သတင္း

ဝါခင္းကုန္းဆရာေတာ္ႀကီး ေမြးေန႔ပြဲ

တေပါင္းလျပည့္ 1.3.2018 ရက္ေန႔ မႏၲေလး၊ ခ်မ္းေအးသာစံၿမဳိ႕နယ္၊ ေတာင္စလင္းတုိက္သစ္ ပဓာနနာယကဆရာေတာ္ႀကီး ဘဒၵႏၲတိကၡ သက္ေတာ္(၇၉)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္ အရုဏ္ဆြမ္းကပ္ပြဲေလးပါ။

မန္း မဘသ ဝုိင္းေတာ္သားမ်ား ၾကြေရာက္ခဲ့ပါတယ္။ သံဃာေတာ္မ်ား အပါး(၂၀၀)ေက်ာ္အား အရုဏ္ဆြမ္းဆက္ကပ္လွဴဒါန္းၿပီး လွဴဖြယ္ဝတၳဳမ်ား မဲခ်လွဴဒါန္းပါတယ္။ တုိက္အုပ္ဆရာေတာ္ ဘဒၵႏၲေနမိႏၵကလည္း သံဃာေတာ္မ်ားႏွင့္ ဧည့္ပရိသတ္မ်ားအား ဧည့္ခံ ဆက္ကပ္ လွဴဒါန္းပါတယ္။

သက္ေတာ္(၇၉)ႏွစ္ျပည့္ေမြးေန႔မွာ စုေပါင္း ကံထပ္ပြဲလည္း ပူးတြဲပါဝင္ပါတယ္။ ကံထပ္မည့္ ရဟန္းဒါယိကာ ဒါယိကာမမ်ားကေတာ့ မနည္းလွပါဘူး။

မနက္ ၅း၃၀ နာရီ အရုဏ္ဆြမ္းကပ္အၿပီးမွာ သံဃာေတာ္မ်ား စာေရတံမဲလွဴဒါန္းတဲ့အခါ မႏၲေလးတုိင္းဝန္ႀကီးခ်ဳပ္ႏွင့္အဖြဲ႕မ်ား၊ မႏၲေလးတုိင္း စစ္တုိင္းမွဴးႏွင့္ အဖြဲ႕မ်ားလည္း တက္ေရာက္ၾကတာ ေတြ႕ရပါတယ္။

ဝါ စိမ္း နီ စုံညီတဲ့ပြဲေပါ့ဗ်ာ။ ဒီလုိမ်ဳိးပဲ အၿမဲေတြ႕ခ်င္ေနတာပါ။ အစိမ္းေရာ အနီပါ ညီညြတ္စြာလက္တြဲၿပီး တုိင္းျပည္၏ ေကာင္းၾကမၼာကုိ အစြမ္းကုန္ ဖန္တီးႏုိင္ပါေစေသာ္…..ဝ္။

ဝါခင္းကုန္းဆရာေတာ္ႀကီး အသက္ရွည္စြာ ကုိယ္က်န္းမာလ်က္ စိတ္ခ်မ္းသာစြာ ေဘးရန္ကင္းကင္းျဖင့္ အမ်ဳိး ဘာသာ သာသနာေတာ္အက်ဳိး သယ္ပုိးႏုိင္ပါေစဘုရား။

ဝီရသူ(မစုိးရိမ္)
2.3.2018
PM 12:28

“ဝါခင်းကုန်းဆရာတော်ကြီး မွေးနေ့ပွဲ”

တပေါင်းလပြည့် 1.3.2018 ရက်နေ့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ တောင်စလင်းတိုက်သစ် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ သက်တော်(၇၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အရုဏ်ဆွမ်းကပ်ပွဲလေးပါ။

မန်း မဘသ ဝိုင်းတော်သားများ ကြွရောက်ခဲ့ပါတယ်။ သံဃာတော်များ အပါး(၂၀၀)ကျော်အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုများ မဲချလှူဒါန်းပါတယ်။

တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒကလည်း သံဃာတော်များနှင့် ဧည့်ပရိသတ်များအား ဧည့်ခံ ဆက်ကပ် လှူဒါန်းပါတယ်။

သက်တော်(၇၉)နှစ်ပြည့်မွေးနေ့မှာ စုပေါင်း ကံထပ်ပွဲလည်း ပူးတွဲပါဝင်ပါတယ်။ ကံထပ်မည့် ရဟန်းဒါယိကာ ဒါယိကာမများကတော့ မနည်းလှပါဘူး။

မနက် ၅း၃၀ နာရီ အရုဏ်ဆွမ်းကပ်အပြီးမှာ သံဃာတော်များ စာရေတံမဲလှူဒါန်းတဲ့အခါ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့များ၊ မန္တလေးတိုင်း စစ်တိုင်းမှူးနှင့် အဖွဲ့များလည်း တက်ရောက်ကြတာ တွေ့ရပါတယ်။

ဝါ စိမ်း နီ စုံညီတဲ့ပွဲပေါ့ဗျာ။ ဒီလိုမျိုးပဲ အမြဲတွေ့ချင်နေတာပါ။ အစိမ်းရော အနီပါ ညီညွတ်စွာလက်တွဲပြီး တိုင်းပြည်၏ ကောင်းကြမ္မာကို အစွမ်းကုန် ဖန်တီးနိုင်ပါစေသော်…..ဝ်။

ဝါခင်းကုန်းဆရာတော်ကြီး အသက်ရှည်စွာ ကိုယ်ကျန်းမာလျက် စိတ်ချမ်းသာစွာ ဘေးရန်ကင်းကင်းဖြင့် အမျိုး ဘာသာ သာသနာတော်အကျိုး သယ်ပိုးနိုင်ပါစေဘုရား။

ဝီရသူ(မစိုးရိမ်)
2.3.2018
PM 12:28