သတင်းအင်တာဗျူး
“ပြည်သူ့လုံခြုံရေးအတွက် ပြည်သူကပဲ တာဝန်ယူရတော့မှာပါ (၂) နိဂုံး”
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)
မေး – သာသနာရေးဝန်ကြီးဌာနကတစ်ဆင့် ထေရဝါဒသာသနာတော်နဲ့ဆိုင်နဲ့ သင်္ကန်း၊ ရဟန်း၊ သံဃာဆိုတဲ့ အသုံးအနှုန်းတွေကို အခြားဘာသာတွေက မသုံးဖို့ မတ်လ 16 ရက်နေ့က ဘာသာရေးအဖွဲ့အစည်းအသီးသီးကို စာပို့ခဲ့တာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောစရာရှိမလဲ။
ဖြေ- သာသနာရေးဌာနက ဒီလိုစာထုတ်တာ ညွန်ကြားတာတွေက တအားနောက်ကျသွားတာပေါ့နော်။ နောက်ကျသွားတဲ့အတွက် ဘာသာတစ်ခုနဲ့တစ်ခုအကြား အမြင်မစောင်းသင့်ဘဲနဲ့ အမြင်စောင်းကုန်ကြတာတွေ ရှိတယ်လေ။ တကယ်တော့ ဟိုးပထမအကြိမ်လောက်ကတည်းကိုက လက်ဦးမှုရယူပြီးတော့ကို ထုတ်ပြန်ကြေညာတာတို့ သတိပေးတားမြစ်တာတို့ လုပ်ရမှာပေါ့။ ဘာပဲပြောပြော အခုလို ထုတ်ပြန်ကြေညာပေးဖော်ရတာကိုပဲ ကျေးဇူးတင်မဆုံးပါဘူး။
မေး – နောက်မေးခွန်းကို ရခိုင်ကိစ္စလေးမေးချင်ပါတယ်ဘုရား။ ဒီရက်ပိုင်းမှာဖြစ်နေတဲ့သတင်းတွေပေါ့ဘုရား။ ဧပြီ ၁၉ ရက်နေ့က ရန်ကုန်မြို့၊သံလွင်လမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံးမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး့ဦးကျော်တင့်ဆွေက `ဒီနိုင်ငံသားဖြစ်စရာမလိုဘူး။ ဒီနိုင်ငံမှာနေခဲ့ဖူးတဲ့အထောက်အထားရှိတယ်ဆိုရင် အဲဒီလူ လက်ခံမှာပါ။ ကျွန်တော်တို့အနေနဲ့ခုနတုန်းက ဘင်္ဂလီလို့ခေါ်တာ ရိုဟင်ဂျာလို့ခေါ်တာဟာ စိတ်ဝမ်းကွဲစေတဲ့ ကိစ္စကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံက အဲဒီမှာရှိတဲ့လူတွေအားလုံးကို ရခိုင်ပြည်မှာရှိတဲ့ မွတ်ဆလင် Community ကလူတွေလို့ပဲသတ်မှတ်ထားတယ်” လို ဒီကနေ သတင်းမီဒီယာများရဲ့မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့တာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာပြောစရာရှိမလဲဘုရား။ အဲဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ပါသလဲဘုရား။
ဖြေ – ဒါပထမအဆင့်အနေနဲ့ ရခိုင်ပြည်မှာနေထိုင်ဖူးတဲ့ အထောက်အထားရှိရုံနဲ့ ပြန်လက်ခံမယ်ဆိုတာကတော့ တစ်ပိုင်းမှန်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပြန်လက်မခံဘူးဆိုရင် တစ်ခုခုလုပ်ကြတော့မှာကို တအားကြောက်နေကြတာကိုး။ အဲဒီတော့ လက်ကို ခံရတော့မှာပေါ့။ အဲဒီလိုလက်ခံတာကို ဘုမသိဘမသိလက်ခံတာမျိုးမဟုတ်ဘဲ နေထိုင်ဖူးတဲ့ အထောက်အထားပြနိုင်မယ်ဆိုရင် လက်ခံမယ်လို့ ပြောလိုက်တော့ တစ်ခြမ်းက မျှတသွားတာပေါ့နော်။ အဲဒါတစ်ချက်ပေါ့။
