သတင်း
=============
အဋ္ဌသာလိနီစာဝါ ပို့ချခြင်း
=============
တန်ဆောင်မုန်းလဆန်း ၁ ရက် (4.11.2021)ရက်နေ့၊ ညနေ ၄း၀၀နာရီ၊ ဓမ္မသဟာယကျောင်းမှာ ပို့ချပါတယ်။
ပထမရက် စာသင်တန်းအောင် သကျသီဟစာချတန်း ရဟန်းပျိုလေးများ စာဝါလိုက်ကြပါတယ်။
ဒုတိယရက်မှစပြီး အစိုးရစာချတန်း ရဟန်းပျိုများပါ စာဝါလာလိုက်ကြပါတယ်။
ကျမ်းရင်းသုံးကျမ်းမှ အဋ္ဌသာလိနီကျမ်းကို ပို့ချပေးတာပါ။
နံပါတ် ၁၀ ပစ္စည်းပြိုင်အတွက် မစိုးရိမ်နှစ်ချက်စုကို အခြေခံပြီး ပဋ္ဌာန်းသက်သက် သီးခြားတွဲ၍ ပို့ချပေးပါတယ်။
ကိုဗစ်ကာလ စာဝါများ ရပ်နားထားသဖြင့် သကျသီဟစာချတန်းနှင့် အစိုးရစာချတန်း နှစ်တန်းလုံးကို တစ်ပေါင်းတည်း ပို့ချပေးခြင်း ဖြစ်ပါတယ်။
တပည့်အားလုံး စာချတန်းအောင်ပန်း ဆင်မြန်းနိုင်ကြပါစေသော်…ဝ်။