သတင္းအင္တာဗ်ဴး

ျပည္သူ႔လံုၿခဳံေရးအတြက္ ျပည္သူကပဲ တာဝန္ယူရေတာ့မွာပါ (၁)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ေမး – ပထမဆံုးအေနနဲ႔ ႏွစ္သစ္ႏုတ္ခြန္းဆက္စကားေလး မိိန္႔ၾကားေပးပါဦးဘုရား။

ေျဖ – စာဖတ္ပရိသတ္ႀကီး မဂၤလာပါ။

ဦးပဥၨင္းလည္း တရားေတြျပန္လည္ေဟာၾကားေနပါၿပီ။ စာဖတ္ပရိသတ္ႀကီးႏွင့္လည္း ေတြ႔ဆံုခြင့္ရေနပါၿပီ။ စာဖတ္ပရိသတ္အားလံုး ျမန္မာ့ဥဒါန္းနဲ႔အတူ အၿမဲတန္း ေအာင္ျမင္မႈဥဒါန္းေတြ ၾကဴးရင့္ႏိုင္ပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းလိုက္ပါတယ္။

ေမး – ႏုိင္ငံေတာ္အၾကည္ညိဳပ်က္မႈနဲ႔ ဖမ္းဆီးခံခဲ့ရတဲ့ ကို၀င္းကိုကိုလတ္နဲ႔ ကိုေနာင္ေတာ္ေလးတို႔ ဧၿပီ ၂၀ မွာပဲ ျပန္လြတ္လာတာေတြ႕ရပါတယ္ဘုရား။ သူတို႔ရဲ႕ လြတ္ေျမာက္မႈနဲ႔ပတ္သက္လို႔ အရွင္ဘုရားအေနနဲ႔ ဘာမ်ားေျပာခ်င္ပါသလဲဘုရား။

ေျဖ – သူတို႔ကေတာ့ ႏုိင္ငံေတာ္သမၼတရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ မဆိုင္ဘဲနဲ႔ လြတ္ရက္ေစ့လို႔ လြတ္လာတာ ေပါ့။ အမ်ိဳးသားေရးသမားေတြအတြက္ အားတစ္ခုျဖစ္သြားတဲ့အတြက္ ေပ်ာ္စရာေကာင္းတာေပါ့။ ေနာက္ = ဟိုထဲမွာေနခဲ့ရတဲ့ ကာလတစ္ေလွ်ာက္ အေတြးအျမင္ေတြ စိတ္ကူးစိတ္သန္းေတြက အသစ္အသစ္ေတြရလာမွာေလ။ အဲဒီစိတ္ကူးသစ္ေတြနဲ႔ အမ်ိဳးသားေရးကို ပိုမိုၿပီး အက်ိဳးရွိႏုိင္တဲ့နည္းလမ္းေတြနဲ႔ ဆက္လက္ၿပီး လုပ္ေဆာင္သြားႏုိင္တာေပါ့။ အဲဒီအတြက္ကေတာ့ အမ်ားႀကီး ေကာင္းတာေပါ့ေလ။

ေမး – တစ္ဆက္တည္းေပါ့ဘုရား။ ႏုိင္ငံေတာ္သမၼတရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္ အက်ဥ္းသား ရွစ္ေထာင္ေက်ာ္မွာ အမ်ိဳးသားေရးလႈပ္ရွားခဲ့သူေတြမပါခဲ့သလို မန္းသပိတ္စခန္းက ဖမ္းဆီးခံရတဲ့ သံဃာေတာ္ေတြလည္းမ ပါခဲ့ပါဘူးေပါ့ဘုရား။ ဒီလိုလြတ္ၿငိမ္းခ်မ္းသာခြင့္မွာ အမ်ိဳးသားေရးလႈပ္ရွားမႈေၾကာင့္ အက်ဥ္းက်ေနတဲ့သူေတြ တစ္ေယာက္မွမပါတာနဲ႔ ပတ္သက္လို႔ ဘာမ်ားေျပာခ်င္ပါသလဲဘုရား။

