သတင္း

အမ်ဳိးသားေရးစိတ္ထားႏွင့္ ႏုိင္ငံေရးစိတ္ထား(၄)

ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ရက္စြဲျဖင့္ The Nyang News သတင္းတစ္ပုဒ္ ဖတ္လုိက္ရသည္။ ဦးဣႆရိယ (ခ)မင္းသုည (ဗုဒၶတကၠသုိလ္)ဆုိသူ ႏုိင္ငံေရးဘုန္းႀကီးတစ္ပါးႏွင့္ အင္တာဗ်ဴးသတင္းျဖစ္၏။

“ဦးဝီရသူရဲ႕ ေဟာေျပာခ်က္ေတြဟာ သာသနာေတာ္အတြက္ လုံးဝေလ်ာ္ညီမႈ မရွိဘူး။ အြန္လုိင္းေပၚမွာလည္း သာသနာနဲ႔မေလ်ာ္ညီတာေတြ ေရးသားတယ္။ ဗီဒီယုိဖုိင္ႏွင့္လည္း လူသတ္သမားၾကည္လင္းရဲ႕ဆရာဆုိၿပီး ေပၚတင္ဖြင့္ေျပာတယ္”ဟူေသာ စာသားမ်ားကုိ အေပၚဆုံးမွာ ေရးသားထားသည္ကုိ ေတြ႕ရ၏။

“သံဃာေတာ္ေတြ၊ ျပည္သူျပည္သားေတြကေတာ့ မလုိလားၾကေတာ့ဘူး”ဟု ေခါင္းစဥ္တပ္ထားသည္ကုိလည္း ေတြ႕ရသည္။

၄င္းေျဖၾကားခ်က္ထဲတြင္ ထမင္းဝေအာင္စားထားၿခိမ္းေျခာက္စကားကုိ တြင္တြင္က်ယ္က်ယ္ ေျပာေနေၾကာင္း၊ မဟနအမိန္႔ကုိလည္း ဖီဆန္ေနေၾကာင္း၊ သာသနာႏွင့္မေလ်ာ္ညီသည့္ကိစၥမ်ားျဖစ္၍ သက္ဆုိင္ရာမွ ထိေရာက္စြာ အေရးယူေပးဖုိ႔ ေတာင္းဆုိသည့္အေနျဖင့္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္းမ်ား ပါဝင္ေလသည္။

ရဟန္းတစ္ပါး သာသနာႏွင့္မေလ်ာ္ညီသည့္အျပဳအမူကုိ အျခားရဟန္းတစ္ပါးက သတင္းစာရွင္းလင္းပြဲ ျပဳလုပ္၍ ဖမ္းဆီးအေရးယူေပးဖုိ႔ ေတာင္းဆုိျခင္းသည္လည္း သာသနာႏွင့္ ေလ်ာ္ညီပါသေလာ ဟု ျပန္လည္ေမးခြန္းထုတ္စရာျဖစ္လာသည္။

ဘုရားသားေတာ္တစ္ပါးက အျခားဘုရားသားေတာ္တစ္ပါးကုိ ဖမ္းဆီးေစလုိ၍ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္၍ ႏုိင္ငံေရးအရ ဖိအားေပးျခင္းသည္လည္း ဘုရားသားေတာ္၏ အျပဳအမူ ျဖစ္ေလသေလာ မိမိကုိယ္တုိင္ ျပန္လည္ ေမးခြန္းထုတ္ၾကည့္ဖုိ႔လည္း လုိအပ္ေပလိမ့္မည္။

ျမတ္စြာဘုရားပညတ္ေတာ္မူခဲ့သည့္ ဝိနည္းသိကၡာပုဒ္မ်ားက ျပည့္စုံ၏။ ဝိနည္းသိကၡာပုဒ္လာ ပညတ္ေတာ္မ်ား ကလည္း ယဥ္ေက်း၏။

ဒု႒ေဒါသသိကၡာပုဒ္အရ မေက်နပ္ခ်က္သက္သက္ျဖင့္ အေျခအျမစ္မရွိဘဲ ပါရာဇိကျဖင့္ စြပ္စြဲခြင့္မရွိ။ အညဘာဂိယသိကၡာပုဒ္အရ အျခားသူက်ဴးလြန္သည့္အမႈကုိ မက်ဴးလြန္သည့္ အျခားေသာရဟန္းအေပၚ စြပ္စြဲခြင့္မရွိ။ မလုိလားသည့္စိတ္ အလုိမက်သည့္စိတ္ျဖင့္ အညွဳိးအေတးထား၍ အေျခအျမစ္မရွိဘဲ စြပ္စြဲလွ်င္ စြပ္စြဲေသာရဟန္းအား သံဃာဒိသိသ္(ဒုတိယအျပစ္အႀကီးဆုံး) အာပတ္သင့္သည္။

သံဃာဒိသိသ္အာပတ္ျဖင့္ စြပ္စြဲလွ်င္ ပါစိတ္အာပတ္သင့္သည္။ အာစာရဝိပတၱိ(သာသနာႏွင့္မေလ်ာ္ညီေခါင္းစဥ္တပ္၍) အာပတ္အငယ္ မ်ားျဖင့္ စြပ္စြဲလွ်င္ ဒုကၠဋ္အာပတ္သင့္သည္ဟု ဖြင့္ဆုိထားေပသည္။ (ကခၤါ။ ၁၉၀)

ဤသုိ႔ဆုိလွ်င္ အရွင္ဣႆရိယမည္သည့္ အာပတ္သင့္သြားသည္ မည္သုိ႔ေသာ အျပစ္ရွိသြားသည္ မည္သည့္ အျပစ္ကုိ က်ဴးလြန္ရာေရာက္သြားသည္ကုိ သတိျပဳမိႏုိင္မည္ျဖစ္သည္။

မေက်နပ္၍ ဆဲေရးရုံသက္သက္ျဖင့္ စြပ္စြဲျခင္းသည္ အျပစ္မႀကီးေသာ္လည္း စဝနာဓိပၸါယ-ရည္ရြယ္ခ်က္ ရွိရွိ လူထြက္ေစလုိ(ေထာင္က်ေစလုိ)၍ စြပ္စြဲလွ်င္ အျပစ္ႀကီးသည္ကုိလည္း ေတြ႕ရွိရေပမည္။

