သတင္း

ေက်ာင္းတက္ပြဲအခမ္းအနား

ေက်ာင္းတက္ပြဲအခမ္းအနား
==============

သီတင္းကၽြတ္လျပည့္ေက်ာ္ ၁၄ ရက္ (3.11.2021)ရက္ေန႔၊ ညေန ၃း၀၀ နာရီ၊ မႏၲေလး၊ ျပည္ႀကီးတံခြန္ ေငြေတာ္က်ီကုန္းရပ္၊ က်ီကုန္းေက်ာင္းတုိက္မွာ က်င္းပပါတယ္။

လက္ရွိ က်ီကုန္းေက်ာင္းတုိက္ ပဓာနနာယကဆရာေတာ္ႀကီး ဘဒၵႏၲဇနက မဟာေထရ္က မစုိးရိမ္တုိက္သစ္ ဓမၼဝိမုတၱိရသေက်ာင္း နာယကဆရာေတာ္ အရွင္သူရိယာဘိဝံသအား လႊဲအပ္လွဴဒါန္းျခင္းအခမ္းအနား ျဖစ္ပါတယ္။

မစုိးရိမ္တုိက္ႀကီး မဟာနာယကဆရာေတာ္ႀကီး ဘဒၵႏၲဝိစိတၱာဘိဝံသ(တုိင္းဥကၠ႒)ႏွင့္ မစုိးရိမ္တုိက္သစ္ မဟာနာယကဆရာေတာ္ ဘဒၵႏၲဝါေသ႒ာဘိဝံသ(ႏိုင္ငံေတာ္ဗဟိုသံဃဝန္ေဆာင္)အမွဴးျပဳေသာ ဆရာေတာ္သံဃာေတာ္မ်ား၊ တာဝန္ရွိအစိုးရလူႀကီးမ်ား၊ ရြာသူရြာသားမ်ား၊ ဧည့္ပရိသတ္မ်ား တက္ေရာက္ၾကပါတယ္။

ေက်ာင္းတင္ပြဲအခမ္းအနားမွာ အခုရႈပ္မွ ေနာင္ရွင္း ဆုိသလုိ စာသင္တုိက္ဖြင့္လွစ္သည့္အခါ သံဃာေတာ္မ်ားႏွင့္ ရြာသူရြာသားမ်ား စိတ္ခ်မ္းသာစြာ စာသင္စာခ် ေဝယ်ာဝစၥျပဳလုပ္ႏုိင္ရန္ စည္းမ်ဥ္းစည္းကမ္းမ်ားခ်မွတ္ၿပီး မလုိက္နာႏိုင္ မေနႏိုင္သူမ်ားကို သေဘာထားေမးၿပီး ခ်က္ခ်င္းအေရးယူေဆာင္ရြက္ခဲ့တာေလးကေတာ့ အမွတ္တရျမင္ကြင္းေလးပါပဲ။

ဆရာေတာ္ႀကီးဦးဇနကခမ်ာ ဆဗၺဂၢီတသင္းတုိ႔၏ နည္းအမ်ဳိးမ်ဳိး ဒုကၡေပးတာကို ႏွစ္ေပါင္းမ်ားစြာ ခံစားေနခဲ့ရသျဖင့္ ယခုအခါက်မွ ၿပဳံးႏုိင္ ရယ္ႏုိင္ပါေတာ့သည္။

ဓမၼဝိနယႏွင့္အညီ ျပႆနာေျဖရွင္းေပးေတာ္မူခဲ့ေသာ မစိုးရိမ္တုိက္သစ္ မဟာနာယကဆရာေတာ္ႀကီး ဘဒၵႏၲဝါေသ႒ာဘိဝံသ၏ ေျဖရွင္းပံု နည္းနာနိႆ်ကို ခ်ီးက်ဴး၍မဆံုး ျဖစ္ခဲ့ပါေတာ့၏။

————————-—

ကျောင်းတက်ပွဲအခမ်းအနား
==============

သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် (3.11.2021)ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ မန္တလေး၊ ပြည်ကြီးတံခွန် ငွေတော်ကျီကုန်းရပ်၊ ကျီကုန်းကျောင်းတိုက်မှာ ကျင်းပပါတယ်။

လက်ရှိ ကျီကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဇနက မဟာထေရ်က မစိုးရိမ်တိုက်သစ် ဓမ္မဝိမုတ္တိရသကျောင်း နာယကဆရာတော် အရှင်သူရိယာဘိဝံသအား လွှဲအပ်လှူဒါန်းခြင်းအခမ်းအနား ဖြစ်ပါတယ်။

မစိုးရိမ်တိုက်ကြီး မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(တိုင်းဥက္ကဋ္ဌ)နှင့် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ(နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်)အမှူးပြုသော ဆရာတော်သံဃာတော်များ၊ တာဝန်ရှိအစိုးရလူကြီးများ၊ ရွာသူရွာသားများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။

ကျောင်းတင်ပွဲအခမ်းအနားမှာ အခုရှုပ်မှ နောင်ရှင်း ဆိုသလို စာသင်တိုက်ဖွင့်လှစ်သည့်အခါ သံဃာတော်များနှင့် ရွာသူရွာသားများ စိတ်ချမ်းသာစွာ စာသင်စာချ ဝေယျာဝစ္စပြုလုပ်နိုင်ရန် စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး မလိုက်နာနိုင် မနေနိုင်သူများကို သဘောထားမေးပြီး ချက်ချင်းအရေးယူဆောင်ရွက်ခဲ့တာလေးကတော့ အမှတ်တရမြင်ကွင်းလေးပါပဲ။

ဆရာတော်ကြီးဦးဇနကခမျာ ဆဗ္ဗဂ္ဂီတသင်းတို့၏ နည်းအမျိုးမျိုး ဒုက္ခပေးတာကို နှစ်ပေါင်းများစွာ ခံစားနေခဲ့ရသဖြင့် ယခုအခါကျမှ ပြုံးနိုင် ရယ်နိုင်ပါတော့သည်။

ဓမ္မဝိနယနှင့်အညီ ပြဿနာဖြေရှင်းပေးတော်မူခဲ့သော မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၏ ဖြေရှင်းပုံ နည်းနာနိဿျကို ချီးကျူး၍မဆုံး ဖြစ်ခဲ့ပါတော့၏။