အဲဒီ မွတ်ဆလင်အသိုင်းအဝိုင်းဆိုတဲ့စကားလုံးက သူတို့ရဲ့ မယ်တော်ကြီးေ ပြာခဲ့တဲ့စကားလုံးပေါ့။ မယ်တော်ကြီး ပြောတဲ့စကားလုံးနဲ့ကိုင်ပေါက်တဲ့သဘောပေါ့။ ရိုဟင်ဂျာတွေ၊ ဘင်္ဂါလီတွေ မသုံးနှုန်းဘဲ မွတ်ဆလင်လို့ သုံးမယ်လို့သူပြောလိုက်တာကတော့ ပြောရမယ်ဆိုရင် သူ့အတွက် အားလုံးကောင်းသွားတာပေါ့လေ။ ဒါပေမယ့် မြန်မာပြည်အတွက်ကျတော့ သမိုင်းကို သစ္စာဖောက်ရာရောက်တာပေါ့။ အစိုးရခေါင်းဆောင်တစ်ယောက်ဖြစ်ပါလျက်နဲ့ ရိုဟင်ဂျာ မရှိဘူးလို့ မပြောရဲတာ၊ ဘင်္ဂါလီဟာ ဘင်္ဂါလီပါပဲဆိုတဲ့ စကားလုံးမပြောရဲတာကိုက ပြည်သူတွေအပေါ် သစ္စာဖောက်ရာရောက်တာပေါ့။
မေး – နောက်တစ်ခု သိချင်တာကတော့ -ရခိုင်မှာ NVC ကတ် ကိုင်ထားသူတွေကို ကန့်သတ်ချက်တွေဖျက်ပြီး လွတ်လပ်စွာသွားလာခွင့်ပြုမယ်ဆိုတဲ့ကိစ္စပါဘုရား။ ရခိုင်မှာ NVC (National Verification Card) သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူတွေကို အရင်တားမြစ်ထားတဲ့ကန့်သတ်ချက်တွေကိုပယ်ဖျက်ပြီး သွားချင်တဲ့နေရာကို လွတ်လပ်စွာသွားလာခွင့် ပေးလိုက်ပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်ဘုရား။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ဘာလဲဘုရား။ ဘာအန္တရာယ်တွေရှိနိုင်ပါသလဲဘုရား။
ဖြေ – ဘာအန္တရာယ်တွေ ရှိလာနိုင်သလဲဆိုတော့ အချိန်မရွေး လည်လှီးခံရနိုင်တာပေါ့နော်။ အချိန်မရွေး မုဒိန်းကျင့်ခံရနိုင်တာပေါ့နော်။ အချိန်မရွေး အကြမ်းဖက်ခံရနိုင်တာပေါ့နော်။ အဲတော့ ရခိုင်မှာရှိတဲ့ပြည်သူတွေကို အကြမ်းဖက်ရုံနဲ့ အားမရနိုင်သေးတဲ့ ဘင်္ဂါလီတွေဟာ မြန်မာပြည်တဝှမ်းမှာရှိတဲ့ အားလုံးသော ပြည်သူတွေကိုအကြမ်းဖက်ဖို့ အခွင့်အလမ်းတွေ အများကြီးရသွားတာပေါ့။ အဲဒီလို အကြမ်းဖက်မှလည်းပဲ သူတို့ရဲ့ ပန်းတိုင်ကို ရောက်မှာကိုး။ သူတို့ပန်းတိုင်ကိုရောက်ဖို့အတွက် (၁)တံခါးတွေ ဖွင့်ပေးလိုက်ရတယ်၊ (၂)ဧည့်စာရင်းဥပဒေဖျက်တာတို့၊ နောက်ယောင်ခံခြင်းဥပဒေဖျက်တာတို့ လုပ်ပေးလိုက်ရတယ်၊ (၃)အဲဒီလို လုပ်ရုံနဲ့အားမရသေးလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ်ပေါ်တင်တင် ပြောင်ပြောင်တင်းတင်း တရားဝင်သွားလာခွင့်ရအောင် လုပ်ပေးလိုက်တာပေါ့။