ျမတ္စြာဘုရားသာသနာေတာ္၏ ယဥ္ေက်းမႈအဆင့္အတန္းျမင့္မားပုံကုိလည္း ေျပာလုိေသးသည္။

ရဟန္း တစ္ပါးကုိ ပါရာဇိကျဖင့္ စြပ္စြဲေတာ့မည္ဆုိလွ်င္ မိမိရည္ညႊန္းရာ(အစြပ္စြဲခံ)ရဟန္းတစ္ပါးထံ ခြင့္ေတာင္းၿပီးမွ စြပ္စြဲရသည္။ ခြင့္မေတာင္းဘဲ စြပ္စြဲလွ်င္ စကားလုံးတုိင္း စကားလုံးတုိင္းမွာ သံဃာဒိသိသ္ႏွင့္ ဒုကၠဋ္အာပတ္ ႏွစ္ခု တြဲလ်က္ကပ္ပါလာသည္။ အေျခအျမစ္မရွိဘဲ စြပ္စြဲသည္ေၾကာင့္ သံဃာဒိသိသ္။ ခြင့္မေတာင္းျခင္းေၾကာင့္ ဒုကၠဋ္သင့္ျခင္းျဖစ္သည္။ ခြင့္ေတာင္းၿပီးမွ စြပ္စြဲလွ်င္ ဒုကၠဋ္မပါေတာ့ဘဲ သံဃာဒိသိသ္သာသင့္သည္။ (ကခၤါ။ ၁၃၈)

လူထြက္ေစလုိသည့္ ေစတနာဆုိးႏွင့္ စြပ္စြဲျခင္းမဟုတ္ဘဲ ေဒါသအေလ်ာက္ ဆဲေရးသည့္အေနျဖင့္ စြပ္စြဲလုိလွ်င္ ေသာ္မွ ခြင့္ေတာင္းၿပီးမွ စြပ္စြဲရသည္။ ခြင့္မေတာင္းဘဲ စြပ္စြဲလွ်င္ ပါစိတ္ႏွင့္ ဒုကၠဋ္အာပတ္သင့္သည္။ မဟုတ္ဘဲ စြပ္စြဲျခင္းေၾကာင့္ ပါစိတ္၊ ခြင့္မေတာင္းျခင္းေၾကာင့္ ဒုကၠဋ္အာပတ္တစ္စုံသည္ စကားလုံးတုိင္းမွာ ကပ္ပါလာသည္။ စကားလုံးတုိင္းမွာ အာပတ္သင့္သည္။ (ကခၤါ။ ၁၃၉)

ထုိ႔ေၾကာင့္ အရွင္ဣႆရိယကုိယ္တုိင္ ဗုဒၶပညတ္ေတာ္မ်ားကုိ ေဖာက္ဖ်က္ရာေရာက္သည္။ သံဃာေတာ္မ်ား၏ ေရွးရုိးအစဥ္အလာ ယဥ္ေက်းမႈကုိ မလုိက္နာရာေရာက္သည္။

ဓမၼဝိနယဟုဆုိအပ္ေသာ သာသနာေတာ္ႏွင့္ မေလ်ာ္ညီမႈကုိ က်ဴးလြန္ရာေရာက္သည္။ အစြပ္စြဲခံရသူက အျပစ္ရွိသည္ဆုိေစကာမူ ဝိနည္းေတာ္အတုိင္းသာ စြပ္စြဲရမည္။ ဝိနည္းစည္းမ်ဥ္းဥပေဒ အတုိင္းသာ တုိင္ၾကားရမည္။ ထုိသုိ႔ တုိင္ၾကားရာ၌လည္း သက္ေသအေထာက္အထား ခုိင္လုံဖုိ႔လုိသည္။ မိမိကုိယ္တုိင္ျမင္သည္ဟူရုံမွ်ျဖင့္ စြပ္စြဲ၍မရ။ အေၾကာင္းမွာ မိမိျမင္သည္ကတစ္ျခား ျဖစ္စဥ္က တစ္ျခားျဖစ္ႏုိင္ ေသာေၾကာင့္(ဝါ)အျမင္ကမွန္သည္လည္းရွိ လြဲသည္လည္းရွိေသာေၾကာင့္ျဖစ္၏။
ဒိ႒ံ နာမ တထာပိ ေဟာတိ အညာထာပိ။ (ကခၤါ။ ၁၅၀)

အရွင္ဣႆရိယအပါအဝင္ ႏုိင္ငံေရးဘုန္းႀကီးေတာ္ေတာ္မ်ားမ်ားက စာေရးသူအား တတိယပါရာဇိက (လူသတ္မႈ)ျဖင့္ စြပ္စြဲတတ္ၾက၏။ တတိယပါရာဇိက အဂၤါငါးရပ္၌ ဝစကစိတၱ သတ္ခ်င္ျဖတ္ခ်င္စိတ္ရွိျခင္း၊ ဥပကၠမ-အားထုတ္ျခင္း၊ ေတန မရဏ – ေသျခင္းဟူေသာ အဂၤါသုံးရပ္ပါဝင္၏။

စာေရးသူသည္ ဦးကုိနီအား သတ္ခ်င္စိတ္လုံးဝမရွိခဲ့။ ဦးကုိနီအား သတ္ျဖတ္ရာ၌ ကာယကံ ဝစီကံ တစ္ခုမွ် မပါဝင္ခဲ့။ ဤသုိ႔ဆုိလွ်င္ ကာယကံ ဝစီကံ မေနာကံ ကံသုံးပါးလုံး ျဖဴစင္သည္ကုိ ေတြ႕ရေပမည္။ တတိယပါရာဇိကႏွင့္ တစ္ျခားစီျဖစ္ေနသည္ကုိ ေတြ႕ရေပမည္။

