နယုန္လဆုတ္ (၁၂)ရက္၊ 10.6.2018 ရက္ေန႔၊ မနက္ ၉း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ျမရည္နႏၵာရပ္ကြက္၊ မမ ၁၃၊ ၅၃ လမ္းႏွင့္ ယုဇနလမ္းေထာင့္၊ ေလာကအလင္း ပညာဒါနက်ဴရွင္ေက်ာင္းမွာ က်င္းပပါတယ္။ ဆရာေတာ္သံဃာေတာ္မ်ား၊ ဆရာ ဆရာမမ်ား၊ မိဘျပည္သူမ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ား တက္ေရာက္ၾကပါတယ္။

Repeater တန္း ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ ေက်ာင္းဖြင့္ပြဲအခမ္းအနားျဖစ္သလုိ ယဥ္ေက်းလိမၼာေအာင္ျမင္ၾကသူမ်ား၊ ဆယ္တန္းေအာင္ျမင္ၾကသူမ်ားအတြက္ ဆုေပးပြဲလည္း ျဖစ္ပါတယ္။

ယဥ္ေက်းလိမၼာစာေမးပြဲ ေအာင္ျမင္သူမ်ားကို စာေရးသူက (၅၀၀၀)က်ပ္စီ၊ ေရႊမန္းေမမိသားစုက (၅၀၀၀)က်ပ္စီ၊ႏွင့္ ႏွစ္သိမ့္ဆုရသူကို (၁၀၀၀၀)က်ပ္ ဆုခ်ပါတယ္။

ဆယ္တန္းေအာင္ျမင္သူမ်ားကို ေအာင္လက္မွတ္ခ်ီးျမႇင့္ၿပီး ဂုဏ္ထူးရရွိသူမ်ားကို (၁)သိန္းက်ပ္စီ ဆုခ်ကာ ဂုဏ္ထူးရဘာသာျပ ဆရာ ဆရာမမ်ားကိုလည္း ဂုဏ္ထူးရသူနည္းတူ တစ္သိန္းက်ပ္စီ ဆုခ်ပါတယ္။

ဒါ့အျပင္ ေက်ာင္းသူေက်ာင္းသားမ်ားအား ဗလာစာအုပ္မ်ားႏွင့္ ဆရာ ဆရာမမ်ားအား အကႌ်၊ ပုဆိုး လက္ေဆာင္မ်ားေပးအပ္လွဴဒါန္းပါတယ္။

ေလာကအလင္းက်ဴရွင္ေက်ာင္းကို 2012 ခုႏွစ္ကတည္းက ဖြင့္လွစ္ခဲ့ရာ ယခုဆုိလွ်င္ (၇)ႏွစ္ေျမာက္ ပညာသင္ႏွစ္အထိ ေရာက္ရွိခဲ့ပါၿပီ။

2017-2018 ပညာသင္ႏွစ္မွာေတာ့ Repeater တန္း (၄၈)ဦးေျဖဆုိရာ (၂၃)ဦး ေအာင္ျမင္ၿပီး၊ တစ္ဘာသာဂုဏ္ထူး (၃)ဦး ေပၚထြက္ပါတယ္။ Fresher တန္း (၂၂)ဦးေျဖဆုိရာ (၂)ဦးေအာင္ျမင္ၿပီး တစ္ဘာဂုဏ္ထူး (၁))ဦးထြက္ပါတယ္။

Repeater တန္းက ေအာင္ခ်က္မ်ားၿပီး Fresher တန္းက ေအာင္ခ်က္နည္းလြန္းတဲ့အတြက္ ဆရာ ဆရာမမ်ားႏွင့္ တုိင္ပင္ေဆြးေႏြး အေျဖရွာကာ ေအာင္ျမင္သူအေရးအတြက္ တုိးပြားလာေအာင္ ဆက္လက္ေဆာင္ရြက္ၾကဖုိ႔ စီစဥ္ထားပါတယ္။

အခမ္းအနားတက္ေရာက္သူမ်ားကို ပဲႏုိ႔ႏွင့္ မုန္႔ ေကၽြးေမြးလွဴဒါန္းပါတယ္။  စာေရးသူကေတာ့ မိဘမ်ားက သားသမီးမ်ားအေပၚ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားထားဖုိ႔ အေရးႀကီးေၾကာင္းႏွင့္ ေက်ာင္းသူေက်ာင္းသားမ်ားကလည္း စာႀကဳိးစားျခင္းျဖင့္ မိဘဆရာသမားမ်ားကို အေကာင္းဆံုး ေက်းဇူးျပန္ဆက္ၾကဖုိ႔ တုိက္တြန္းေဟာၾကားခဲ့ပါတယ္။