ေျဖ – နဂိုကတည္းကလည္း မွာထားပါတယ္။ ေမွ်ာ္လင့္မထားနဲ႔။ လံုး၀ကို မျဖစ္ႏုိင္ဘူး။ ေမွ်ာ္လင့္ထားရဲ႕သားနဲ႔ ပါမလာဘူးဆိုရင္လည္း စိတ္ထိခိုက္ႏုိင္တယ္။ ဒါေၾကာင့္မို႔ လံုး၀ေမွ်ာ္လင့္မထားပါနဲ႔လို႔လည္း တပည့္ေတြကို မွာထားတာေပါ့ေနာ္။ ေနာက္ ဘယ္အစိုးရပဲျဖစ္ျဖစ္ေလ၊ ကိုယ့္အာဏာကို ထိပါးေအာင္လုပ္တဲ့သူမွန္သမွ် ျပည္သူေတြနဲ႔အတူ မထားခ်င္ဘူးေလ။ အဘိဓမၼာသေဘာထားအရ ႏုိင္ငံေရးသမားေတြရဲ႕ စိတ္ေနစိတ္ထားကို သိထားတဲ့အတြက္ ဦးဇင္းတို႔က လံုး၀ကို မေမွ်ာ္လင့္ခဲ့တာေပါ့။ တကယ္ေတာ့ ဘာမွမထူးပါဘူး။ အရင္လူေတြနဲ႔ ဒီလူေတြနဲ႔က စစ္သားနဲ႔ အရပ္သားပဲ ကြဲတာပါ။  က်န္တာကေတာ့ ႏုိင္ငံေရးသမားက ႏုိင္ငံေရးသမားပါပဲလို႔ ေျပာရမွာေပါ့။

ေမး- တနသၤာရီတုိင္း၊ သမၼတေထာက္ခံပြဲ ေမးရန္

ေျဖ- လွ်ဳိ႕ဝွက္ညႊန္ၾကားခ်က္ေပါက္ၾကားသြားတာလားမသိဘူး။ လိုင္းေပၚမွာေတြ႔လုိက္ရတယ္။ ဌာနဆုိင္ရာေတြကို ဆင့္ေခၚတဲ့စာ။ စစ္အစိုးရလက္ထက္က ပုံစံမ်ဳိးႀကီးပါပဲ။ သူတို႔တေတြလည္း အႀကံကုန္ ဂဠဳန္ဆားခ်က္သလုိပါပဲ။ ဘာမွမႀကံစည္ႏိုင္ေတာ့ ကိုယ္တင္တဲ့မင္းကိုပဲ ေထာက္ခံပြဲေတြက်င္းပၿပီး ကိုယ္တုိင္ျပန္ေထာက္ခံေနရတဲ့ အေျခအေနမ်ဳိးအထိ္ ေရာက္ေနၾကၿပီေနာ္။ သနားဖို႔ေကာင္းပါတယ္။

ေျဖ- ဆရာေတာ္ႀကီးနဲ႔ ဦးဇင္းနဲ႔ကေတာ့ လူခ်င္းမေတြ႕ဆံုဘူးဘဲနဲ႔ စိတ္ခ်င္းဆက္သြယ္ေနၾကတာေပါ့။ ဦးဇင္း အမ်ိဳးသားေရးတရားေတြ စေဟာတဲ့အခါတုန္းကလည္း ဆရာေတာ္ႀကီးရဲ႕ ကဗ်ာတစ္ပုဒ္ကို ထည့္ေဟာရင္းနဲ႔ ဆရာေတာ္ႀကီးကဗ်ာလည္းနာမည္ႀကီး ဦးဇင္းေဟာတဲ့တရားလည္းနာမည္ႀကီးၿပီး တစ္ကမၻာလုံုး သိကုန္ၾကတာေပါ့ေလ။ အဲဒီေနာက္ပိုင္းေတာ့ ဆရာေတာ္ႀကီးကဗ်ာေတြ တစ္ပုဒ္ခ်င္းတစ္ပုဒ္ခ်င္း ကိုယ္နားလည္သလို အဓိပၸါယ္ဖြင့္ဆို ေဟာရင္းေဟာရင္းနဲ႔ပဲ မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးရဲ႕ ကဗ်ာ့ဘဏ္တိုက္ဆိုတဲ့စာအုပ္က လူေတြ၊ သံဃာေတြ သတိထားမိေလာက္ေအာင္ ေပါက္သြားတာေပါ့ေနာ္။ ဦးဇင္းဘ၀တကၠသိုလ္က ျပန္လာတဲ့အခါက်ေတာ့ ပူပူေႏြးေႏြးပါပဲ၊ ဆရာေတာ္ႀကီးရဲ႕ ညီအစ္ကို၀မ္းကြဲေတာ္စပ္တဲ့ ဒကာႀကီးဦး၀င္းေဆြေရာက္လာၿပီးေတာ့ အခုလိုပဲ သကၤန္းပရိကၡရာေတြ လွဴဖူးပါတယ္။ ေတာထဲမွာ ဧကစာရီက်င့္ေနေသာ္လည္းပဲ အမ်ိဳးဘာသာ သာသနာအတြက္ ရတက္မေအးႏုိင္လို႔ စာေတြကဗ်ာေတြနဲ႔ ရဟန္းရွင္လူျပည္သူေတြကို အသိေပးႏိႈးေဆာ္ေနတဲ့ ဆရာေတာ္ႀကီးကို ဦးဇင္းတို႔က ၾကည္ညိဳမဆံုးျဖစ္သလို အမ်ိဳး ဘာသာ သာသနာရဲ႕ ခံတပ္မွဴးႀကီးသဖြယ္ျဖစ္ေနတဲ့ ဦးဇင္းကိုလည္း ဆရာေတာ္ႀကီးက အင္မတန္အေလးထားတာျဖစ္တဲ့အတြက္ေၾကာင့္ ဦးဇင္းတို႔ ဘုရားသားေတာ္ႏွစ္ပါးရဲ႕ စိတ္ခ်င္း အၿမဲဆက္သြယ္ေနတာကိုပဲ ဂုဏ္ယူလုိ႔မဆံုးပါဘူးလို႔ ေျပာခ်င္တာေပါ့ေနာ္။