ကုိယ္တုိင္သတ္ျခင္း၊ သူတစ္ပါးကုိ ေစခုိင္းျခင္းသည္ အခင္းမျဖစ္ခင္ႏွင့္သာ သက္ဆုိင္သည္။ အသက္ခံရမည့္သူ မေသခင္မွာ ေစခုိင္းမွသာ သက္ဆုိင္သည္။ အသတ္ခံရမည့္သူ မေသခင္မွာ ေစခုိင္းမွသာ က်ဴးလြန္ရာေရာက္သည္။ ထုိ႔ေၾကာင့္ ပါရာဇိကႏွင့္ လားလားမွ် မသက္ဆုိင္ေပ။ (ကခၤါ။ ၁၂၃။)

စာေရးသူက ဦးၾကည္လင္းကုိ ေက်းဇူးစကားဆုိသည္က အခင္းျဖစ္ၿပီးေနာက္ ရက္ေပါင္းမ်ားစြာၾကာမွ ျဖစ္သည္။

ထုိစကားကုိ ေထာက္၍ မရဏဝဏၰံ ဝါ သံဝေဏၰယ်၊ မရဏာယ ဝါ သမာဒေပယ်-အရ ပါရာဇိကျဖင့္ စြပ္စြဲေနၾကသည္မ်ားလည္း ရွိသည္။ မရဏဝဏၰံ ဝါ သံဝေဏၰယ်က ေသခ်င္လာေအာင္ (ေသခ်င္စိတ္ေပၚလာေအာင္)စည္းရုံးေသာစကားျဖစ္သည္။ ထုိသုိ႔စည္းရုံးေဟာေျပာမႈေၾကာင့္ စည္းရုံးခံရသူက မိမိကုိယ္တုိင္ လုပ္ႀကံ၍ ေသသြားလွ်င္ စည္းရုံးေရးမွဴး ရဟန္းေတာ္ ပါရာဇိကက်သည္။

မရဏာယ ဝါ သမာဒေပယ်က အလြယ္တကူ ေသႏုိင္ေအာင္ စီမံေပးမႈကုိ ဆုိလုိသည္။ ဥပမာ စိတ္ညစ္ေနသူ အနီးမွာ အဆိပ္ပုလင္းထားေပးျခင္း၊ ဓား-လွံ လက္နက္မ်ား ႀကဳိးကြင္းမ်ား ထားေပးျခင္းျဖစ္သည္။ စိတ္ညစ္ေနသူက အဆိပ္ေသာက္ေသသြားလွ်င္ျဖစ္ေစ၊ ႀကဳိးဆြဲခ်ေသသြားလွ်င္ျဖစ္ေစ အဆိပ္ပုလင္း-ႀကဳိးကြင္း ထားေပးသူ ထားခုိင္းသူျဖစ္ေသာ ရဟန္းေတာ္ ပါရာဇိက က်သည္။ (ကခၤါ။ ၁၂၂-၃။)

ဤသုိ႔ဆုိလွ်င္ ဦးၾကည္လင္းကုိ ေက်းဇူးတင္စကားဆုိျခင္းသည္ ပါရာဇိကႏွင့္ လုံးဝမသက္ဆုိင္မွန္း ထင္ရွားသည္။

ဦးၾကည္လင္းကုိ ေက်းဇူးတင္ရုံမွ်ျဖင့္လည္း လူသတ္မႈကုိ အားေပးရာမေရာက္ပါ။ လူသတ္မႈကတစ္ျခား ေက်းဇူးတရားက တစ္ျခားျဖစ္ေလသည္။

ရဲေဘာ္သုံးက်ိပ္ကုိ ေက်းဇူးစကားဆုိရုံျဖင့္ လူသတ္မႈကုိ အားေပးရာ မေရာက္ႏုိင္။ စစ္တုိက္ျခင္းကတစ္ျခား ေက်းဇူးတရားက တစ္ျခားသာျဖစ္သည္။

လူသတ္သမားကုိ ေက်းဇူးစကားဆုိတုိင္း လူသတ္မႈကုိ အားေပးရာေရာက္သည္ဟုဆုိလွ်င္ ရဲေဘာ္သုံးက်ိပ္ကုိ ေက်းဇူးတင္ရုံမွ်ျဖင့္ ရဟန္းမွန္သမွ် ပါရာဇိက က်ရေတာ့မည့္ကိန္း ဆုိက္ေရာက္သြားေပလိမ့္မည္။

ယခုလက္ရွိ အေျခအေနအရ ဦးၾကည္လင္းတုိ႔အဖြဲ႕ကုိ အငတ္ထားရမည့္သေဘာ သက္ေရာက္ေနေပသည္။ လူသတ္သမားကုိ ေထာက္ခံျခင္း၊ အားေပးျခင္း၊ ေကၽြးေမြးျခင္းသည္ ဒုစရုိက္မႈ မေျမာက္ပါ။ လူသတ္သမားကုိ အငတ္ထားျခင္းသည္လည္း ဗုဒၶတရားေတာ္ႏွင့္ မညီပါ။

အခ်ဳပ္သားျဖစ္ေစ အက်ဥ္းသားျဖစ္ေစ အားလုံးသည္ လူသားမ်ားသာျဖစ္သည္။ စာနာရမည္။ ၾကင္နာရမည္။ ေကၽြးေမြးေစာင့္ေရွာက္ရမည္။ ဤသည္မွာ ျဗဟၼစုိရ္တရားျဖစ္သည္။

ေဒဝဒတ္ႏွင့္ ရာဟုလာအေပၚ တန္းတူစိတ္ထားႏုိင္ျခင္းကုိသာ ေမတၱာစစ္ဟု ေခၚဆုိသည္။ ေဒဝဒတ္ကုိ မၾကည္ညုိခြင့္ရွိသည္။ ေဒဝဒတ္ကုိ ျပစ္မွားခြင့္မရွိ။ ေဒဝဒတ္ကုိ မလွဴဘဲ ေနခြင့္ရွိသည္။ ေဒဝဒတ္ကုိ မလွဴရဟု တားျမစ္ခြင့္မရွိ။
ဤသည္မွာ ေမတၱာ၏ အတိမ္အနက္ျဖစ္သည္။

စာေရးသူသည္ အုိးဘုိေထာင္၌ ေသဒဏ္က်ႀကဳိးသမား အမ်ားစုရွိရာ ႀကဳိးတုိက္မွာ ေနရ၏။ လူသတ္မုဒိမ္း သမားမ်ား၊ လူသတ္လုယက္၊ လူသတ္ အေလာင္းေဖ်ာက္၊ လူသတ္ လုယက္ အေလာင္းေဖ်ာက္သမားမ်ားႏွင့္ အတူေနရျခင္းျဖစ္၏။ ၄င္းတုိ႔သည္ မေသမခ်င္း လည္ပင္းႀကဳိးကြင္းစြပ္ ကြပ္မ်က္ေစဟူေသာ ေသဒဏ္က် ႀကဳိးသမားမ်ား ျဖစ္သတည္း။ သူတုိ႔အား ICRC က ေထာက္ပံ့သည္ကုိလည္း ေတြ႕ရသည္။ အစုိးရက ေကၽြးေမြးထားသည္ကုိလည္း ေတြ႕ရသည္။

စာေရးသူက အၿမဲတန္းေကၽြးသည္။ ေငြလည္း လွဴသည္။ စားစရာလည္း လွဴသည္။ အဝတ္အထည္ႏွင့္ ၿခဳံေစာင္မ်ားလည္း လွဴသည္။

ထုိသုိ႔ လွဴရုံမွ်ျဖင့္ မုဒိမ္းမႈကုိ အားေပးရာ မေရာက္။ လူသတ္မႈကုိ အားေပးရာ မေရာက္။ လူသားခ်င္းစာနာရာသာ ေရာက္သည္။ သူေတာ္ေကာင္း ပီသရာသာေရာက္သည္။ လူဟူသည္ အမွားႏွင့္မကင္း။ မွားေသာ္လည္း ရည္ရြယ္ခ်က္ေကာင္းသူမ်ားရွိသည္။ မွန္ေသာ္လည္း ရည္ရြယ္ခ်က္ မေကာင္းသူမ်ား ရွိသည္။

အမွားက်ဴးလြန္ရုံမွ်ျဖင့္ မုန္းတီးခြင့္မရွိ။ ၄င္းကုိ သည္းခံျခင္း၊ ခြင့္လႊတ္ျခင္း၊ သေဘာထားႀကီးျခင္း၊ နားလည္ႏုိင္ျခင္းဟု ေခၚဆုိသည္။ ခႏၲီ၊ ေမတၱာ၊ အေဒါသတရားမ်ားဟု သတ္မွတ္ႏုိင္သည္။ ဤသည္မွာ ဗုဒၶဓမၼ၏ အႏွစ္သာရ ျဖစ္သည္။

အရွင္ဣႆရိယကုိယ္တုိင္ အုတ္နီခဲတရားေဟာၾကားဖူးသည္ တစ္ႀကိမ္မကေပ။ အုတ္နီခဲေဆာင္ထားခုိင္းျခင္း သည္ ေမတၱာေလာ၊ ကရုဏာေလာ၊ မုဒိတာေလာ၊ ဥေပကၡာေလာ။ စာေရးသူ၏ ထမင္းဝေအာင္စားထားစကားကုိေတာ့ ၿခိမ္းေျခာက္စကားျဖစ္သည္၊ သာသနာႏွင့္ မေလ်ာ္ညီဟု ဆုိသည္။

စာေရးသူက စာေရးသူစကား ဓမၼဝိနယႏွင့္ညီေၾကာင္း ပိဋကတ္ေတာ္ အေထာက္အထား ျပႏုိင္သည္။

အုတ္နီခဲေဆာင္ခုိင္းသူႀကီးက ဓမၼဝိနယႏွင့္ ညီညြတ္ေၾကာင္း ျပႏုိင္ပါမည္ေလာ။

ၾကည္လင္းဆရာေတာ္အမည္ေၾကာင့္ အဘယ္အာပတ္သင့္သနည္း၊ လက္ညွဳိးထုိးျခင္း၊ လက္ညွဳိးေကြးျခင္းသည္ မည္သည့္ သိကၡာပုဒ္ကုိ က်ဴးလြန္ရာေရာက္ပါသနည္း။

ထမင္းဝေအာင္စားထားစကားသည္ အဘယ္သိကၡာပုဒ္ႏွင့္ ၿငိစြန္းပါသနည္း။ အရမ္းကာေရာ ႏုိင္ငံေရးဘုန္းႀကီးမ်ားႏွင့္ သံေယာင္လုိက္ ႏုိင္ငံေရးသမားမ်ား၊ ပိသုဏီမီဒီယာသမားမ်ား ေျဖၾကားေစလုိပါ၏။

ရဟန္းအခ်င္းခ်င္း ရုိင္းပင္းျခင္း၊ ဘုရားသားေတာ္အခ်င္းခ်င္း ရုိင္းပင္းျခင္းတည္းဟူေသာ သမဂၢစိတ္မ်ဳိး ႏုိင္ငံေရးဘုန္းႀကီးမ်ားမွာ မေတြ႕ရေပ။

အစုိးရအားကုိးႏွင့္ မဟနကုိ ဖိဆန္ၿပီး တရားလွည့္လည္ ေဟာၾကားေနသည့္ ႏုိင္ငံေရးဘုန္းႀကီးမ်ားကုိ မည္သည့္ရဟန္းေတာ္က သတင္းစာရွင္းလင္းပြဲလုပ္၍ ဖိအားေပး ဖမ္းခုိင္းျခင္းမ်ဳိး ျပဳလုပ္ပါသနည္း။

ဤသည္မွာ အမ်ဳိးသားေရးစိတ္ထားႏွင့္ ႏုိင္ငံေရးစိတ္ထား ကြာျခားမႈပင္ ျဖစ္ေပသည္။ ျမန္မာျပည္ကုိ အစၥလာမ္ဇာတ္သြင္းလုိသူမ်ားက ဦးကုိနီကုိ ဟီးရုိးလုပ္ေနၾကသည္။ ျမန္မာျပည္ အစၥလာမ္ မုိက္ေဇးရွင္းအႏၲရာယ္မက်ေရာက္ေစလုိသူမ်ားက ဦးကုိနီကုိ အႏၲရာယ္တစ္ရပ္အျဖစ္ ရႈျမင္ေနၾကသည္။