အားလံုး ေလာကအလင္းရွင္မ်ား ျဖစ္ၾကပါေစ။

ဝီရသူ (မစုိးရိမ္)
11.6.2018

 

“လောကအလင်း ဆုပေးပွဲ”

နယုန်လဆုတ် (၁၂)ရက်၊ 10.6.2018 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ မမ ၁၃၊ ၅၃ လမ်းနှင့် ယုဇနလမ်းထောင့်၊ လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ဆရာတော်သံဃာတော်များ၊ ဆရာ ဆရာမများ၊ မိဘပြည်သူများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ကြပါတယ်။

Repeater တန်း ကျောင်းသူကျောင်းသားများအတွက် ကျောင်းဖွင့်ပွဲအခမ်းအနားဖြစ်သလို ယဉ်ကျေးလိမ္မာအောင်မြင်ကြသူများ၊ ဆယ်တန်းအောင်မြင်ကြသူများအတွက် ဆုပေးပွဲလည်း ဖြစ်ပါတယ်။

ယဉ်ကျေးလိမ္မာစာမေးပွဲ အောင်မြင်သူများကို စာရေးသူက (၅၀၀၀)ကျပ်စီ၊ ရွှေမန်းမေမိသားစုက (၅၀၀၀)ကျပ်စီ၊နှင့် နှစ်သိမ့်ဆုရသူကို (၁၀၀၀၀)ကျပ် ဆုချပါတယ်။

ဆယ်တန်းအောင်မြင်သူများကို အောင်လက်မှတ်ချီးမြှင့်ပြီး ဂုဏ်ထူးရရှိသူများကို (၁)သိန်းကျပ်စီ ဆုချကာ ဂုဏ်ထူးရဘာသာပြ ဆရာ ဆရာမများကိုလည်း ဂုဏ်ထူးရသူနည်းတူ တစ်သိန်းကျပ်စီ ဆုချပါတယ်။ ဒါ့အပြင် ကျောင်းသူကျောင်းသားများအား ဗလာစာအုပ်များနှင့် ဆရာ ဆရာမများအား အင်္ကျီ၊ ပုဆိုး လက်ဆောင်များပေးအပ်လှူဒါန်းပါတယ်။

လောကအလင်းကျူရှင်ကျောင်းကို 2012 ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် (၇)နှစ်မြောက် ပညာသင်နှစ်အထိ ရောက်ရှိခဲ့ပါပြီ။ 2017-2018 ပညာသင်နှစ်မှာတော့ Repeater တန်း (၄၈)ဦးဖြေဆိုရာ (၂၃)ဦး အောင်မြင်ပြီး၊ တစ်ဘာသာဂုဏ်ထူး (၃)ဦး ပေါ်ထွက်ပါတယ်။ Fresher တန်း (၂၂)ဦးဖြေဆိုရာ (၂)ဦးအောင်မြင်ပြီး တစ်ဘာဂုဏ်ထူး (၁))ဦးထွက်ပါတယ်။

Repeater တန်းက အောင်ချက်များပြီး Fresher တန်းက အောင်ချက်နည်းလွန်းတဲ့အတွက် ဆရာ ဆရာမများနှင့် တိုင်ပင်ဆွေးနွေး အဖြေရှာကာ အောင်မြင်သူအရေးအတွက် တိုးပွားလာအောင် ဆက်လက်ဆောင်ရွက်ကြဖို့ စီစဉ်ထားပါတယ်။

အခမ်းအနားတက်ရောက်သူများကို ပဲနို့နှင့် မုန့် ကျွေးမွေးလှူဒါန်းပါတယ်။ စာရေးသူကတော့ မိဘများက သားသမီးများအပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားဖို့ အရေးကြီးကြောင်းနှင့် ကျောင်းသူကျောင်းသားများကလည်း စာကြိုးစားခြင်းဖြင့် မိဘဆရာသမားများကို အကောင်းဆုံး ကျေးဇူးပြန်ဆက်ကြဖို့ တိုက်တွန်းဟောကြားခဲ့ပါတယ်။

အားလုံး လောကအလင်းရှင်များ ဖြစ်ကြပါစေ။

ဝီရသူ (မစိုးရိမ်)
11.6.2018