သတင္း

ေဇယ်ာေရႊေျမဆရာေတာ္ႀကီးအား ဖူးေျမာ္ပူေဇာ္

ေဇယ်ာေရႊေျမဆရာေတာ္ႀကီးအား ဖူးေျမာ္ပူေဇာ္
=========================

သီတင္းကၽြတ္လျပည့္ေက်ာ္ ၁၄ ရက္ (3.11.2021)ရက္ေန႔၊ မနက္ ၉း၀၀ နာရီ၊ ဘုရားႀကီးတုိက္၊ ေဇယ်ာေရႊေျမေက်ာင္းမွာ က်င္းပပါတယ္။ အာစရိယပူေဇာ္ပြဲေလးပါ။
ေဇယ်ာေရႊေျမဆရာေတာ္ႀကီး ဘဒၵႏၲကုသလ(ပါဠိပါရဂူ)အား စာေရးသူႏွင့္ တပည့္ ဒကာ ဒကာမမ်ားက သြားေရာက္ပူေဇာ္ျခင္းျဖစ္ပါတယ္။

ဆရာေတာ္ႀကီးက ၾသဝါဒေပးေတာ္မူပါတယ္။
ဆရာေတာ္ႀကီးက ေနာက္တန္းခံတပ္မွဴးႀကီးပါ။ စာေရးသူမရွိခိုက္ မန္းမေဟာ္သဓာႏွင့္ မင္းကြန္းပညာေရးအကယ္ဒမီေက်ာင္းတုိ႔ကို ၾကည့္ရႈေစာင့္ေရွာက္ေတာ္မူခဲ့ပါတယ္။
စာေရးသူ႔အေပၚလည္း တပည့္အရင္းပမာ သားေျမးတမွ် ေမတၱာကရုဏာအျပည့္ျဖင့္ ေစာင့္ေရွာက္ေတာ္မူပါတယ္။
စာေရးသူကလည္း ဆရာေတာ္ႀကီးအား အဖိုးလို ဆရာအရင္းလို ေလးစားၾကည္ညဳိခဲ့ပါတယ္။

ဆရာေတာ္ႀကီးအား အခုလို ဖူးေျမာ္ပူေဇာ္ခြင့္ရတာ စာေရးသူအတြက္ အေၾကနပ္ဆံုး ကုသိုလ္ထူးပါပဲ။
မန္းမေဟာ္သဓာဥကၠ႒ႀကီး ေဒါက္တာျမင့္ဦးႏွင့္ ဝိုင္းေတာ္သားမ်ားလည္း စာေရးသူႏွင့္အတူ အာစရိယပူဇာကုသိုလ္ထူးကို အရယူႏိုင္ခဲ့တဲ့ သူေတာ္ေကာင္းသူျမတ္ေလာင္းႀကီးေတြ ျဖစ္ၾကပါတယ္။

အမ်ဳိးေတြအားလံုး သာဓုေခၚႏိုင္ၾကပါေစေသာ္…ဝ္။
———————————

ဇေယျာရွှေမြေဆရာတော်ကြီးအား ဖူးမြော်ပူဇော်
=========================

သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် (3.11.2021)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းမှာ ကျင်းပပါတယ်။ အာစရိယပူဇော်ပွဲလေးပါ။
ဇေယျာရွှေမြေဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)အား စာရေးသူနှင့် တပည့် ဒကာ ဒကာမများက သွားရောက်ပူဇော်ခြင်းဖြစ်ပါတယ်။

ဆရာတော်ကြီးက သြဝါဒပေးတော်မူပါတယ်။
ဆရာတော်ကြီးက နောက်တန်းခံတပ်မှူးကြီးပါ။ စာရေးသူမရှိခိုက် မန်းမဟော်သဓာနှင့် မင်းကွန်းပညာရေးအကယ်ဒမီကျောင်းတို့ကို ကြည့်ရှုစောင့်ရှောက်တော်မူခဲ့ပါတယ်။
စာရေးသူ့အပေါ်လည်း တပည့်အရင်းပမာ သားမြေးတမျှ မေတ္တာကရုဏာအပြည့်ဖြင့် စောင့်ရှောက်တော်မူပါတယ်။
စာရေးသူကလည်း ဆရာတော်ကြီးအား အဖိုးလို ဆရာအရင်းလို လေးစားကြည်ညိုခဲ့ပါတယ်။

ဆရာတော်ကြီးအား အခုလို ဖူးမြော်ပူဇော်ခွင့်ရတာ စာရေးသူအတွက် အကြေနပ်ဆုံး ကုသိုလ်ထူးပါပဲ။
မန်းမဟော်သဓာဥက္ကဋ္ဌကြီး ဒေါက်တာမြင့်ဦးနှင့် ဝိုင်းတော်သားများလည်း စာရေးသူနှင့်အတူ အာစရိယပူဇာကုသိုလ်ထူးကို အရယူနိုင်ခဲ့တဲ့ သူတော်ကောင်းသူမြတ်လောင်းကြီးတွေ ဖြစ်ကြပါတယ်။

အမျိုးတွေအားလုံး သာဓုခေါ်နိုင်ကြပါစေသော်…ဝ်။