Daily Archives: February 28, 2018

သတင်း

ရွှေတိဂုံ စေတိယင်္ဂဏ ရာပြည့်ပွဲ နေ့ဆွမ်းအလှူတော်

17.2.2018 ရက်နေ့ မနက်ပိုင်း စာအောင်ဆုနှင်းသဘင်အခမ်းအနားအပြီးမှာ နေ့ဆွမ်း ဆက်ကပ်ပါတယ်။ ပြည်တွင်းပြည်ပမှ စေတိယင်္ဂဏ အဘိဝံသဘွဲ့ရဆရာတော်များ ဂဏဝါစက ဓမ္မာစရိယဘွဲ့ရဆရာတော်များ ဝဋံသကာဘွဲ့ရဆရာတော်များ စုံလင်ကြပါတယ်။ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ဂါရဝပြု ဖူးမြော် နှုတ်ဆက်ဖြစ်ပါတယ်။ ဆရာတော်ကြီးများက စာရေးသူအား မေတ္တာပို့ ဆုတောင်းပေးကြပါတယ်။ မန္တလေး ချမ်းအေးသာစံမြို့နယ် မိုးကောင်းကျောင်းတိုက် ဇယဝတီဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသ (သ.စ.အ ဓမ္မာစရိယ ဝဋံသကာ) ဆွမ်းစားအပြန်မှာ နှုတ်ဆက်ခွင့်ရပါတယ်။ ဆရာတော်ကြီးက လှိုက်လှိုက်လှဲလှဲ ပြန်လည်နှုတ်ဆက်ပါတယ်။ ဝီရသူ ကောင်လေး တောက်တီးတောက်တဲ့တွေ လျှောက်လုပ်နေပေမဲ့ စာကျ ရသားပဲဟု မိန့်တော်မူဖူးသော ဆရာတော်ကြီးဖြစ်ပါတယ်။ ဆရာတော်ကြီးက ကြုံတုန်းကြုံခိုက် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၄၂

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ၁။ မြိတ်မြို့ ဝက်တိုက်ကျောင်းဆရာတော် ဦးတေဇိန္ဒမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ၂။ မြိတ်မြို့ မြန်မာနိုင်ငံလုံးဆိုင်ရာဓမ္မဝံသာနုရက္ခိတအဖွဲ့မှ အလှူငွေ ၁၅၀၀၀၀(တစ်သိန်းငါးသောင်း)ကျပ်၊ ၃။ မြိတ်မြို့၊ ပါရမီရပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ၄။ မြိတ်မြို့ ဝံသာနုရက္ခိတအဖွဲ့ ဇေယျာသီရိ(၄)ရပ်ကွက်မှ အလှူငွေ ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ ၅။ မြိတ်မြို့ ကျွဲကူးရွာ ဦးတင့်ဂွမ်+ဒေါ်သန်းညို(ဓမ္မဝံသာနုရက္ခိတအဖွဲ့)မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ၆။ မြိတ်မြို့ ...