကြောင့် အမုန်းခံနေသလဲလို့မေးရင် ပြည်သူတွေ နိုင်ငံရေးကိုးကွယ်မှုမမှားအောင် အမုန်းခံနေတယ်လို့ပဲ ဖြေရမှာပါ (အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ပထမဆုံးမေးခွန်းအနေနဲ့ ခုရက် ပိုင်း အရှင်ဘုရားကို ဖမ်းမယ်ဆိုတဲ့ သ တင်းတွေက တော်တော်လေးကြားနေ ရတယ်ဘုရား။ အဲဒီအပေါ်မှာ စိုးရိမ်တဲ့သူ တွေရော ဝမ်းသာတဲ့သူတွေရော ရှိပါ တယ်ဘုရား။ သတင်းတွေ အဲဒီလိုထွက် နေတာနဲ့ပတ်သက်ပြီး ဘာများပြောချင် ပါသလဲဘုရား။ ဖြေ- အဓိကကတော့ လာမယ့် မတ် လ ၉ ရက်နေ့ဆိုရင် တရားပွဲပိတ်ထား တာ တစ်နှစ်ပြည့်ပြီပေါ့နော်။ ၁ဝ ရက် နေ့ဆိုရင် ပြန်လည်ဟောလို့ ရပြီပေါ့။ တရားဟောခွင့် ...
သတင်း

ဝါခင်းကုန်းဆရာတော်ကြီး မွေးနေ့ပွဲ

တပေါင်းလပြည့် 1.3.2018 ရက်နေ့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ တောင်စလင်းတိုက်သစ် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ သက်တော်(၇၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အရုဏ်ဆွမ်းကပ်ပွဲလေးပါ။ မန်း မဘသ ဝိုင်းတော်သားများ ကြွရောက်ခဲ့ပါတယ်။ သံဃာတော်များ အပါး(၂၀၀)ကျော်အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုများ မဲချလှူဒါန်းပါတယ်။ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒကလည်း သံဃာတော်များနှင့် ဧည့်ပရိသတ်များအား ဧည့်ခံ ဆက်ကပ် လှူဒါန်းပါတယ်။ သက်တော်(၇၉)နှစ်ပြည့်မွေးနေ့မှာ စုပေါင်း ကံထပ်ပွဲလည်း ပူးတွဲပါဝင်ပါတယ်။ ကံထပ်မည့် ရဟန်းဒါယိကာ ဒါယိကာမများကတော့ မနည်းလှပါဘူး။ မနက် ၅း၃၀ နာရီ အရုဏ်ဆွမ်းကပ်အပြီးမှာ သံဃာတော်များ စာရေတံမဲလှူဒါန်းတဲ့အခါ ...
သတင်း

အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား(၄)

ဖေဖော်ဝါရီ ၂၂ ရက်နေ့ရက်စွဲဖြင့် The Nyang News သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ဦးဣဿရိယ (ခ)မင်းသုည (ဗုဒ္ဓတက္ကသိုလ်)ဆိုသူ နိုင်ငံရေးဘုန်းကြီးတစ်ပါးနှင့် အင်တာဗျူးသတင်းဖြစ်၏။ “ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ သာသနာတော်အတွက် လုံးဝလျော်ညီမှု မရှိဘူး။ အွန်လိုင်းပေါ်မှာလည်း သာသနာနဲ့မလျော်ညီတာတွေ ရေးသားတယ်။ ဗီဒီယိုဖိုင်နှင့်လည်း လူသတ်သမားကြည်လင်းရဲ့ဆရာဆိုပြီး ပေါ်တင်ဖွင့်ပြောတယ်”ဟူသော စာသားများကို အပေါ်ဆုံးမှာ ရေးသားထားသည်ကို တွေ့ရ၏။ “သံဃာတော်တွေ၊ ပြည်သူပြည်သားတွေကတော့ မလိုလားကြတော့ဘူး”ဟု ခေါင်းစဉ်တပ်ထားသည်ကိုလည်း တွေ့ရသည်။ ၄င်းဖြေကြားချက်ထဲတွင် ထမင်းဝအောင်စားထားခြိမ်းခြောက်စကားကို တွင်တွင်ကျယ်ကျယ် ပြောနေကြောင်း၊ မဟနအမိန့်ကိုလည်း ဖီဆန်နေကြောင်း၊ သာသနာနှင့်မလျော်ညီသည့်ကိစ္စများဖြစ်၍ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၄၃

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး(သမီး) မအိသဲသက်ပိုင်၊ (သား)မောင်ပိုင်ဂါမဏိမျိုးချစ် မိသားစုမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (23.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)၊ သင်္ဃန်းကျွန်းမြို့နယ်၊ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာ မအိရွှေစင်မှ နဝကမ္မအလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ (26.2.2018) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးရွာ ဦးတင်မောင်ထွေးမှ နဝကမ္မအလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းပါသည်။ (28.2.2018) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ...
မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာ စက်ရေတွင်း

20.2.2018 ရက်နေ့ မန်းမဟော်မြေကွက်သို့ ရန်ကုန် ရွှေပြည်သာ မော်မော်ရွှေဆိုင် မိသားစုနှင့် ဧည့်သည်တော်များ ရောက်ရှိလာကြပါတယ်။ စာရေးသူက မင်းကွန်းတိ/နိ ညီတော်များနှင့် စကားလက်ဆုံကျနေလို့ စာရေးသူနောက် လိုက်လာကြတာပါ။ မင်းကွန်း တိ/နိ ဆရာတော်များအား အအေးကပ်လှူပြီး စာရေးသူအားလည်း နဝကမ္မ ဝတ္ထုငွေများ လှူဒါန်းကြပါတယ်။ မန်း မဟော်သဓာ ကျောင်းမြေမှာ အဝီစိတွင်းရေ လှူဒါန်းလိုကြောင်း လျှောက်ထားကြပါတယ်။ လျှောက်ထားသူကတော့ မော်မော်ရွှေဆိုင်ပိုင်ရှင် ကိုရန်ကြီးအောင်+မမော်မော်တို့၏မိတ်ဆွေ ဦးကျော်မိုးလှိုင်+ဒေါ်ခင်သူဇာတင် (သား) မောင်အောင်ပြေငြိမ်း တခဏတာတွေ့ရသည့် (သန္ဒိဋ္ဌမိသားစု) တို့ ဖြစ်ပါတယ်။ အဝီစိတွင်းရယ် ရေစင်ရယ် ရေစက်ရယ် ...