ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း




ကဗျာအမျိုးအစားကတော့
အမျိုးသားရေးကဗျာ၊
နိုင်ငံရေးကဗျာ၊
စီးပွားရေးကဗျာ၊



ကဗျာများပေးပို့ရန်
09.260067700
09.444637969
09.781601969

ဝီရသူ (မစိုးရိမ်)
11.6.2018

 

“မွေးနေ့သွေးလှူဒါန်းပွဲသို့ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း”

26.6.2018 ရက်နေ့မှာကျရောက်မယ့် စာရေးသူရဲ့ သက်တော်(၅၀)ပြည့်နှစ် ရွှေရတုမွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကြီး ကျင်းပမှာပါ။

စာရေးသူရဲ့ဇာတိ ကျောက်ဆည်မြို့ မိခင်စာသင်တိုက် မင်းကုန်းကျောင်းမှာ ကျင်းပမှာပါ။ ရွှေရတုမွေးနေ့ပွဲအဖြစ် သွေးအိတ်များများလှူဒါန်းနိုင်အောင် သွေးလှူရှင်အသင်းများ၊ ပရဟိတအသင်းများကိုလည်း ဖိတ်ကြားမှာပါ။ အနယ်နယ်အရပ်ရပ်မှ မျိုးချစ်သံဃာ၊ မျိုးချစ်ပြည်မှန်သမျှကိုလည်း ဖိတ်ခေါ်ပါတယ်။ သွေးလှူလို၍ဖြစ်စေ၊ ကဗျာပြိုင်ပွဲ တက်ရောက်လို၍ဖြစ်စေ မွေးနေ့ပွဲသို့ လာရောက်အားပေးလို၍ဖြစ်စေ မည်သူမဆို ကြွရောက်နိုင်ပါတယ်။

ကဗျာပြိုင်ပွဲကတော့ ကိုယ်တိုင်စပ်ဆိုထားတဲ့ကဗျာကို ကဗျာဆရာကိုယ်တိုင်ဖြစ်စေ၊ ပြိုင်ပွဲဝင် ရွတ်ဖတ်ပြနိုင်မည့် ကိုယ်စားလှယ်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

ကဗျာအမျိုးအစားကတော့
အမျိုးသားရေးကဗျာ၊
နိုင်ငံရေးကဗျာ၊
စီးပွားရေးကဗျာ၊
အမျိုးသားရေးဦးဆောင်ဆရာတော်များအကြောင်း (ဂုဏ်ပြုကဗျာ)တို့ ဖြစ်ပါတယ်။

ကဗျာအတွက် အမှတ်သီးသန့်၊ ရွတ်ဖတ်ပုံအတွက် အမှတ်သီးသန့်၊ ပရိသတ်ကပေးမည့် အမှတ်သီးသန့်၊ ဒိုင်ရွေးချယ်မည့် အမှတ်သီးသန့်၊ ၎င်းအမှတ်များကိုပေါင်း၍ များရာအလိုက် ဆုချီးမြင့်သွားမှာပါ။
ဆုအားလုံးအတွက် ဆုတံဆိပ်နှင့် ဆုငွေ (၁၀)သိန်းကျပ် သုံးစွဲသွားပါမည်။
အလှူရှင်ကတော့ မော်လမြိုင်မြို့ ယွန်းဝတီရွှေဆိုင်မိသားစု ဖြစ်ပါတယ်။

သွေးလှူရှင်များအားလည်း အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးလှူသွားမှာ ဖြစ်ပါတယ်။

ကဗျာများပေးပို့ရန်
09.260067700
09.444637969
09.781601969
(ဗိုက်ဘာဖြင့်သာ ပေးပို့ပါရန်)

ဝီရသူ (မစိုးရိမ်)
11.6.2018