သတင်း


======================





— သဟာယ ဆရာစိုင်း —
——————————————- 
 မင်းကွန်းပညာရေးအကယ်ဒမီအလှူတော် (ကလေးမြို့)
======================

ဆရာတော်အရှင်ဝီရသူ တည်ထောင်ထားသည့် မင်းကွန်းတောင်ရိုး ပညာရေးအကယ်ဒမီကျောင်းမှ သံဃာတော်များ ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် စားနပ်ရိက္ခာ အလှူငွေ ငါးသိန်းကျပ်ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဆရာတော်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများမှ လှူဒါန်းပါသည်။
၂၀၂၀ ခုနှစ် ကျောင်းစတင်ဖွင့်လှစ်စဉ်ကလည်း ဗလာစာအုပ်ပေါင်း ၇၅၀ ဒါဇင် လှူဒါန်းခဲ့ပါသည်။

ပညာရေးအကယ်ဒမီကျောင်းသည် ဆရာတော်အရှင်ဝီရသူ ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖြစ်ပါသည်။
ကျောင်းများမပိတ်ခင်က အင်အား ၂၁၀ ရှိပြီး ယခုအခါမှာ ကျောင်းသား ၁၇၉၊ ဆရာ ဆရာမ ၂၀ ကျော် ရှိပါသည်။

၈၊ ၉၊ ၁၀ တန်း ကျောင်းသူကျောင်းသားများကို ကျောင်းတက်ချိန်၊ စာဖြေချိန်၊ စာကျက်ချိန်များ ချမှတ်ထားပြီး ပညာရေးသက်သက် သင်ကြားပေးသော ကျောင်းတော်ကြီးဖြစ်ပါသည်။
ဆရာတော်မရှိစဉ်တုန်းက ငွေကျပ် သိန်း ၁၅၀ကျော် ချေးငှားလည်ပတ်ခဲ့ရပြီး လောလောဆယ်တွင် စားနပ်ရိက္ခာအတွက် အဖက်ဖက်မှ လုံးပန်းနေရဆဲ ဖြစ်ပါသည်။

ဆက်သွယ်လှူဒါန်းလိုပါက 09-691813969 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

— သဟာယ ဆရာစိုင်း —