Daily Archives: November 9, 2021

သတင်း

ကျောင်းတက်ပွဲအခမ်းအနား

ကျောင်းတက်ပွဲအခမ်းအနား============== သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် (3.11.2021)ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ မန္တလေး၊ ပြည်ကြီးတံခွန် ငွေတော်ကျီကုန်းရပ်၊ ကျီကုန်းကျောင်းတိုက်မှာ ကျင်းပပါတယ်။ လက်ရှိ ကျီကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဇနက မဟာထေရ်က မစိုးရိမ်တိုက်သစ် ဓမ္မဝိမုတ္တိရသကျောင်း နာယကဆရာတော် အရှင်သူရိယာဘိဝံသအား လွှဲအပ်လှူဒါန်းခြင်းအခမ်းအနား ဖြစ်ပါတယ်။ မစိုးရိမ်တိုက်ကြီး မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(တိုင်းဥက္ကဋ္ဌ)နှင့် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ(နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်)အမှူးပြုသော ဆရာတော်သံဃာတော်များ၊ တာဝန်ရှိအစိုးရလူကြီးများ၊ ရွာသူရွာသားများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။ ကျောင်းတင်ပွဲအခမ်းအနားမှာ အခုရှုပ်မှ နောင်ရှင်း ဆိုသလို စာသင်တိုက်ဖွင့်လှစ်သည့်အခါ ...
သတင်း

မင်းကွန်းပညာရေးအကယ်ဒမီအလှူတော် (ကလေးမြို့)

မင်းကွန်းပညာရေးအကယ်ဒမီအလှူတော် (ကလေးမြို့)====================== ဆရာတော်အရှင်ဝီရသူ တည်ထောင်ထားသည့် မင်းကွန်းတောင်ရိုး ပညာရေးအကယ်ဒမီကျောင်းမှ သံဃာတော်များ ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် စားနပ်ရိက္ခာ အလှူငွေ ငါးသိန်းကျပ်ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဆရာတော်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများမှ လှူဒါန်းပါသည်။၂၀၂၀ ခုနှစ် ကျောင်းစတင်ဖွင့်လှစ်စဉ်ကလည်း ဗလာစာအုပ်ပေါင်း ၇၅၀ ဒါဇင် လှူဒါန်းခဲ့ပါသည်။ ပညာရေးအကယ်ဒမီကျောင်းသည် ဆရာတော်အရှင်ဝီရသူ ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖြစ်ပါသည်။ကျောင်းများမပိတ်ခင်က အင်အား ၂၁၀ ရှိပြီး ယခုအခါမှာ ကျောင်းသား ၁၇၉၊ ဆရာ ဆရာမ ...