ယခုပြဲသည္ အစၥလာမ္မုိက္ေဇးရွင္းအႏၲရာယ္ကုိ လက္ကမ္းႀကဳိသူႏွင့္ အစၥလာမ္မုိက္ေဇးရွင္းအႏၲရာယ္ကုိ လုံးဝလက္မခံသူတုိ႔၏ ရင္ဆုိင္ေတြ႕ျခင္းျပႆနာတစ္ရပ္သာ ျဖစ္ေပသည္။ ဦးကုိနီကုိ ဟီးရုိးလုပ္ခြင့္ရွိသလုိ ဦးၾကည္လင္းကုိလည္း ဟီးရုိးလုပ္ခြင့္ရွိသည္။

ေသသူတုိင္းကုိ လူေကာင္းဟုဆုိ၍ မရ။ ဆုိး၍ အသတ္ခံရသူမ်ားလည္း ရွိသည္။ သတ္သူတုိင္းကုိလည္း လူဆုိးဟုဆုိ၍ မရ။ ရည္ရြယ္ခ်က္ေကာင္းသည့္ လူသတ္သမားမ်ားလည္း ရွိတတ္သည္။

ဥပမာ ေသသူ အဂၤလိပ္ ဂ်ပန္။ သတ္သူ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ရဲေဘာ္သုံးက်ိပ္။

(ဤေဆာင္းပါးကုိ အလုိမက်သူ မည္သူမဆုိ ဒီဘိတ္လုပ္ႏုိင္သည္။ အနည္းဆုံး ဝိတ္တန္းတူဖုိ႔ေတာ့ လုိသည္။ ဝိတ္တန္းနိမ့္သူမ်ားႏွင့္ မေဆြးေႏြးလုိ။)

ဝီရသူ(မစုိးရိမ္)
1.3.2018
PM 10:39

 

“အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား(၄)”

ဖေဖော်ဝါရီ ၂၂ ရက်နေ့ရက်စွဲဖြင့် The Nyang News သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ဦးဣဿရိယ (ခ)မင်းသုည (ဗုဒ္ဓတက္ကသိုလ်)ဆိုသူ နိုင်ငံရေးဘုန်းကြီးတစ်ပါးနှင့် အင်တာဗျူးသတင်းဖြစ်၏။

“ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ သာသနာတော်အတွက် လုံးဝလျော်ညီမှု မရှိဘူး။ အွန်လိုင်းပေါ်မှာလည်း သာသနာနဲ့မလျော်ညီတာတွေ ရေးသားတယ်။ ဗီဒီယိုဖိုင်နှင့်လည်း လူသတ်သမားကြည်လင်းရဲ့ဆရာဆိုပြီး ပေါ်တင်ဖွင့်ပြောတယ်”ဟူသော စာသားများကို အပေါ်ဆုံးမှာ ရေးသားထားသည်ကို တွေ့ရ၏။

“သံဃာတော်တွေ၊ ပြည်သူပြည်သားတွေကတော့ မလိုလားကြတော့ဘူး”ဟု ခေါင်းစဉ်တပ်ထားသည်ကိုလည်း တွေ့ရသည်။

၎င်းဖြေကြားချက်ထဲတွင် ထမင်းဝအောင်စားထားခြိမ်းခြောက်စကားကို တွင်တွင်ကျယ်ကျယ် ပြောနေကြောင်း၊ မဟနအမိန့်ကိုလည်း ဖီဆန်နေကြောင်း၊ သာသနာနှင့်မလျော်ညီသည့်ကိစ္စများဖြစ်၍ သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုသည့်အနေဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းများ ပါဝင်လေသည်။

ရဟန်းတစ်ပါး သာသနာနှင့်မလျော်ညီသည့်အပြုအမူကို အခြားရဟန်းတစ်ပါးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုခြင်းသည်လည်း သာသနာနှင့် လျော်ညီပါသလော ဟု ပြန်လည်မေးခွန်းထုတ်စရာဖြစ်လာသည်။

ဘုရားသားတော်တစ်ပါးက အခြားဘုရားသားတော်တစ်ပါးကို ဖမ်းဆီးစေလို၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ နိုင်ငံရေးအရ ဖိအားပေးခြင်းသည်လည်း ဘုရားသားတော်၏ အပြုအမူ ဖြစ်လေသလော မိမိကိုယ်တိုင် ပြန်လည် မေးခွန်းထုတ်ကြည့်ဖို့လည်း လိုအပ်ပေလိမ့်မည်။

မြတ်စွာဘုရားပညတ်တော်မူခဲ့သည့် ဝိနည်းသိက္ခာပုဒ်များက ပြည့်စုံ၏။ ဝိနည်းသိက္ခာပုဒ်လာ ပညတ်တော်များ ကလည်း ယဉ်ကျေး၏။

ဒုဋ္ဌဒေါသသိက္ခာပုဒ်အရ မကျေနပ်ချက်သက်သက်ဖြင့် အခြေအမြစ်မရှိဘဲ ပါရာဇိကဖြင့် စွပ်စွဲခွင့်မရှိ။ အညဘာဂိယသိက္ခာပုဒ်အရ အခြားသူကျူးလွန်သည့်အမှုကို မကျူးလွန်သည့် အခြားသောရဟန်းအပေါ် စွပ်စွဲခွင့်မရှိ။ မလိုလားသည့်စိတ် အလိုမကျသည့်စိတ်ဖြင့် အညှိုးအတေးထား၍ အခြေအမြစ်မရှိဘဲ စွပ်စွဲလျှင် စွပ်စွဲသောရဟန်းအား သံဃာဒိသိသ်(ဒုတိယအပြစ်အကြီးဆုံး) အာပတ်သင့်သည်။

သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲလျှင် ပါစိတ်အာပတ်သင့်သည်။ အာစာရဝိပတ္တိ(သာသနာနှင့်မလျော်ညီခေါင်းစဉ်တပ်၍) အာပတ်အငယ် များဖြင့် စွပ်စွဲလျှင် ဒုက္ကဋ်အာပတ်သင့်သည်ဟု ဖွင့်ဆိုထားပေသည်။ (ကင်္ခါ။ ၁၉၀)