အားလုံးသော လုပ်ဆောင်ချက်တွေဟာ သူ့အမျိုးတွေအတွက်ချည်းပဲလို့ ဦးဇင်းကတော့ မြင်ပါတယ်။ မြန်မာပြည်အတွက်၊ မြန်မာလူမျိုးတွေအတွက်၊ မြန်မာတိုင်းရင်းသားတွေအတွက် မပါဘူးလို့ ဦးဇင်းကတော့ သုံးသပ်ပါတယ်။
မေး- NVC ကတ်ကိုင်ထားတဲ့သူတွေရဲ့ သွားလာခွင့်မှာ လူဝင်မှုကြီးကြပ်ရေးရဲ့ ပုံစံ ၄ ရမယ်လို့လည်းပြောထားတယ်ပေါ့ဘုရား။ တစ်ဖက်က ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကလည်း ပုံစံ ၄ ရဲ့ မူလ အဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ နိုင်ငံခြားသားများခရီးသွားလာခွင့်လက်မှတ်သာဖြစ်တယ်လို့ ဝေဖန်နေကြတယ်ပေါ့ဘုရား။ အဲဒီအပေါ်မှာရော အရှင်ဘုရားအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲဘုရား။
ဖြေ- ကန့်သတ်ချက်တွေ မရှိစေချင်ဘူးဆိုရင်တော့ လဝကဆိုတဲ့ ဌာနလည်းမထားတော့နဲ့လေ။ အနောက်တံခါး ဆိုတာလည်းမ လုပ်နဲ့တော့လေ။ သာလာယံဇရပ်လိုပဲ ဝင်ချင်တဲ့ကောင်ဝင်ကြ၊ ထွက်ချင်တဲ့ကောင် ထွက်ကြဟေ့လို့ ကြေညာလိုက်ပေါ့။ အဲဒါဆိုရင်တော့ မောင်မင်းကြီးသားတွေအကြိုက်ဆိုတော့ မယ်မင်းကြီးမလည်း သဘောခွေ့မှာပါ။
မေး- အခုလတ်တလောဖြစ်ပေါ်နေတဲ့ ရခိုင်အရေးလှုပ်ရှားမှုတွေ၊ ဆိုလိုတာ ဘင်္ဂါလီတွေကိုပြန်ခေါ်တာ၊ နောက် NVC ကတ်နဲ့ သွားလာတာတွေနောက်ပိုင်းမှာ ရခိုင်အရေးက ဘယ်လိုအခြေအနေမျိုးဖြစ်နေပြီလဲဘုရား။ အရှင်ဘုရားအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲဘုရား။
ဖြေ – ရခိုင်အရေးက ရခိုင်အရေးမဟုတ်တော့ဘူးလေ။ ရခိုင်အရေးက ပြည်ထောင်စုအရေးဖြစ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာရှိတဲ့ ဘင်္ဂါလီတွေကို ပြည်ထောင်စုတစ်ဝှမ်းလုံး တပ်ဖြန့်ခွင့်ပေးလိုက်တာကိုး။ အဲတော့ သူတို့က တပ်ဖြန့်ခွင့်ရသွားတာပေါ့။ ဒီလို တပ်ဖြန့်ခွင့်ရဖို့အတွက်လည်း ဟိုက အကွက်တွေအများကြီး ဆင်ရသလို ဒီကလည်း အချိန်တွေအများကြီးစောင့်ခဲ့ရတာပေါ့။ ပြောရမယ်ဆိုရင်တော့ ဇာတ်တော်ထဲကလို သူခိုးကို ဓားရိုးကမ်းနိုင်ဖို့အတွက် သူခိုးပေါ်မှ ရမှာလေ။ ဒီလင်တော်မောင်ကို ငြီးငွေ့နေတာကြာပြီ၊ ဒါပေမယ့် လင်တော်မောင်နဲ့ တန်းတူအရည်အချင်းရှိတဲ့သူ ဒါမှမဟုတ် လင်တော်မောင်ထက်သာတဲ့သူကို မတွေ့သေးလို့ ဓားရိုးကမ်းခွင့်မရသေးတာပေါ့လေ။ အခုတော့ ဓားရိုးကမ်းခွင့်ရသွားပြီဆိုတော့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံသွားပြီပေါ့လေ။
