ထုုတ္ျပန္ေၾကညာခ်က္သတင္း

ဗုဒၶမၼ ပရဟိတေဖာင္ေဒးရွင္း သေဘာထားထုတ္ျပန္ေၾကညာခ်က္

လတ္တေလာ လူမႈကြန္ရက္စာမ်က္ႏွာ (SOCIAL NETWORK)ေပၚတြင္ ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း(ဗဟုိ)ႏွင့္ သက္ဆုိင္ရာ တုိင္း၊ ခရိုင္၊ ၿမဳိ႕နယ္မ်ားရွိ Facebook Account ႏွင့္ Page စာမ်က္ႏွမ်ား၊

ႏိုင္ငံတဝွမ္းလံုးရွိ မဘသႏွင့္ အမ်ဳိးသားေရးလႈပ္ရွားသူမ်ား၏ Facebook Account ႏွင့္ Page စာမ်က္ႏွာမ်ားသာမက အစုိးရ၏လိုအပ္ခ်က္ အားနည္ခ်က္ ခ်ဳိ႕ယြင္းခ်က္ စသည္မ်ားကို ေၾကာင္းက်ဳိးသင့္ ေထာက္ျပေဝဖန္ေရးသားေနၾကေသာ Facebook Account ႏွင့္ Page စာမ်က္ႏွာမ်ား၊

Facebook Team ၏ တရားဝင္အသိအမွတ္ျပဳခံထားရသည့္ Blue Mark ရ အမ်ဳိးသားလြတ္ေတာ္ကိုယ္စားလွယ္ေဟာင္းတစ္ဦး၏ Account ကိုပါ ပိတ္သိမ္းလုိက္သည္ကို ေတြ႔ရသည္။

အျခားတစ္ဖက္၌မူ ဗုဒၶဘာသာ သာသနာ ပ်က္စီးရာပ်က္စီးေၾကာင္း ေရးသားေစာ္ကားေနၾကေသာ Account မ်ားႏွင့္ အမ်ဳိးသားေရးသံဃာေတာ္မ်ား ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ားပါမခ်န္ ျပစ္မွားေစာ္ကားေနေသာ အမုန္းတရားအစစ္အမွန္ Account မ်ားကိုကား တစ္စံုတစ္ရာအေရးမယူဘဲ အခြင့္အေရးေပးထားသည္ကို ေတြ႔ရွိေနရသည္။

ဤလုပ္ရပ္သည္ ဒီမိုကေရစီ၏ အႏွစ္သာရျဖစ္ေသာ လြတ္လပ္စြာေဖာ္ထုတ္ေရးသားခြင့္ တန္းတူအခြင့္အေရးရပုိင္ခြင့္ႏွင့္ ဆန္႔က်င္ေသာ အျပဳအမူပင္ျဖစ္သည္။

ထုိ႔အျပင္ ေမလ ၃၁ ရက္ေန႔က ကုလသမဂၢ လံုၿခဳံေရးေကာင္စီသည္ ကိုဖီအာနန္ေကာ္မရွင္၏ အႀကံျပဳခ်က္မ်ားကို အေကာင္အထည္ေဖာ္ဖို႔အပါအဝင္ အခ်က္ ၄ ခ်က္ႏွင့္ပတ္သက္၍ ရက္ေပါင္း ၃၀ အတြင္း အေၾကာင္းျပန္ရန္ ျမန္မာအစုိးရထံ ေတာင္းဆိုခဲ့သည္၊ ယင္းကဲ့သုိ႔ ေတာင္းဆိုမႈသည္

လြတ္လပ္ေသာႏိုင္ငံတစ္ခု၏ အခ်ဳပ္အျခာအာဏာပိုင္ဆုိင္မႈကို ဗိုလ္က်စုိးမိုးရာေရာက္သလို ကုလသမဂၢ၏ ပဋိညာဥ္ကိုခ်ဳိးေဖာက္၍ ကုလသမဂၢအဖြဲ႔ဝင္ႏိုင္ငံတစ္ခု၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္းပင္ျဖစ္သည္။

ထုိ႔ေၾကာင့္

၁။ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ အမ်ဳိးဘာသာ သာသနာကို ခ်စ္ျမတ္ႏိုးသည့္ အမ်ဳိးသားေရးအင္အားစုမ်ားအေပၚ တစ္ဖက္သတ္ ပိတ္ဆုိ႔ကန္႔သတ္ေနျခင္းကိုလည္းေကာင္း၊

