ထုတ်ပြန်ကြေညာချက်သတင်း

အမျိုးသားတိုးတက်မြင့်မားရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက်

စာအမှတ်-၆/၂၀၁၇
နေ့စွဲ-ဇူလိုင် ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။

ဇူလိုင်လ ၁၅ ရက်နောက်ဆုံးထား၍ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များရှိ မ.ဘ.သ အဖွဲ့များ အမည်ပြောင်းလဲခြင်းနှင့် ဆိုင်းဘုတ် ဖြုတ်သိမ်းခြင်းများမပြုပါက မ.ဟ.န ဆုံးဖြတ်ချက်အတိုင်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများမှ ဆက်လက်ဆောင်ရွက်သွားမည်ဟုနိုင်ငံပိုင်ရုပ်သံမှထုတ်လွှင့်သွားသည်။


မ.ဘ.သ အဖွဲ့ဆိုင်းဘုတ်များကို (၁၅.၇.၂၀၁၇) ရက်တွင် နောက်ဆုံး ထား၍ အပြီးအပိုင်ဖြုတ်သိမ်းပေးရန် မ.ဟ.န မှ ထုတ်ပြန်ထားပြီး အဆိုပါ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူ သွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထဲရေးဌာနမှ သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့်အရေးယူမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာပြီး အာဏာစက်သုံးသည့်အပေါ် ကျန်ုပ်တို့ အမျိုးသားတိုးတက်မြင့်မားရေးပါတီ (NPP) မှ အမျိုးဘာသာသာသနာကိုအစဉ်ရှေးရှုပြီး ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်။


မ.ဘ.သ ဆရာတော်များသည် မူလတာဝန်ဖြစ်သည့် ပရိယတ္တိ ၊ပဋိပတ္တိ တာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်ပြီး ဆင့်ပွားတာဝန်ဖြစ်သည့် အမျိုးဘာသာသာနာ့တာဝန် ထမ်းဆောင်နေကြရသော သံဃာတော် အရှင်သူမြတ်များဖြစ်သည်။


အာဏာရ စိုးရအနေဖြင့် နိုင်ငံတိုးတက်ပြောင်းလဲမည့်လုပ်ငန်းစဉ်များအားလုပ်ဆောင်ရမည့်အစားထိလွယ်ရှလွယ်မည့်ဘာသာရေး ဆိုင်ရာကိစ္စရပ်များအပေါ်သေချာစွာလေ့လာသုံးသပ်ကိုင်တွယ်သင့်ပြီး ဘုရားသားတော် အချင်းချင်း စိတ်ဝမ်းကွဲအောင် မပြုလုပ် သင့်ကြောင်း ကျွန်ုပ်တို့ ပါတီမှပြတ်ပြတ်သားသားတောင်းဆိုလိုက်သည်။


ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားတိုးတက်မြင့်မားရေးပါတီ(NPP)