မေး – နောက်တစ်ခုကတော့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ပြောခဲ့တဲ့ သမ္မတမိန့်ခွန်းပေါ့ဘုရား။ ဒီမိန့်ခွန်းထဲမှာ အချက်အလက်တွေ တော်တော်များပါတယ်ဘုရား။ အစိုးရ ဝန်ထမ်းများအတွက် တန်ဖိုးသင့် အိမ်ရာများ ဖန်တီးပေးရေး၊ ဘက်မလိုက်ဘဲ လွတ်လပ်မျှတသော တရားစီရင်ရေး မဏ္ဍိုင် ဖြစ်ပေါ်လာရေး၊ သိမ်းဆည်းခံ မြေများကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ရေး၊ အသေးစား စီးပွားရေးလုပ်ငန်း များအတွက် ချေးငွေ ရရှိနိုင်မှုကို မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုတဲ့ အချက်တွေအများကြီးပဲ သမ္မတကပြောသွားတယ်ပေါ့ဘုရား။ လက်ကျန်အချိန်အတွင်းမှာ သမ္မတက ဦးဆောင်မှုတကယ်ရရင် သူ့ရဲ့မိန့်ခွန်းကို ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါသလဲဘုရား။
ဖြေ – ဦးဆောင်မှုတကယ်ရမှာလား။ ရမယ်ဆိုရင် တစ်ခုလုပ်လည်း တစ်ခု အကျိုးရှိတာပေါ့။ နှစ်ခုလုပ်လည်း နှစ်ခုအကျိုးရှိတာပဲလေ။ လူတွေရဲ့စိတ်ထဲမှာတော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်လက်ထက်မှာ ကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ နာမည်ကောင်းယူချင်တဲ့ဆန္ဒလေးတွေ လူတိုင်းရှိကြတာပေါ့။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ဖို့အတွက် အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မယ့် အခွင့်အရေးရဖို့တော့ လိုတာပေါ့။ အဲဒီအခွင့်အရေးကို တကယ်ပေးမှာလားလို့ သူ့ကိုခန့်တဲ့သူကို မေးရမှာလေ။ သူ့ရဲ့ဆန္ဒကတော့ ဒါတွေဒါတွေလုပ်မယ်လို့ ပြောတယ်။ ဒါပေမယ့် သူက ဒါတွေဒါတွေ တကယ်လုပ်ပိုင်ခွင့်ရှိသလားလို့ မေးရမယ်။ လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင်တော့ သူပြောတဲ့ထဲက တစ်ခုလုပ်ရင်ကို ကျေနပ်ပါပြီလို့ ပြောရမှာပေါ့။
မေး – မန်းမဟောသဓာနဲ့ပတ်သက်ပြီး အလှူငွေတွေလှူနေကြတာတွေ့ရသလို အကောင်အထည်တွေ ဖော်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။ ဆိုတော့ မန်းမဟောသဓာကို ဘယ်လိုလှူဒါန်းနိုင်တယ်ဆိုတာနဲ့ မန်းမဟောသဓာရဲ့ အနာဂတ်အစီအစဉ်တွေကိုလည်း သိချင်ပါတယ်ဘုရား။