ဤသို့ဆိုလျှင် အရှင်ဣဿရိယမည်သည့် အာပတ်သင့်သွားသည် မည်သို့သော အပြစ်ရှိသွားသည် မည်သည့် အပြစ်ကို ကျူးလွန်ရာရောက်သွားသည်ကို သတိပြုမိနိုင်မည်ဖြစ်သည်။

မကျေနပ်၍ ဆဲရေးရုံသက်သက်ဖြင့် စွပ်စွဲခြင်းသည် အပြစ်မကြီးသော်လည်း စဝနာဓိပ္ပါယ-ရည်ရွယ်ချက် ရှိရှိ လူထွက်စေလို(ထောင်ကျစေလို)၍ စွပ်စွဲလျှင် အပြစ်ကြီးသည်ကိုလည်း တွေ့ရှိရပေမည်။

မြတ်စွာဘုရားသာသနာတော်၏ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပုံကိုလည်း ပြောလိုသေးသည်။ ရဟန်း တစ်ပါးကို ပါရာဇိကဖြင့် စွပ်စွဲတော့မည်ဆိုလျှင် မိမိရည်ညွှန်းရာ(အစွပ်စွဲခံ)ရဟန်းတစ်ပါးထံ ခွင့်တောင်းပြီးမှ စွပ်စွဲရသည်။  ခွင့်မတောင်းဘဲ စွပ်စွဲလျှင် စကားလုံးတိုင်း စကားလုံးတိုင်းမှာ သံဃာဒိသိသ်နှင့် ဒုက္ကဋ်အာပတ် နှစ်ခု တွဲလျက်ကပ်ပါလာသည်။ အခြေအမြစ်မရှိဘဲ စွပ်စွဲသည်ကြောင့် သံဃာဒိသိသ်။ ခွင့်မတောင်းခြင်းကြောင့် ဒုက္ကဋ်သင့်ခြင်းဖြစ်သည်။ ခွင့်တောင်းပြီးမှ စွပ်စွဲလျှင် ဒုက္ကဋ်မပါတော့ဘဲ သံဃာဒိသိသ်သာသင့်သည်။ (ကင်္ခါ။ ၁၃၈)

လူထွက်စေလိုသည့် စေတနာဆိုးနှင့် စွပ်စွဲခြင်းမဟုတ်ဘဲ ဒေါသအလျောက် ဆဲရေးသည့်အနေဖြင့် စွပ်စွဲလိုလျှင် သော်မှ ခွင့်တောင်းပြီးမှ စွပ်စွဲရသည်။ ခွင့်မတောင်းဘဲ စွပ်စွဲလျှင် ပါစိတ်နှင့် ဒုက္ကဋ်အာပတ်သင့်သည်။ မဟုတ်ဘဲ စွပ်စွဲခြင်းကြောင့် ပါစိတ်၊ ခွင့်မတောင်းခြင်းကြောင့် ဒုက္ကဋ်အာပတ်တစ်စုံသည် စကားလုံးတိုင်းမှာ ကပ်ပါလာသည်။ စကားလုံးတိုင်းမှာ အာပတ်သင့်သည်။ (ကင်္ခါ။ ၁၃၉)

ထို့ကြောင့် အရှင်ဣဿရိယကိုယ်တိုင် ဗုဒ္ဓပညတ်တော်များကို ဖောက်ဖျက်ရာရောက်သည်။ သံဃာတော်များ၏ ရှေးရိုးအစဉ်အလာ ယဉ်ကျေးမှုကို မလိုက်နာရာရောက်သည်။

ဓမ္မဝိနယဟုဆိုအပ်သော သာသနာတော်နှင့် မလျော်ညီမှုကို ကျူးလွန်ရာရောက်သည်။ အစွပ်စွဲခံရသူက အပြစ်ရှိသည်ဆိုစေကာမူ ဝိနည်းတော်အတိုင်းသာ စွပ်စွဲရမည်။ ဝိနည်းစည်းမျဉ်းဥပဒေ အတိုင်းသာ တိုင်ကြားရမည်။ ထိုသို့ တိုင်ကြားရာ၌လည်း သက်သေအထောက်အထား ခိုင်လုံဖို့လိုသည်။ မိမိကိုယ်တိုင်မြင်သည်ဟူရုံမျှဖြင့် စွပ်စွဲ၍မရ။ အကြောင်းမှာ မိမိမြင်သည်ကတစ်ခြား ဖြစ်စဉ်က တစ်ခြားဖြစ်နိုင် သောကြောင့်(ဝါ)အမြင်ကမှန်သည်လည်းရှိ လွဲသည်လည်းရှိသောကြောင့်ဖြစ်၏။
ဒိဋ္ဌံ နာမ တထာပိ ဟောတိ အညာထာပိ။ (ကင်္ခါ။ ၁၅၀)

အရှင်ဣဿရိယအပါအဝင် နိုင်ငံရေးဘုန်းကြီးတော်တော်များများက စာရေးသူအား တတိယပါရာဇိက (လူသတ်မှု)ဖြင့် စွပ်စွဲတတ်ကြ၏။ တတိယပါရာဇိက အင်္ဂါငါးရပ်၌ ဝစကစိတ္တ သတ်ချင်ဖြတ်ချင်စိတ်ရှိခြင်း၊ ဥပက္ကမ-အားထုတ်ခြင်း၊ တေန မရဏ – သေခြင်းဟူသော အင်္ဂါသုံးရပ်ပါဝင်၏။

စာရေးသူသည် ဦးကိုနီအား သတ်ချင်စိတ်လုံးဝမရှိခဲ့။ ဦးကိုနီအား သတ်ဖြတ်ရာ၌ ကာယကံ ဝစီကံ တစ်ခုမျှ မပါဝင်ခဲ့။ ဤသို့ဆိုလျှင် ကာယကံ ဝစီကံ မနောကံ ကံသုံးပါးလုံး ဖြူစင်သည်ကို တွေ့ရပေမည်။ တတိယပါရာဇိကနှင့် တစ်ခြားစီဖြစ်နေသည်ကို တွေ့ရပေမည်။

