ဂျာနယ်သတင်း

သာကီသွေးဂျာနယ် ပရိသတ်များသို့ အသိပေးခြင်း

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အဖွဲ့က စီစဉ်ထုတ်ဝေလျက်ရှိသော သာကီသွေးဂျာနယ်ကို အတွဲ (၁) မှစ၍ အတွဲ (၄) ပြီးဆုံးသည်အထိ (၄) နှစ်တိုင်တိုင် စဉ်ဆက်မပြတ် ထုတ်ဝေနိုင်ခဲ့ပါသည်။ အနယ်နယ်အရပ်ရပ်က စာဖတ်ပရိသတ်များလည်း (၄)နှစ်တိုင်တိုင် တခဲနက်အားပေးလာသည်ကို အားရဖွယ်တွေ့ရှိရပါသည်။ ထိုအတွက်လည်း အထူးပင် ကျေးဇူးတင် ဝမ်းမြောက်မိပါသည်။

ယခုအခါ သာကီသွေးဂျာနယ်ကို အတွဲ(၅)မှစ၍ ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ပါသည်။ သို့သော်လည်း မူဝါဒနှင့် လုပ်ဆောင်စရာ လုပ်ငန်းများ လုပ်ဆောင်နေရသည့်အတွက် ဂျာနယ်ဖြန့်ဝေမှုကို ခဏတာ ရပ်နားထားပါသည်။ မကြာမီ အမြန်ဆုံး ပြန်လည် ထွက်ရှိနိုင်အောင် ကြိုးစားသွားကြပါမည်။

ရန်ကုန်မြို့တွင်းနှင့်နယ်ကိုယ်စားလှယ်များအနေနဲ့ လက်ရှိထွက်ရှိပြီး ဂျာနယ်အတွဲ (၄) ပြီးဆုံးသည်အထိ လက်ကျန် ရှင်းလင်းစရာများ အမြန်ဆုံး ရှင်းလင်းပေးကြပါရန်လည်း အထူး (အထူး) မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ အတွဲ(၅)၊ အမှတ် (၁) မှစ၍ စနစ်သစ်ဖြင့် ဖြန့်ဝေမှုလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် လက်ကျန် ငွေနှင့် စာအုပ်များကို အပြီးအပိုင် ရှင်းလင်းပေးစေလိုသည့်အတွက် ခုလိုစီမံလိုက်ရတာဖြစ်ပါသည်။

ကိုယ်စားလှယ်များ အနေနဲ့ အဆင်ပြေအောင် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ကြပါရန် ထပ်မံအသိပေးအပ်ပါသည်။ သာကီသွေးဂျာနယ်တွင် စာမူရေးသားပေးကြသော စာရေးဆရာများ၊ စာဖတ် ပရိသတ်များ၊ ဖြန့်ချိရေးကိုယ်စား လှယ်များ၊ အယ်ဒီတာချုပ်နှင့် အယ်ဒီတာအဖွဲ့ဝင်များ၊ လုပ်ကိုင်ကူညီဆောင်ရွက်ပေးကြသူများစသည်ဖြင့် (၄)နှစ်တိုင်တိုင် အားပေးမှု ကူညီဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင် ဖေါ်ပြအပ်ပါသည်။ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ပေးနိုင်ခြင်း၊ ပြန့်ပွားအောင် ဖြန့်ချိပေးနိုင်ခြင်းများ ပြုလုပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ဒေါက်တာသောပါက
သာကီသွေးဂျာနယ် နာယက
၂ဝ၁၇၊ ဇွန်လ (၄)ရက်