၂။ ကုလသမဂၢ လံုၿခဳံေရးေကာင္စီ၏ ျမန္မာႏိုင္ငံအေပၚ တစ္ဖက္သတ္ အႏိုင္က်င့္ေစာ္ကားေနျခင္းကိုလည္းေကာင္း တုိင္းျပည္ႏွင့္လူမ်ဳိး ဘာသာ သာသနာကို ခ်စ္ျမတ္ႏိုးၾကသည့္ ရဟန္း ရွင္ လူ ျပည္သူမ်ားကိုယ္စား အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းႀကီးက ကန္႔ကြက္ရႈတ္ခ်လုိက္သည္။

စာအမွတ္ ။  ၀၀၀၄/စီမံ- ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း/ ၂၀၁၈

ေန႔စြဲ ။  ၁၃၈၀ ျပည့္ႏွစ္၊ နယုန္လျပည့္ေက်ာ္ ၁၃ ရက္၊ (ဇြန္လ ၁၁၊ ၂၀၁၈)၊ တနလၤာေန႔

ဦးေဆာင္တာဝန္ခံနာယကမ်ား

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး

ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းႀကီး

 

 

 

“ဗုဒ္ဓမ္မ ပရဟိတဖောင်ဒေးရှင်း သဘောထားထုတ်ပြန်ကြေညာချက်”

လတ်တလော လူမှုကွန်ရက်စာမျက်နှာ (SOCIAL NETWORK)ပေါ်တွင် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)နှင့် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်များရှိ Facebook Account နှင့် Page စာမျက်နှများ၊

နိုင်ငံတဝှမ်းလုံးရှိ မဘသနှင့် အမျိုးသားရေးလှုပ်ရှားသူများ၏ Facebook Account နှင့် Page စာမျက်နှာများသာမက အစိုးရ၏လိုအပ်ချက် အားနည်ချက် ချို့ယွင်းချက် စသည်များကို ကြောင်းကျိုးသင့် ထောက်ပြဝေဖန်ရေးသားနေကြသော Facebook Account နှင့် Page စာမျက်နှာများ၊

Facebook Team ၏ တရားဝင်အသိအမှတ်ပြုခံထားရသည့် Blue Mark ရ အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး၏ Account ကိုပါ ပိတ်သိမ်းလိုက်သည်ကို တွေ့ရသည်။

အခြားတစ်ဖက်၌မူ ဗုဒ္ဓဘာသာ သာသနာ ပျက်စီးရာပျက်စီးကြောင်း ရေးသားစော်ကားနေကြသော Account များနှင့် အမျိုးသားရေးသံဃာတော်များ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများပါမချန် ပြစ်မှားစော်ကားနေသော အမုန်းတရားအစစ်အမှန် Account များကိုကား တစ်စုံတစ်ရာအရေးမယူဘဲ အခွင့်အရေးပေးထားသည်ကို တွေ့ရှိနေရသည်။

ဤလုပ်ရပ်သည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့် တန်းတူအခွင့်အရေးရပိုင်ခွင့်နှင့် ဆန့်ကျင်သော အပြုအမူပင်ဖြစ်သည်။

ထို့အပြင် မေလ ၃၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ဖို့အပါအဝင် အချက် ၄ ချက်နှင့်ပတ်သက်၍ ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ရန် မြန်မာအစိုးရထံ တောင်းဆိုခဲ့သည်၊ ယင်းကဲ့သို့ တောင်းဆိုမှုသည် လွတ်လပ်သောနိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ဗိုလ်ကျစိုးမိုးရာရောက်သလို ကုလသမဂ္ဂ၏ ပဋိညာဉ်ကိုချိုးဖောက်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းပင်ဖြစ်သည်။

ထို့ကြောင့်
၁။ လူမှုကွန်ရက်စာမျက်နှာများ၌ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသည့် အမျိုးသားရေးအင်အားစုများအပေါ် တစ်ဖက်သတ် ပိတ်ဆို့ကန့်သတ်နေခြင်းကိုလည်းကောင်း၊
၂။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် အနိုင်ကျင့်စော်ကားနေခြင်းကိုလည်းကောင်း တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြသည့် ရဟန်း ရှင် လူ ပြည်သူများကိုယ်စား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးက ကန့်ကွက်ရှုတ်ချလိုက်သည်။

စာအမှတ် ။ ၀၀၀၄/စီမံ- ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း/ ၂၀၁၈
နေ့စွဲ ။ ၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ (ဇွန်လ ၁၁၊ ၂၀၁၈)၊ တနင်္လာနေ့

ဦးဆောင်တာဝန်ခံနာယကများ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီး