ထုတ်ပြန်ကြေညာချက်သတင်း

မဘသအဖွဲ့ဝင်များအား အထူးအသိပေးရှင်းလင်းပွဲ၏ သဘောထားထုတ်ပြန်ကြေညာချက်

အောင်ဆန်းတောရတပ်ဦးကျောင်း၌ ကျင်းပအပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) မဘသအဖွဲ့ဝင်များအား အထူးအသိပေးရှင်းလင်းပွဲ၏ သဘောထားထုတ်ပြန်ကြေညာချက်

သာသနာနှစ်-၂၅၆၁ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ နယုန်လဆန်း(၃)ရက် ၂၀၁၇ ၊ မေလ(၂၈)ရက်၊ တနင်္ဂနွေနေ့

၁။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များအား အလေးဂရုပြုသောအားဖြင့် မဘသ အမည်ကို မသုံးစွဲဘဲ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အမည်ဖြင့်သာ ဆက်လက်ရပ်တည်သွားမည်။

၂။ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ မြို့နယ်၊ တိုက်နယ် အသီးသီးရှိ မဘသ အဖွဲ့များအနေဖြင့် ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်းဒေးရှင်း အမည်ဖြင့် တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းသည်။

၃။ ၂၃.၅.၂၀၁၇ ရက်စွဲပါ မဟန ကြေညာချက်နှင့်ပတ်သက်၍ ရဟန်းရှင်လူ ပြည်သူများသည် မည်သို့မျှ သဘောမထားဘဲ သူတော်ကောင်းပီသစွာ ခန္တီ မေတ္တာ လက်ကိုင်ထားလျက် မိမိတို့ချစ်မြတ်နိုးသော အမျိုး ဘာသာ သာသနာကို ဓမ္မဝိနယနှင့်အညီ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် အလေးအနက် တိုက်တွန်းလိုက်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ
ပဓာနမဟာနာယက
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့
ရန်ကုန်တိုင်းဒေသကြီး။