ေမး- တရားျပန္ေဟာခြင့္ရၿပီးေဟာတဲ့တရားပြဲေတြမွာ ေက်ာက္ပန္းေတာင္းတရားပြဲမွာ တရားေဟာေနစဥ္အတြင္း ခဲက်တယ္လို႔ သိရပါတယ္ဘုရား။ အရင္တရားပြဲမပိတ္ခင္တုန္းက အရွင္ဘုရားရဲ႕ တရားပြဲမွာ ဖ်ာမငွားတာတို႔၊ အသံခ်ဲ႕စက္မငွားတာတို႔ အဆင္မေျပတာေတြရွိခဲ့တယ္ေပါ့ဘုရား။ ေက်ာက္ပန္းေတာင္းမွာေဟာတဲ့တရားပြဲေတြနဲ႔ပတ္သက္ၿပီး အဆင္မေျပတာတို႔ ၿခိမ္းေျခာက္ခံရတာေတြ ဘာေၾကာင့္မ်ားျဖစ္ေနတယ္လို႔ သံုးသပ္ပါသလဲဘုရား။

ေျဖ- အဓိကကေတာ့ ႏုိင္ငံေရးေလ။ လူေတြက မ်ားေသာအားျဖင့္ ႏုိင္ငံေရးေသြး၀င္လာရင္ စိတ္ရိုင္းေတြေပၚလာၾကတာေပါ့ေနာ့။ ခုေခတ္ ေဖ့ဘြတ္ခ္စကားနဲ႔ ေျပာရရင္ေတာ့ ေက်ာက္ပန္းေတာင္းသူ ေက်ာက္ပန္းေတာင္းသားေတြရဲ႕ ရင္ထဲမွာ ဂ်င္းအထည့္ခံထားရတာေပါ့။ တကယ္ဆို ပထမအႀကိမ္ကတည္းကိုက သူတို႔ သိဖို႔လိုအပ္တယ္ေလ။ ဒီဆရာေတာ္ ဘာတရားေဟာသြားတယ္၊ ဒီဆရာေတာ္ ဘာတရားေဟာတယ္ဆိုတာ သူတို႔သိသြားၿပီးၿပီပဲ၊ သူတို႔ သိသြားၿပီဆိုရင္ ေနာက္ေနာင္ သူတို႔ ကန္႔ကြက္စရာအေၾကာင္းမရွိေတာ့ဘူးေပါ့။ ဒါကိုပဲ တစိုက္မတ္မတ္ကန္႔ကြက္ေနတယ္ဆိုကတည္းကိုက သူတို႔ ရင္ထဲက ဂ်င္းက ေတာ္ရံုတန္ရံုဂ်င္းမဟုတ္ဘဲ အင္မတန္ႀကီးမားတဲ့ ဂ်င္းျဖစ္ေနတယ္ဆိုတာ သိသာတာေပါ့။  အဓိကကေတာ့ ႏုိင္ငံေရးဂ်င္းပါပဲကြာ။

ေမး –  သာသနာေရး၀န္ႀကီးဌာနကတစ္ဆင့္ ေထရ၀ါဒသာသနာေတာ္နဲ႔ဆုိင္နဲ႔ သကၤန္း၊ ရဟန္း၊ သံဃာဆိုတဲ့ အသံုးအႏႈန္းေတြကို အျခားဘာသာေတြက မသံုးဖို႔ မတ္လ 16 ရက္ေန႔က ဘာသာေရးအဖြဲ႕အစည္းအသီးသီးကို စာပို႔ခဲ့တာေတြ႕ရပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ဘာမ်ားျဖည့္စြက္ေျပာစရာရွိမလဲ။

