သတင္း

ၿမိတ္ခရီးစဥ္ – ၄

11.2.2018 မနက္အေစာ ၿမိတ္ကတ္ေၾကးကုိက္ သြားစားၾကပါတယ္။ ေနာင္ေတာ္ညီေတာ္ မဘသမ်ားႏွင့္အတူ စားတာပါ။
မစားရတာၾကာလုိ႔ အေတာ္ေကာင္းပါတယ္။ အျပန္မွာ သဝဏ္လႊာတစ္ေစာင္ ေဆာင္းပါးတစ္ေစာင္ စာႏွစ္ေစာင္ေရးပါတယ္။
မြန္းလြဲပုိင္းမွာ အခမ္းအနားက်င္းပတဲ့ကြင္းထဲ ေရာက္ရွိပါတယ္။

တပ္မေတာ္ခ်စ္သူမ်ား စုံစုံလင္လင္ပါပဲ။ စစ္ေၾကာင္းမ်ဳိးစုံနဲ႔ ခ်ီတက္ၾကတာ ေတြ႕ရပါတယ္။ ၿမဳိ႕နဲ႔စာရင္ အင္အားက ပုိႀကီးမားပါတယ္။ ကၽြန္းစု၊ ပုေလာ စတဲ့ ၿမဳိ႕မ်ားကလည္း လာေရာက္ဝန္းရံၾကပါတယ္။ ပရိသတ္နဲ႔ကြင္းနဲ႔ မမွ်ပါဘူး။ ကြင္းကေသးၿပီး ပရိသတ္က မ်ားေနပါတယ္။

ေနပူတာေၾကာင့္ အရိပ္ထဲမွာေနၾကသူမ်ား ကားေပၚမွ နားေထာင္သူမ်ား ေတာ္ေတာ္ေတြ႕ရပါတယ္။ စာေရးသူရဲ႕သဝဏ္လႊာကုိ ကၽြန္းစုမွ ဦးအာဒိစၥက ဖတ္ၾကားပါတယ္။ ရွင္မေတာင္ဆရာေတာ္ႀကီးနဲ႔ ဘူးလတ္ဦးလွေဆြႀကီးတုိ႔လည္း အေဟာအေျပာေကာင္းၾကပါတယ္။

တုိတုိက်ဥ္းက်ဥ္း လုိရင္းေျပာတတ္လုိ႔ ပရိသတ္ေတြ အဆင္ေျပၾကပါတယ္။ ၿမိတ္ၿမဳိ႕ တပ္မေတာ္ႏွင့္ ႏုိင္ငံ့ဝန္ထမ္းေကာင္းမ်ား ေထာက္ခံပြဲကေတာ့ အမွတ္တရပါပဲ။ ၿမိတ္ၿမဳိ႕အေနနဲ႔ အခုလုိ အခန္းအနား ႀကီးႀကီးမားမား မက်င္းပဖူးလုိ႔ အထူးအဆန္းျဖစ္ေနေၾကာင္း ဝမ္းသာအားရေပ်ာ္ရႊင္ေနၾကေၾကာင္း သိရလုိ႔ အေဝးႀကီးမွ လာေရာက္အားေပးရက်ဳိး နပ္သြားပါတယ္။

တရားပြဲအပိတ္ခံထားရတာကုိ ေရာၿပီး တုိင္ၾက ေတာၾကတဲ့ အနီအေၾကာင္ေတြေၾကာင့္ လူကုိယ္တုိင္လာေရာက္ခဲ့ေသာ္လည္း စင္ေပၚတက္ၿပီး ကုိယ္တုိင္ သဝဏ္လႊာ ဖတ္ခြင့္မရတာကေတာ့ NLD အစုိးရရဲ႕ ဒီမုိကေရစီသရုပ္သကန္ပါပဲ။

ဝီရသူ(မစိုးရိမ္)
19.2.2018
PM 6:54

 

“မြိတ်ခရီးစဉ် – ၄”

11.2.2018 မနက်အစော မြိတ်ကတ်ကြေးကိုက် သွားစားကြပါတယ်။ နောင်တော်ညီတော် မဘသများနှင့်အတူ စားတာပါ။
မစားရတာကြာလို့ အတော်ကောင်းပါတယ်။ အပြန်မှာ သဝဏ်လွှာတစ်စောင် ဆောင်းပါးတစ်စောင် စာနှစ်စောင်ရေးပါတယ်။
မွန်းလွဲပိုင်းမှာ အခမ်းအနားကျင်းပတဲ့ကွင်းထဲ ရောက်ရှိပါတယ်။

တပ်မတော်ချစ်သူများ စုံစုံလင်လင်ပါပဲ။ စစ်ကြောင်းမျိုးစုံနဲ့ ချီတက်ကြတာ တွေ့ရပါတယ်။ မြို့နဲ့စာရင် အင်အားက ပိုကြီးမားပါတယ်။ ကျွန်းစု၊ ပုလော စတဲ့ မြို့များကလည်း လာရောက်ဝန်းရံကြပါတယ်။ ပရိသတ်နဲ့ကွင်းနဲ့ မမျှပါဘူး။ ကွင်းကသေးပြီး ပရိသတ်က များနေပါတယ်။

နေပူတာကြောင့် အရိပ်ထဲမှာနေကြသူများ ကားပေါ်မှ နားထောင်သူများ တော်တော်တွေ့ရပါတယ်။ စာရေးသူရဲ့သဝဏ်လွှာကို ကျွန်းစုမှ ဦးအာဒိစ္စက ဖတ်ကြားပါတယ်။ ရှင်မတောင်ဆရာတော်ကြီးနဲ့ ဘူးလတ်ဦးလှဆွေကြီးတို့လည်း အဟောအပြောကောင်းကြပါတယ်။

တိုတိုကျဉ်းကျဉ်း လိုရင်းပြောတတ်လို့ ပရိသတ်တွေ အဆင်ပြေကြပါတယ်။ မြိတ်မြို့ တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲကတော့ အမှတ်တရပါပဲ။ မြိတ်မြို့အနေနဲ့ အခုလို အခန်းအနား ကြီးကြီးမားမား မကျင်းပဖူးလို့ အထူးအဆန်းဖြစ်နေကြောင်း ဝမ်းသာအားရပျော်ရွှင်နေကြကြောင်း သိရလို့ အဝေးကြီးမှ လာရောက်အားပေးရကျိုး နပ်သွားပါတယ်။

တရားပွဲအပိတ်ခံထားရတာကို ရောပြီး တိုင်ကြ တောကြတဲ့ အနီအကြောင်တွေကြောင့် လူကိုယ်တိုင်လာရောက်ခဲ့သော်လည်း စင်ပေါ်တက်ပြီး ကိုယ်တိုင် သဝဏ်လွှာ ဖတ်ခွင့်မရတာကတော့ NLD အစိုးရရဲ့ ဒီမိုကရေစီသရုပ်သကန်ပါပဲ။

ဝီရသူ(မစိုးရိမ်)
19.2.2018
PM 6:54