Daily Archives: July 10, 2018
သတင်း
ဓမ္မအလင်း သြဝါဒ
8.7.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့သို့ ရောက်ရှိခဲ့ပါတယ်။ ဆိပ်ဖြူမြို့နယ် ရှောက်ပင်အင်းကျေးရွာ တရားပွဲသွားရင်း ဆိပ်ဖြူမှ နောင်တော်ကြီး ဦးဣန္ဒာသက္ကနှင့် မဘသဝိုင်းတော်သားများက လာရောက်ကြိုဆိုရင်း ဓမ္မအလင်းမှာ ခဏနားကြတာပါ။ ဆိပ်ဖြူမြို့ ဓမ္မအလင်းစာကြည့်တိုက်မှာ ခဏနားပါတယ်။ ဓမ္မအလင်းစာကြည့်တိုက် လူငယ်အဖွဲ့နှင့် ဓမ္မစကူးလ်ဆရာမများအား သြဝါဒပေးပါတယ်။ စာကြည့်တိုက်သမားတွေဖြစ်နေလို့ အန္ဓသုတ္တန်ကို နားလည်သလို ရှင်းပြပေးတာပါ။ လောကမျက်လုံးပွင့်ပြီး ဓမ္မမျက်လုံးပိတ်နေသူကို တစ်ဖက်ကန်းလို့ခေါ်တယ်။ ဓမ္မမျက်လုံးပွင့်ပြီး လောကမျက်လုံးပိတ်နေသူကိုလည်း တစ်ဖက်ကန်းလို့ခေါ်တယ်။ နှစ်လုံးစလုံး ပိတ်နေရင် စုံလုံးကန်း၊ နှစ်လုံးစလုံးပွင့်နေမှ နှစ်ဖက်မြင်လို့ ခေါ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကတော့ နှစ်ဖက်မြင်သူကိုမှ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၅
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ဒေါ်မြင့်မြင့်အေး၊ သမီး-မနှင်းဝတ်ရည်စိုး၊ မြေး-မောင်ဇင်မင်းထက် မိသားစုမှ အလှူငွေ ၁၀၀၀၀ိ (တစ်သောင်းကျပ်) လှူဒါန်းပါသည်။ (1.7.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ...
သတင်း
မစိုးရိမ်တိုက်ကြီးနှစ်တိုက် သံဃာဒါနဆွမ်းလောင်းပွဲ
8.7.2018 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ်နှင့် မစိုးရိမ်တိုက်ကြီးမှ သံဃာတော်ပေါင်း ၃၂၄၅ ပါးကို ဆွမ်းလောင်းလှူခြင်း၊ နဝကမ္မ ၅၀၀၀ ကျပ်စီလှူဒါန်းခြင်းတို့ဖြင့် ပညာပါရမီကုသိုလ် ကိုယ်စီကိုယ်ငှ ယူကြပါတယ်။ မစိုးရိမ်တိုက်သစ်မှ သာသနဓဇဓမ္မာစရိယဘွဲ့ရ အရှင်ဉာဏိကအား ပူဇော်ခြင်း၊ ကံထပ်ခြင်း အထိမ်းအမှတ် လောင်းလှူကုသိုလ်ယူတာပါ။ အရှင်ဉာဏိက၏ ရဟန်းဒါယကာ ရဟန်းဒါယိကာမများရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ ရဟန်းဒါယကာ ဒါယိကာမများကတော့ ဦးအောင်လင်း(ခ) ဦးရှောက်တီ+ဒေါ်ခင်မာကြည် တို့်ဖြစ်ပါတယ်။ ရဟန်းဖြစ်သူ ဓမ္မာစရိယဘွဲ့ရရှိတာကိုအကြောင်းပြုပြီး သံဃာ သုံးထောင်ကျော်ကို အခုလို ...
သတင်း