ေျဖ-  သာသနာေရးဌာနက ဒီလိုစာထုတ္တာ ညြန္ၾကားတာေတြက တအားေနာက္က်သြားတာေပါ့ေနာ္။ ေနာက္က်သြားတဲ့အတြက္ ဘာသာတစ္ခုနဲ႔တစ္ခုအၾကား အျမင္မေစာင္းသင့္ဘဲနဲ႔ အျမင္ေစာင္းကုန္ၾကတာေတြ ရွိတယ္ေလ။ တကယ္ေတာ့ ဟိုးပထမအႀကိမ္ေလာက္ကတည္းကိုက လက္ဦးမႈရယူၿပီးေတာ့ကို ထုတ္ျပန္ေၾကညာတာတို႔ သတိေပးတားျမစ္တာတို႔ လုပ္ရမွာေပါ့။ ဘာပဲေျပာေျပာ အခုလို ထုတ္ျပန္ေၾကညာေပးေဖာ္ရတာကိုပဲ ေက်းဇူးတင္မဆံုးပါဘူး။

ေမး – ေနာက္ေမးခြန္းကို ရခိုင္ကိစၥေလးေမးခ်င္ပါတယ္ဘုရား။ ဒီရက္ပိုင္းမွာျဖစ္ေနတဲ့သတင္းေတြေပါ့ဘုရား။ ဧျပီ ၁၉ ရက္ေန႔က ရန္ကုန္ျမိဳ ့၊သံလြင္လမ္းရွိ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC)ရံုးမွာျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ႏုိင္ငံေတာ္အတုိင္ပင္ခံရံုး၀န္ၾကီး့ဦးေက်ာ္တင့္ေဆြက  `ဒီႏုိင္ငံသားျဖစ္စရာမလုိဘူး။ ဒီႏုိင္ငံမွာေနခဲ့ဖူးတဲ့အေထာက္အထားရွိတယ္ဆုိရင္ အဲဒီလူ လက္ခံမွာပါ။ ကြ်န္ေတာ္တို ့အေနနဲ ့ခုနတုန္းက ဘဂၤလီလို ့ေခၚတာ ရိုဟင္ဂ်ာလို ့ေခၚတာဟာ စိတ္၀မ္းကြဲေစတဲ့ ကိစၥေၾကာင့္မို ့လို ့ကြ်န္ေတာ္တို ့ႏုိင္ငံေတာ္အတုိင္ပင္ခံက အဲဒီမွာရွိတဲ့လူေတြအားလံုးကို ရခိုင္ျပည္မွာရွိတဲ့ မြတ္ဆလင္ Community ကလူေတြလုို ့ပဲသတ္မွတ္ထားတယ္”လို ဒီကေန သတင္းမီဒီယာမ်ားရဲ့ေမးျမန္းမႈေတြကို ျပန္လည္ေျဖၾကားခဲ့တာေတြ႕ရပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ဘာေျပာစရာရွိမလဲဘုရား။ အဲဒီအေပၚမွာေရာ ဘယ္လိုသံုးသပ္ပါသလဲဘုရား။

ေျဖ – ဒါပထမအဆင့္အေနနဲ႔ ရခိုင္ျပည္မွာေနထုိင္ဖူးတဲ့ အေထာက္အထားရွိရံုနဲ႔ ျပန္လက္ခံမယ္ဆိုတာကေတာ့ တစ္ပိုင္းမွန္တာေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆုိေတာ့ သူတို႔က ျပန္လက္မခံဘူးဆိုရင္ တစ္ခုခုလုပ္ၾကေတာ့မွာကို တအားေၾကာက္ေနၾကတာကိုး။ အဲဒီေတာ့ လက္ကို ခံရေတာ့မွာေပါ့။ အဲဒီလိုလက္ခံတာကို ဘုမသိဘမသိလက္ခံတာမ်ိဳးမဟုတ္ဘဲ ေနထုိင္ဖူးတဲ့ အေထာက္အထားျပႏိုင္မယ္ဆိုရင္ လက္ခံမယ္လို႔ ေျပာလိုက္ေတာ့ တစ္ျခမ္းက မွ်တသြားတာေပါ့ေနာ္။ အဲဒါတစ္ခ်က္ေပါ့။

အဲဒီ မြတ္ဆလင္အသိုင္းအ၀ိုင္းဆိုတဲ့စကားလံုးက သူတို႔ရဲ႕ မယ္ေတာ္ႀကီးေ ျပာခဲ့တဲ့စကားလံုးေပါ့။ မယ္ေတာ္ႀကီး ေျပာတဲ့စကားလံုးနဲ႔ကိုင္ေပါက္တဲ့သေဘာေပါ့။ ရိုဟင္ဂ်ာေတြ၊ ဘဂၤါလီေတြ မသံုးႏႈန္းဘဲ မြတ္ဆလင္လို႔ သံုးမယ္လို႔သူေျပာလိုက္တာကေတာ့ ေျပာရမယ္ဆိုရင္ သူ႔အတြက္ အားလံုးေကာင္းသြားတာေပါ့ေလ။ ဒါေပမယ့္ ျမန္မာျပည္အတြက္က်ေတာ့ သမုိင္းကို သစၥာေဖာက္ရာေရာက္တာေပါ့။ အစိုးရေခါင္းေဆာင္တစ္ေယာက္ျဖစ္ပါလ်က္နဲ႔ ရိုဟင္ဂ်ာ မရွိဘူးလုိ႔ မေျပာရဲတာ၊ ဘဂၤါလီဟာ ဘဂၤါလီပါပဲဆုိတဲ့ စကားလံုးမေျပာရဲတာကိုက ျပည္သူေတြအေပၚ သစၥာေဖာက္ရာေရာက္တာေပါ့။

(28.4.2018 ရက္ေန႔ထုတ္ ျမန္မာ့ဥဒါန္းဂ်ာနယ္၊ အမွတ္ ၂၈)

ဆက္လက္ေဖာ္ျပပါမည္။

 

“ပြည်သူ့လုံခြုံရေးအတွက် ပြည်သူကပဲ တာဝန်ယူရတော့မှာပါ (၁)”
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – ပထမဆုံးအနေနဲ့ နှစ်သစ်နုတ်ခွန်းဆက်စကားလေး မိန့်ကြားပေးပါဦးဘုရား။

ဖြေ – စာဖတ်ပရိသတ်ကြီး မင်္ဂလာပါ။

ဦးပဉ္ဇင်းလည်း တရားတွေပြန်လည်ဟောကြားနေပါပြီ။ စာဖတ်ပရိသတ်ကြီးနှင့်လည်း တွေ့ဆုံခွင့်ရနေပါပြီ။ စာဖတ်ပရိသတ်အားလုံး မြန်မာ့ဥဒါန်းနဲ့အတူ အမြဲတန်း အောင်မြင်မှုဥဒါန်းတွေ ကြူးရင့်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

မေး – နိုင်ငံတော်အကြည်ညိုပျက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဝင်းကိုကိုလတ်နဲ့ ကိုနောင်တော်လေးတို့ ဧပြီ ၂၀ မှာပဲ ပြန်လွတ်လာတာတွေ့ရပါတယ်ဘုရား။ သူတို့ရဲ့ လွတ်မြောက်မှုနဲ့ပတ်သက်လို့ အရှင်ဘုရားအနေနဲ့ ဘာများပြောချင်ပါသလဲဘုရား။

ဖြေ – သူတို့ကတော့ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မဆိုင်ဘဲနဲ့ လွတ်ရက်စေ့လို့ လွတ်လာတာ ပေါ့။ အမျိုးသားရေးသမားတွေအတွက် အားတစ်ခုဖြစ်သွားတဲ့အတွက် ပျော်စရာကောင်းတာပေါ့။ နောက် = ဟိုထဲမှာနေခဲ့ရတဲ့ ကာလတစ်လျှောက် အတွေးအမြင်တွေ စိတ်ကူးစိတ်သန်းတွေက အသစ်အသစ်တွေရလာမှာလေ။ အဲဒီစိတ်ကူးသစ်တွေနဲ့ အမျိုးသားရေးကို ပိုမိုပြီး အကျိုးရှိနိုင်တဲ့နည်းလမ်းတွေနဲ့ ဆက်လက်ပြီး လုပ်ဆောင်သွားနိုင်တာပေါ့။ အဲဒီအတွက်ကတော့ အများကြီး ကောင်းတာပေါ့လေ။

မေး – တစ်ဆက်တည်းပေါ့ဘုရား။ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အကျဉ်းသား ရှစ်ထောင်ကျော်မှာ အမျိုးသားရေးလှုပ်ရှားခဲ့သူတွေမပါခဲ့သလို မန်းသပိတ်စခန်းက ဖမ်းဆီးခံရတဲ့ သံဃာတော်တွေလည်းမ ပါခဲ့ပါဘူးပေါ့ဘုရား။ ဒီလိုလွတ်ငြိမ်းချမ်းသာခွင့်မှာ အမျိုးသားရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျနေတဲ့သူတွေ တစ်ယောက်မှမပါတာနဲ့ ပတ်သက်လို့ ဘာများပြောချင်ပါသလဲဘုရား။

ဖြေ – နဂိုကတည်းကလည်း မှာထားပါတယ်။ မျှော်လင့်မထားနဲ့။ လုံးဝကို မဖြစ်နိုင်ဘူး။ မျှော်လင့်ထားရဲ့သားနဲ့ ပါမလာဘူးဆိုရင်လည်း စိတ်ထိခိုက်နိုင်တယ်။ ဒါကြောင့်မို့ လုံးဝမျှော်လင့်မထားပါနဲ့လို့လည်း တပည့်တွေကို မှာထားတာပေါ့နော်။ နောက် ဘယ်အစိုးရပဲဖြစ်ဖြစ်လေ၊ ကိုယ့်အာဏာကို ထိပါးအောင်လုပ်တဲ့သူမှန်သမျှ ပြည်သူတွေနဲ့အတူ မထားချင်ဘူးလေ။ အဘိဓမ္မာသဘောထားအရ နိုင်ငံရေးသမားတွေရဲ့ စိတ်နေစိတ်ထားကို သိထားတဲ့အတွက် ဦးဇင်းတို့က လုံးဝကို မမျှော်လင့်ခဲ့တာပေါ့။ တကယ်တော့ ဘာမှမထူးပါဘူး။ အရင်လူတွေနဲ့ ဒီလူတွေနဲ့က စစ်သားနဲ့ အရပ်သားပဲ ကွဲတာပါ။ ကျန်တာကတော့ နိုင်ငံရေးသမားက နိုင်ငံရေးသမားပါပဲလို့ ပြောရမှာပေါ့။

မေး- တနင်္သာရီတိုင်း၊ သမ္မတထောက်ခံပွဲ မေးရန်

ဖြေ- လျှို့ဝှက်ညွှန်ကြားချက်ပေါက်ကြားသွားတာလားမသိဘူး။ လိုင်းပေါ်မှာတွေ့လိုက်ရတယ်။ ဌာနဆိုင်ရာတွေကို ဆင့်ခေါ်တဲ့စာ။ စစ်အစိုးရလက်ထက်က ပုံစံမျိုးကြီးပါပဲ။ သူတို့တတွေလည်း အကြံကုန် ဂဠုန်ဆားချက်သလိုပါပဲ။ ဘာမှမကြံစည်နိုင်တော့ ကိုယ်တင်တဲ့မင်းကိုပဲ ထောက်ခံပွဲတွေကျင်းပပြီး ကိုယ်တိုင်ပြန်ထောက်ခံနေရတဲ့ အခြေအနေမျိုးအထိ ရောက်နေကြပြီနော်။ သနားဖို့ကောင်းပါတယ်။

ဖြေ- ဆရာတော်ကြီးနဲ့ ဦးဇင်းနဲ့ကတော့ လူချင်းမတွေ့ဆုံဘူးဘဲနဲ့ စိတ်ချင်းဆက်သွယ်နေကြတာပေါ့။ ဦးဇင်း အမျိုးသားရေးတရားတွေ စဟောတဲ့အခါတုန်းကလည်း ဆရာတော်ကြီးရဲ့ ကဗျာတစ်ပုဒ်ကို ထည့်ဟောရင်းနဲ့ ဆရာတော်ကြီးကဗျာလည်းနာမည်ကြီး ဦးဇင်းဟောတဲ့တရားလည်းနာမည်ကြီးပြီး တစ်ကမ္ဘာလုံး သိကုန်ကြတာပေါ့လေ။ အဲဒီနောက်ပိုင်းတော့ ဆရာတော်ကြီးကဗျာတွေ တစ်ပုဒ်ချင်းတစ်ပုဒ်ချင်း ကိုယ်နားလည်သလို အဓိပ္ပါယ်ဖွင့်ဆို ဟောရင်းဟောရင်းနဲ့ပဲ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကဗျာ့ဘဏ်တိုက်ဆိုတဲ့စာအုပ်က လူတွေ၊ သံဃာတွေ သတိထားမိလောက်အောင် ပေါက်သွားတာပေါ့နော်။ ဦးဇင်းဘဝတက္ကသိုလ်က ပြန်လာတဲ့အခါကျတော့ ပူပူနွေးနွေးပါပဲ၊ ဆရာတော်ကြီးရဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်တဲ့ ဒကာကြီးဦးဝင်းဆွေရောက်လာပြီးတော့ အခုလိုပဲ သင်္ကန်းပရိက္ခရာတွေ လှူဖူးပါတယ်။ တောထဲမှာ ဧကစာရီကျင့်နေသော်လည်းပဲ အမျိုးဘာသာ သာသနာအတွက် ရတက်မအေးနိုင်လို့ စာတွေကဗျာတွေနဲ့ ရဟန်းရှင်လူပြည်သူတွေကို အသိပေးနှိုးဆော်နေတဲ့ ဆရာတော်ကြီးကို ဦးဇင်းတို့က ကြည်ညိုမဆုံးဖြစ်သလို အမျိုး ဘာသာ သာသနာရဲ့ ခံတပ်မှူးကြီးသဖွယ်ဖြစ်နေတဲ့ ဦးဇင်းကိုလည်း ဆရာတော်ကြီးက အင်မတန်အလေးထားတာဖြစ်တဲ့အတွက်ကြောင့် ဦးဇင်းတို့ ဘုရားသားတော်နှစ်ပါးရဲ့ စိတ်ချင်း အမြဲဆက်သွယ်နေတာကိုပဲ ဂုဏ်ယူလို့မဆုံးပါဘူးလို့ ပြောချင်တာပေါ့နော်။