ဖြေ – ဦးဇင်းတို့က ဗဟိုကော်မတီဖွဲ့ထားတယ်၊ ဗဟိုကော်မတီနဲ့အတူ ဖုန်းနံပါတ်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ကြေညာထားပါတယ်။ အစီစဉ်တွေကတော့ အများကြီးပေါ့လေ။ အများကြီးထဲမှာမှ ဦးဇင်းတို့က ရန်ကုန်မဟော်သဓာတို့ တောင်ကုတ်မဟောသဓာတို့နဲ့ မတူတဲ့လက္ခဏာလေးတွေတော့ ရှိတာပေါ့။ ရန်ကုန်တို့၊ တောင်ကုတ်မဟောသဓာတို့ကျတော့ သူတို့က ရပ်ထဲရွာထဲမှာမဟုတ်ဘဲနဲ့ ရပ်ရွာနဲ့ သီးခြားလေးဖြစ်နေတဲ့အခါကျတော့ ကိုယ်ပိုင်အထက်တန်းကျောင်းအဖြစ်နဲ့ ရပ်တည်ပြီး သီးသန့်လေးလုပ်လို့ ရတာပေါ့နော်။ ဦးဇင်းတို့ကျတော့ ရပ်ထဲရွာထဲမှာဖြစ်နေပြီး ရပ်ရေးရွာရေးကို မလုပ်လို့ကို မရတာပေါ့။ အဲဒီတော့ ကိုယ်ပိုင်အထက်တန်းကျောင်း ဆောက်လုပ်ဖို့ ဆောက်ခွင့်တောင်းထားချိန်မှာ၊ တည်ဆောက်မိန့်က ကျမလာသေးဘူးလေ။ တည်ဆောက်ခွင့်မကျသေးတဲ့အချိန်မှာ အဲဒီနားမှာရှိတဲ့ ဆင်းရဲသူဆင်းရဲသား၊ ရွာသူရွာသား မိဘပြည်သူတွေရဲ့ ကျောင်းသားကျောင်းသူတွေအတွက် လိုအပ်ချက်ကို ဖြည့်ဖို့ သဘက်ခါဆိုရင် ဦးဇင်းတို့ အစည်းအဝေးထိုင်ကြတော့မှာပေါ့။ အဲဒီနားမှာအတော်လေးလိုအပ်နေတာတွေကို ကျောင်းသားမိဘတွေကလည်း လာပြီးတော့ တောင်းဆိုကြ၊ ရွာမိရွာဖတွေကလည်း တင်ပြကြဆိုတော့ ကိုယ်ပိုင်အထက်တန်းကျောင်းကြီးအဖြစ် မရပ်တည်နိုင်သေးခင်၊ အဲဒီနားမှာ လိုအပ်နေတဲ့ ပညာရေးကို လောကအလင်းပုံစံမျိုးနဲ့ သွားဖို့ စီစဉ်ထားတာပေါ့။ တည်ဆောက်မိန့်ကျတာနဲ့တစ်ပြိုင်နက် အမျိုးသားရေး အထက်တန်ကျောင်းကြီးကို စနစ်တကျဆောက်ပြီးတော့ ဒါက အတွင်းနေ မဟော်သဓာပညာရေးစီမံကိန်း အမျိုးသားရေးအထက်တန်းကျောင်း၊ ဒါက အပြင်ဖြေ မဟောသဓာပညာရေးစီမံကိန်းအကျုံးဝင်တဲ့ ကျူရှင်ကျောင်းပေါ့။ အဲဒီလိုပုံစံမျိုး နှစ်ဌာနတော့ ဖြစ်သွားနိုင်တာပေါ့။
မေး- ဒီတစ်ပတ်အတွက် အမျိုးသားရေးသမားတွေအတွက် သြဝါဒစကားလေး မိန့်ကြားပေးပါဦးဘုရား။
ဖြေ- ပြည်သူတွေ သတိထားကြပါ။ အစိုးရက ထရိုဂျင်မြင်းကို ဖိတ်ခေါ်လိုက်ပြီ။ မြင်းထဲမှာပါတဲ့ အကြမ်းဖက်သမားတွေက ပြည်သူတွေကို အချိန်မရွေး လည်လှီးနိုင်တယ်၊ မုဒိမ်းကျင့်နိုင်တယ်၊ မီးရှို့နိုင်တယ်၊ အကြမ်းဖက်နိုင်တယ်၊ အမျိုးဘာသာ သာသနာလုံခြုံရေးကတော့ ဝေးပါပြီ။ ပြည်သူ့လုံခြုံရေးအတွက် ပြည်သူကပဲ တာဝန်ယူရတော့မှာပါ။ ပြည်သူအားလုံး ဘေးကင်းရန်ကွာ ချမ်းသာကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။
(28.4.2018 ရက်နေ့ထုတ် မြန်မာ့ဥဒါန်းဂျာနယ်၊ အမှတ် ၂၈)