ကိုယ်တိုင်သတ်ခြင်း၊ သူတစ်ပါးကို စေခိုင်းခြင်းသည် အခင်းမဖြစ်ခင်နှင့်သာ သက်ဆိုင်သည်။ အသက်ခံရမည့်သူ မသေခင်မှာ စေခိုင်းမှသာ သက်ဆိုင်သည်။ အသတ်ခံရမည့်သူ မသေခင်မှာ စေခိုင်းမှသာ ကျူးလွန်ရာရောက်သည်။ ထို့ကြောင့် ပါရာဇိကနှင့် လားလားမျှ မသက်ဆိုင်ပေ။ (ကင်္ခါ။ ၁၂၃။)

စာရေးသူက ဦးကြည်လင်းကို ကျေးဇူးစကားဆိုသည်က အခင်းဖြစ်ပြီးနောက် ရက်ပေါင်းများစွာကြာမှ ဖြစ်သည်။

ထိုစကားကို ထောက်၍ မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျ၊ မရဏာယ ဝါ သမာဒပေယျ-အရ ပါရာဇိကဖြင့် စွပ်စွဲနေကြသည်များလည်း ရှိသည်။ မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျက သေချင်လာအောင် (သေချင်စိတ်ပေါ်လာအောင်)စည်းရုံးသောစကားဖြစ်သည်။ ထိုသို့စည်းရုံးဟောပြောမှုကြောင့် စည်းရုံးခံရသူက မိမိကိုယ်တိုင် လုပ်ကြံ၍ သေသွားလျှင် စည်းရုံးရေးမှူး ရဟန်းတော် ပါရာဇိကကျသည်။

မရဏာယ ဝါ သမာဒပေယျက အလွယ်တကူ သေနိုင်အောင် စီမံပေးမှုကို ဆိုလိုသည်။ ဥပမာ စိတ်ညစ်နေသူ အနီးမှာ အဆိပ်ပုလင်းထားပေးခြင်း၊ ဓား-လှံ လက်နက်များ ကြိုးကွင်းများ ထားပေးခြင်းဖြစ်သည်။ စိတ်ညစ်နေသူက အဆိပ်သောက်သေသွားလျှင်ဖြစ်စေ၊ ကြိုးဆွဲချသေသွားလျှင်ဖြစ်စေ အဆိပ်ပုလင်း-ကြိုးကွင်း ထားပေးသူ ထားခိုင်းသူဖြစ်သော ရဟန်းတော် ပါရာဇိက ကျသည်။ (ကင်္ခါ။ ၁၂၂-၃။)

ဤသို့ဆိုလျှင် ဦးကြည်လင်းကို ကျေးဇူးတင်စကားဆိုခြင်းသည် ပါရာဇိကနှင့် လုံးဝမသက်ဆိုင်မှန်း ထင်ရှားသည်။

ဦးကြည်လင်းကို ကျေးဇူးတင်ရုံမျှဖြင့်လည်း လူသတ်မှုကို အားပေးရာမရောက်ပါ။ လူသတ်မှုကတစ်ခြား ကျေးဇူးတရားက တစ်ခြားဖြစ်လေသည်။

ရဲဘော်သုံးကျိပ်ကို ကျေးဇူးစကားဆိုရုံဖြင့် လူသတ်မှုကို အားပေးရာ မရောက်နိုင်။ စစ်တိုက်ခြင်းကတစ်ခြား ကျေးဇူးတရားက တစ်ခြားသာဖြစ်သည်။

လူသတ်သမားကို ကျေးဇူးစကားဆိုတိုင်း လူသတ်မှုကို အားပေးရာရောက်သည်ဟုဆိုလျှင် ရဲဘော်သုံးကျိပ်ကို ကျေးဇူးတင်ရုံမျှဖြင့် ရဟန်းမှန်သမျှ ပါရာဇိက ကျရတော့မည့်ကိန်း ဆိုက်ရောက်သွားပေလိမ့်မည်။

ယခုလက်ရှိ အခြေအနေအရ ဦးကြည်လင်းတို့အဖွဲ့ကို အငတ်ထားရမည့်သဘော သက်ရောက်နေပေသည်။ လူသတ်သမားကို ထောက်ခံခြင်း၊ အားပေးခြင်း၊ ကျွေးမွေးခြင်းသည် ဒုစရိုက်မှု မမြောက်ပါ။ လူသတ်သမားကို အငတ်ထားခြင်းသည်လည်း ဗုဒ္ဓတရားတော်နှင့် မညီပါ။

အချုပ်သားဖြစ်စေ အကျဉ်းသားဖြစ်စေ အားလုံးသည် လူသားများသာဖြစ်သည်။ စာနာရမည်။ ကြင်နာရမည်။ ကျွေးမွေးစောင့်ရှောက်ရမည်။ ဤသည်မှာ ဗြဟ္မစိုရ်တရားဖြစ်သည်။

ဒေဝဒတ်နှင့် ရာဟုလာအပေါ် တန်းတူစိတ်ထားနိုင်ခြင်းကိုသာ မေတ္တာစစ်ဟု ခေါ်ဆိုသည်။ ဒေဝဒတ်ကို မကြည်ညိုခွင့်ရှိသည်။ ဒေဝဒတ်ကို ပြစ်မှားခွင့်မရှိ။ ဒေဝဒတ်ကို မလှူဘဲ နေခွင့်ရှိသည်။ ဒေဝဒတ်ကို မလှူရဟု တားမြစ်ခွင့်မရှိ။ ဤသည်မှာ မေတ္တာ၏ အတိမ်အနက်ဖြစ်သည်။

စာရေးသူသည် အိုးဘိုထောင်၌ သေဒဏ်ကျကြိုးသမား အများစုရှိရာ ကြိုးတိုက်မှာ နေရ၏။ လူသတ်မုဒိမ်း သမားများ၊ လူသတ်လုယက်၊ လူသတ် အလောင်းဖျောက်၊ လူသတ် လုယက် အလောင်းဖျောက်သမားများနှင့် အတူနေရခြင်းဖြစ်၏။ ၎င်းတို့သည် မသေမချင်း လည်ပင်းကြိုးကွင်းစွပ် ကွပ်မျက်စေဟူသော သေဒဏ်ကျ ကြိုးသမားများ ဖြစ်သတည်း။ သူတို့အား ICRC က ထောက်ပံ့သည်ကိုလည်း တွေ့ရသည်။ အစိုးရက ကျွေးမွေးထားသည်ကိုလည်း တွေ့ရသည်။