မေး- တရားပြန်ဟောခွင့်ရပြီးဟောတဲ့တရားပွဲတွေမှာ ကျောက်ပန်းတောင်းတရားပွဲမှာ တရားဟောနေစဉ်အတွင်း ခဲကျတယ်လို့ သိရပါတယ်ဘုရား။ အရင်တရားပွဲမပိတ်ခင်တုန်းက အရှင်ဘုရားရဲ့ တရားပွဲမှာ ဖျာမငှားတာတို့၊ အသံချဲ့စက်မငှားတာတို့ အဆင်မပြေတာတွေရှိခဲ့တယ်ပေါ့ဘုရား။ ကျောက်ပန်းတောင်းမှာဟောတဲ့တရားပွဲတွေနဲ့ပတ်သက်ပြီး အဆင်မပြေတာတို့ ခြိမ်းခြောက်ခံရတာတွေ ဘာကြောင့်များဖြစ်နေတယ်လို့ သုံးသပ်ပါသလဲဘုရား။

ဖြေ- အဓိကကတော့ နိုင်ငံရေးလေ။ လူတွေက များသောအားဖြင့် နိုင်ငံရေးသွေးဝင်လာရင် စိတ်ရိုင်းတွေပေါ်လာကြတာပေါ့နော့။ ခုခေတ် ဖေ့ဘွတ်ခ်စကားနဲ့ ပြောရရင်တော့ ကျောက်ပန်းတောင်းသူ ကျောက်ပန်းတောင်းသားတွေရဲ့ ရင်ထဲမှာ ဂျင်းအထည့်ခံထားရတာပေါ့။ တကယ်ဆို ပထမအကြိမ်ကတည်းကိုက သူတို့ သိဖို့လိုအပ်တယ်လေ။ ဒီဆရာတော် ဘာတရားဟောသွားတယ်၊ ဒီဆရာတော် ဘာတရားဟောတယ်ဆိုတာ သူတို့သိသွားပြီးပြီပဲ၊ သူတို့ သိသွားပြီဆိုရင် နောက်နောင် သူတို့ ကန့်ကွက်စရာအကြောင်းမရှိတော့ဘူးပေါ့။ ဒါကိုပဲ တစိုက်မတ်မတ်ကန့်ကွက်နေတယ်ဆိုကတည်းကိုက သူတို့ ရင်ထဲက ဂျင်းက တော်ရုံတန်ရုံဂျင်းမဟုတ်ဘဲ အင်မတန်ကြီးမားတဲ့ ဂျင်းဖြစ်နေတယ်ဆိုတာ သိသာတာပေါ့။ အဓိကကတော့ နိုင်ငံရေးဂျင်းပါပဲကွာ။

မေး – သာသနာရေးဝန်ကြီးဌာနကတစ်ဆင့် ထေရဝါဒသာသနာတော်နဲ့ဆိုင်နဲ့ သင်္ကန်း၊ ရဟန်း၊ သံဃာဆိုတဲ့ အသုံးအနှုန်းတွေကို အခြားဘာသာတွေက မသုံးဖို့ မတ်လ 16 ရက်နေ့က ဘာသာရေးအဖွဲ့အစည်းအသီးသီးကို စာပို့ခဲ့တာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောစရာရှိမလဲ။

