Daily Archives: April 25, 2018

သတင်းအင်တာဗျူး

ပြည်သူ့လုံခြုံရေးအတွက် ပြည်သူကပဲ တာဝန်ယူရတော့မှာပါ (၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ပထမဆုံးအနေနဲ့ နှစ်သစ်နုတ်ခွန်းဆက်စကားလေး မိန့်ကြားပေးပါဦးဘုရား။ ဖြေ – စာဖတ်ပရိသတ်ကြီး မင်္ဂလာပါ။ ဦးပဉ္ဇင်းလည်း တရားတွေပြန်လည်ဟောကြားနေပါပြီ။ စာဖတ်ပရိသတ်ကြီးနှင့်လည်း တွေ့ဆုံခွင့်ရနေပါပြီ။ စာဖတ်ပရိသတ်အားလုံး မြန်မာ့ဥဒါန်းနဲ့အတူ အမြဲတန်း အောင်မြင်မှုဥဒါန်းတွေ ကြူးရင့်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ မေး – နိုင်ငံတော်အကြည်ညိုပျက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဝင်းကိုကိုလတ်နဲ့ ကိုနောင်တော်လေးတို့ ဧပြီ ၂၀ မှာပဲ ပြန်လွတ်လာတာတွေ့ရပါတယ်ဘုရား။ သူတို့ရဲ့ လွတ်မြောက်မှုနဲ့ပတ်သက်လို့ အရှင်ဘုရားအနေနဲ့ ဘာများပြောချင်ပါသလဲဘုရား။ ဖြေ – သူတို့ကတော့ ...
သတင်း

မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး အထူးထုတ်စာစောင်တွင်ပါဝင်သော စာမူများနှင့် ကလောင်ရှင်များ (၆)-နိဂုံး

(၈၁) အမှတ်တရနေ့များထဲမှ နေ့တစ်နေ့ – ခေမိန္ဒာစာရ(ကျောက်မြောင်း) (၈၂) သြဝါဒနှင့် စာတမ်းများ – ဦးကစ္စာယန (၈၃) ဆရာတော်ကြီးနှင့် ဆယ်စုနှစ်နီးပါးနေလာခဲ့သော တပည့်တစ်ပါး၏ ရင်တွင်းမှတ်စုများ – အရှင်ဝိသုတ(မုံရွာ) (၈၄) သာသနာ့ခံတပ်မှူးကြီးအကြောင်း တစ်စိတ်တစ်ဒေသ၊ ဒီလိုဆရာမျိုးနဲ့ နေရခဲတယ် – သကျစာသင်အရှင်ဣန္ဒက (၈၅) ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံမှရခဲ့သော ဓမ္မအမွေများ – မေတ္တာရှင်(ရွှေပြည်သာ) (၈၆) ကြည်ညိုဖွယ်ရာ ထေရ်မဟာ – မင်းကွန်းကိုပညာ၊ သီရိလင်္ကာ (၈၇) ပဲ့ပြင်ဆုံးမ – လှိုင်ကျော်သန့်(တန့်ဆည်) (၈၈) ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မလေးရှားနိုင်ငံ၊ ဆရမ်းမြို့နေ မောင်ဝင်းကိုကို(အဝေးရောက် သားငယ် ACC ပိုင်ရှင်)က နဝကမ္မအလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (23.4.2018) အလှူရှင် မောင်ဝင်းကိုကိုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် ...