သတင္း

မစုိးရိမ္တုိက္ႀကီးႏွစ္တုိက္ သံဃာဒါနဆြမ္းေလာင္းပြဲ

8.7.2018 ရက္ေန႔၊ မနက္ ၆း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မစုိးရိမ္တုိက္သစ္၊ ဓမၼမဟိဒၶိေက်ာင္းေတာ္ႀကီးမွာ က်င္းပပါတယ္။ မစိုးရိမ္တုိက္သစ္ႏွင့္ မစိုးရိမ္တုိက္ႀကီးမွ သံဃာေတာ္ေပါင္း ၃၂၄၅ ပါးကို ဆြမ္းေလာင္းလွဴျခင္း၊ နဝကမၼ ၅၀၀၀ က်ပ္စီလွဴဒါန္းျခင္းတုိ႔ျဖင့္ ပညာပါရမီကုသုိလ္ ကုိယ္စီကိုယ္ငွ ယူၾကပါတယ္။

မစိုးရိမ္တုိက္သစ္မွ သာသနဓဇဓမၼာစရိယဘြဲ႔ရ အရွင္ဉာဏိကအား ပူေဇာ္ျခင္း၊ ကံထပ္ျခင္း အထိမ္းအမွတ္ ေလာင္းလွဴကုသုိလ္ယူတာပါ။

အရွင္ဉာဏိက၏ ရဟန္းဒါယကာ ရဟန္းဒါယိကာမမ်ားရဲ႕ ကုသုိလ္ေတာ္ျဖစ္ပါတယ္။ ရဟန္းဒါယကာ ဒါယိကာမမ်ားကေတာ့ ဦးေအာင္လင္း(ခ) ဦးေရွာက္တီ+ေဒၚခင္မာၾကည္ တုိ္႔ျဖစ္ပါတယ္။

ရဟန္းျဖစ္သူ ဓမၼာစရိယဘြဲ႔ရရွိတာကိုအေၾကာင္းျပဳၿပီး သံဃာ သံုးေထာင္ေက်ာ္ကို အခုလို လွဴဒါန္းႏိုင္ခဲ့တာကေတာ့ ထူးျခားတဲ့ကုသိုလ္ေလးပါပဲ။

ဂ်ပန္သတင္းေထာက္ႀကီးလည္း အႀကဳိက္ေတြ႔သြားပါတယ္။ ဝမ္းသာအားရ မလြတ္တမ္းမွတ္တမ္းတင္ကာ အင္တာဗ်ဴးေနတာ ေတြ႔ရပါတယ္။

 

“မစိုးရိမ်တိုက်ကြီးနှစ်တိုက် သံဃာဒါနဆွမ်းလောင်းပွဲ”

8.7.2018 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ်နှင့် မစိုးရိမ်တိုက်ကြီးမှ သံဃာတော်ပေါင်း ၃၂၄၅ ပါးကို ဆွမ်းလောင်းလှူခြင်း၊ နဝကမ္မ ၅၀၀၀ ကျပ်စီလှူဒါန်းခြင်းတို့ဖြင့် ပညာပါရမီကုသိုလ် ကိုယ်စီကိုယ်ငှ ယူကြပါတယ်။

မစိုးရိမ်တိုက်သစ်မှ သာသနဓဇဓမ္မာစရိယဘွဲ့ရ အရှင်ဉာဏိကအား ပူဇော်ခြင်း၊ ကံထပ်ခြင်း အထိမ်းအမှတ် လောင်းလှူကုသိုလ်ယူတာပါ။ အရှင်ဉာဏိက၏ ရဟန်းဒါယကာ ရဟန်းဒါယိကာမများရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ ရဟန်းဒါယကာ ဒါယိကာမများကတော့ ဦးအောင်လင်း(ခ) ဦးရှောက်တီ+ဒေါ်ခင်မာကြည် တို့်ဖြစ်ပါတယ်။

ရဟန်းဖြစ်သူ ဓမ္မာစရိယဘွဲ့ရရှိတာကိုအကြောင်းပြုပြီး သံဃာ သုံးထောင်ကျော်ကို အခုလို လှူဒါန်းနိုင်ခဲ့တာကတော့ ထူးခြားတဲ့ကုသိုလ်လေးပါပဲ။

ဂျပန်သတင်းထောက်ကြီးလည်း အကြိုက်တွေ့သွားပါတယ်။ ဝမ်းသာအားရ မလွတ်တမ်းမှတ်တမ်းတင်ကာ အင်တာဗျူးနေတာ တွေ့ရပါတယ်။