ဖြေ- သာသနာရေးဌာနက ဒီလိုစာထုတ်တာ ညွန်ကြားတာတွေက တအားနောက်ကျသွားတာပေါ့နော်။ နောက်ကျသွားတဲ့အတွက် ဘာသာတစ်ခုနဲ့တစ်ခုအကြား အမြင်မစောင်းသင့်ဘဲနဲ့ အမြင်စောင်းကုန်ကြတာတွေ ရှိတယ်လေ။ တကယ်တော့ ဟိုးပထမအကြိမ်လောက်ကတည်းကိုက လက်ဦးမှုရယူပြီးတော့ကို ထုတ်ပြန်ကြေညာတာတို့ သတိပေးတားမြစ်တာတို့ လုပ်ရမှာပေါ့။ ဘာပဲပြောပြော အခုလို ထုတ်ပြန်ကြေညာပေးဖော်ရတာကိုပဲ ကျေးဇူးတင်မဆုံးပါဘူး။

မေး – နောက်မေးခွန်းကို ရခိုင်ကိစ္စလေးမေးချင်ပါတယ်ဘုရား။ ဒီရက်ပိုင်းမှာဖြစ်နေတဲ့သတင်းတွေပေါ့ဘုရား။ ဧပြီ ၁၉ ရက်နေ့က ရန်ကုန်မြို့၊သံလွင်လမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံးမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး့ဦးကျော်တင့်ဆွေက `ဒီနိုင်ငံသားဖြစ်စရာမလိုဘူး။ ဒီနိုင်ငံမှာနေခဲ့ဖူးတဲ့အထောက်အထားရှိတယ်ဆိုရင် အဲဒီလူ လက်ခံမှာပါ။ ကျွန်တော်တို့အနေနဲ့ခုနတုန်းက ဘင်္ဂလီလို့ခေါ်တာ ရိုဟင်ဂျာလို့ခေါ်တာဟာ စိတ်ဝမ်းကွဲစေတဲ့ ကိစ္စကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံက အဲဒီမှာရှိတဲ့လူတွေအားလုံးကို ရခိုင်ပြည်မှာရှိတဲ့ မွတ်ဆလင် Community ကလူတွေလို့ပဲသတ်မှတ်ထားတယ်” လို ဒီကနေ သတင်းမီဒီယာများရဲ့မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့တာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာပြောစရာရှိမလဲဘုရား။ အဲဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ – ဒါပထမအဆင့်အနေနဲ့ ရခိုင်ပြည်မှာနေထိုင်ဖူးတဲ့ အထောက်အထားရှိရုံနဲ့ ပြန်လက်ခံမယ်ဆိုတာကတော့ တစ်ပိုင်းမှန်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပြန်လက်မခံဘူးဆိုရင် တစ်ခုခုလုပ်ကြတော့မှာကို တအားကြောက်နေကြတာကိုး။ အဲဒီတော့ လက်ကို ခံရတော့မှာပေါ့။ အဲဒီလိုလက်ခံတာကို ဘုမသိဘမသိလက်ခံတာမျိုးမဟုတ်ဘဲ နေထိုင်ဖူးတဲ့ အထောက်အထားပြနိုင်မယ်ဆိုရင် လက်ခံမယ်လို့ ပြောလိုက်တော့ တစ်ခြမ်းက မျှတသွားတာပေါ့နော်။ အဲဒါတစ်ချက်ပေါ့။
အဲဒီ မွတ်ဆလင်အသိုင်းအဝိုင်းဆိုတဲ့စကားလုံးက သူတို့ရဲ့ မယ်တော်ကြီးေ ပြာခဲ့တဲ့စကားလုံးပေါ့။ မယ်တော်ကြီး ပြောတဲ့စကားလုံးနဲ့ကိုင်ပေါက်တဲ့သဘောပေါ့။ ရိုဟင်ဂျာတွေ၊ ဘင်္ဂါလီတွေ မသုံးနှုန်းဘဲ မွတ်ဆလင်လို့ သုံးမယ်လို့သူပြောလိုက်တာကတော့ ပြောရမယ်ဆိုရင် သူ့အတွက် အားလုံးကောင်းသွားတာပေါ့လေ။ ဒါပေမယ့် မြန်မာပြည်အတွက်ကျတော့ သမိုင်းကို သစ္စာဖောက်ရာရောက်တာပေါ့။ အစိုးရခေါင်းဆောင်တစ်ယောက်ဖြစ်ပါလျက်နဲ့ ရိုဟင်ဂျာ မရှိဘူးလို့ မပြောရဲတာ၊ ဘင်္ဂါလီဟာ ဘင်္ဂါလီပါပဲဆိုတဲ့ စကားလုံးမပြောရဲတာကိုက ပြည်သူတွေအပေါ် သစ္စာဖောက်ရာရောက်တာပေါ့။

(28.4.2018 ရက်နေ့ထုတ် မြန်မာ့ဥဒါန်းဂျာနယ်၊ အမှတ် ၂၈)

ဆက်လက်ဖော်ပြပါမည်။