စာရေးသူက အမြဲတန်းကျွေးသည်။ ငွေလည်း လှူသည်။ စားစရာလည်း လှူသည်။ အဝတ်အထည်နှင့် ခြုံစောင်များလည်း လှူသည်။

ထိုသို့ လှူရုံမျှဖြင့် မုဒိမ်းမှုကို အားပေးရာ မရောက်။ လူသတ်မှုကို အားပေးရာ မရောက်။ လူသားချင်းစာနာရာသာ ရောက်သည်။ သူတော်ကောင်း ပီသရာသာရောက်သည်။ လူဟူသည် အမှားနှင့်မကင်း။ မှားသော်လည်း ရည်ရွယ်ချက်ကောင်းသူများရှိသည်။ မှန်သော်လည်း ရည်ရွယ်ချက် မကောင်းသူများ ရှိသည်။

အမှားကျူးလွန်ရုံမျှဖြင့် မုန်းတီးခွင့်မရှိ။ ၎င်းကို သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သဘောထားကြီးခြင်း၊ နားလည်နိုင်ခြင်းဟု ခေါ်ဆိုသည်။ ခန္တီ၊ မေတ္တာ၊ အဒေါသတရားများဟု သတ်မှတ်နိုင်သည်။ ဤသည်မှာ ဗုဒ္ဓဓမ္မ၏ အနှစ်သာရ ဖြစ်သည်။

အရှင်ဣဿရိယကိုယ်တိုင် အုတ်နီခဲတရားဟောကြားဖူးသည် တစ်ကြိမ်မကပေ။ အုတ်နီခဲဆောင်ထားခိုင်းခြင်း သည် မေတ္တာလော၊ ကရုဏာလော၊ မုဒိတာလော၊ ဥပေက္ခာလော။ စာရေးသူ၏ ထမင်းဝအောင်စားထားစကားကိုတော့ ခြိမ်းခြောက်စကားဖြစ်သည်၊ သာသနာနှင့် မလျော်ညီဟု ဆိုသည်။

စာရေးသူက စာရေးသူစကား ဓမ္မဝိနယနှင့်ညီကြောင်း ပိဋကတ်တော် အထောက်အထား ပြနိုင်သည်။ အုတ်နီခဲဆောင်ခိုင်းသူကြီးက ဓမ္မဝိနယနှင့် ညီညွတ်ကြောင်း ပြနိုင်ပါမည်လော။

ကြည်လင်းဆရာတော်အမည်ကြောင့် အဘယ်အာပတ်သင့်သနည်း၊ လက်ညှိုးထိုးခြင်း၊ လက်ညှိုးကွေးခြင်းသည် မည်သည့် သိက္ခာပုဒ်ကို ကျူးလွန်ရာရောက်ပါသနည်း။

ထမင်းဝအောင်စားထားစကားသည် အဘယ်သိက္ခာပုဒ်နှင့် ငြိစွန်းပါသနည်း။ အရမ်းကာရော နိုင်ငံရေးဘုန်းကြီးများနှင့် သံယောင်လိုက် နိုင်ငံရေးသမားများ၊ ပိသုဏီမီဒီယာသမားများ ဖြေကြားစေလိုပါ၏။

ရဟန်းအချင်းချင်း ရိုင်းပင်းခြင်း၊ ဘုရားသားတော်အချင်းချင်း ရိုင်းပင်းခြင်းတည်းဟူသော သမဂ္ဂစိတ်မျိုး နိုင်ငံရေးဘုန်းကြီးများမှာ မတွေ့ရပေ။

အစိုးရအားကိုးနှင့် မဟနကို ဖိဆန်ပြီး တရားလှည့်လည် ဟောကြားနေသည့် နိုင်ငံရေးဘုန်းကြီးများကို မည်သည့်ရဟန်းတော်က သတင်းစာရှင်းလင်းပွဲလုပ်၍ ဖိအားပေး ဖမ်းခိုင်းခြင်းမျိုး ပြုလုပ်ပါသနည်း။

ဤသည်မှာ အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား ကွာခြားမှုပင် ဖြစ်ပေသည်။

မြန်မာပြည်ကို အစ္စလာမ်ဇာတ်သွင်းလိုသူများက ဦးကိုနီကို ဟီးရိုးလုပ်နေကြသည်။ မြန်မာပြည် အစ္စလာမ် မိုက်ဇေးရှင်းအန္တရာယ်မကျရောက်စေလိုသူများက ဦးကိုနီကို အန္တရာယ်တစ်ရပ်အဖြစ် ရှုမြင်နေကြသည်။

ယခုပွဲသည် အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်ကို လက်ကမ်းကြိုသူနှင့် အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်ကို လုံးဝလက်မခံသူတို့၏ ရင်ဆိုင်တွေ့ခြင်းပြဿနာတစ်ရပ်သာ ဖြစ်ပေသည်။ ဦးကိုနီကို ဟီးရိုးလုပ်ခွင့်ရှိသလို ဦးကြည်လင်းကိုလည်း ဟီးရိုးလုပ်ခွင့်ရှိသည်။

သေသူတိုင်းကို လူကောင်းဟုဆို၍ မရ။ ဆိုး၍ အသတ်ခံရသူများလည်း ရှိသည်။ သတ်သူတိုင်းကိုလည်း လူဆိုးဟုဆို၍ မရ။ ရည်ရွယ်ချက်ကောင်းသည့် လူသတ်သမားများလည်း ရှိတတ်သည်။

ဥပမာ သေသူ အင်္ဂလိပ် ဂျပန်။ သတ်သူ ဗိုလ်ချုပ်အောင်ဆန်း ရဲဘော်သုံးကျိပ်။

(ဤဆောင်းပါးကို အလိုမကျသူ မည်သူမဆို ဒီဘိတ်လုပ်နိုင်သည်။ အနည်းဆုံး ဝိတ်တန်းတူဖို့တော့ လိုသည်။ ဝိတ်တန်းနိမ့်သူများနှင့် မဆွေးနွေးလို။)

ဝီရသူ(မစိုးရိမ်)
1.3.2018
PM 10:39