သတင္း

၂၀၁၈ ပႏၷရသမဓမၼသဘင္/ ေတာင္ငူ-ကၽြန္းကုန္း

23.4.2018 ရက္ေန႔၊ ည (၈း၀၀)နာရီ၊ ပဲခူးတုိင္း၊ ေတာင္ငူၿမဳိ႕နယ္၊ ကၽြန္းကုန္းေက်းရြာ၊ ဓမၼပီတိတရားအလွဴေတာ္အသင္း သတၱမအႀကိမ္ ဓမၼပူဇာသဘင္။

ေတာင္ငူၿမဳိ႕၊ ေအာင္ဇမၺဴေက်ာင္းမွာ ခဏနားပါတယ္။ ေတာင္ငူ မဘသ ညီေတာ္ေလးမ်ားႏွင့္ မ်ဳိးခ်စ္ေမာင္မယ္မ်ား လာေရာက္ေတြ႔ဆံုၾကပါတယ္။

တရားေဟာခါနီးမွာ ကၽြန္းကုန္းေက်းရြာသို႔ ေရာက္ရွိပါတယ္။ တရားပြဲကုသုိလ္ရွင္ ဦးလႈိင္ထြန္း+ေဒၚသန္းသန္းျမင့္ မိသားစုအိမ္မွာ ခဏနားပါတယ္။

ဦးလႈိင္ထြန္းတို႔မိသားစုက ဓမၼပီတိတရားအလွဴေတာ္အသင္းတည္ေထာင္ထားၿပီး တရားပြဲက်င္းပေနတာ ခုနစ္ႏွစ္ရွိပါၿပီ။ အမ်ဳိးဘာသာ သာသနာေရးအတြက္ အားကိုးထုိက္တဲ့ မိသားစုပါ။

စာေရးသူရဲ႕ အမ်ဳိးသားေရးတရားေခြေတြလည္း ဓမၼဒါနျပဳတယ္လို႔ သိရပါတယ္။ ဒီတရားပြဲေလးကေတာ့ အမွတ္တရပါပဲ။ တရားပြဲရွိမွန္းလည္း မသိပါ။ အႀကဳိညမွ တရားပြဲေၾကာ္ျငာေတြ႔ရတာပါ။

တရားပြဲလက္ခံသူ တပည့္ႏွစ္ဦးလံုးလည္း မသိၾကပါဘူး။ တရားပြဲျဖစ္ေျမာက္ေၾကာင္းႏွင့္ ႀကဳိဆိုေရးအစီအစဥ္လည္း ႀကဳိတင္ေလွ်ာက္ထားတာ မရွိပါဘူး။

ဒါေၾကာင့္ တရားပြဲရွိမွန္း မသိခဲ့ရတဲ့ တရားပြဲပါ။ ကံေကာင္းတာက ၂၂ ႏွင့္ ၂၄ ရက္ေန႔ေတြမွာ တရားပြဲရွိေပမယ့္ ၂၃ ရက္ေန႔မွာ အားေနတာေၾကာင့္ပါပဲ။

ေဟာလည္း ေဟာလုိက္ရပါတယ္။ ေျပာလည္း ေျပာလုိက္ရပါတယ္။ ေတာင္ငူႏွင့္ ၿမဳိ႕လွၿမဳိ႕မွ ညီေတာ္ေလးမ်ား လာေရာက္အားေပးၾကပါတယ္။ အမ်ဳိးသားေရးတရားေတာ္ ေဟာၾကားခဲ့ပါတယ္။

ပရဟိတဘန္းျပၿပီး ႏိုင္ငံေရးလုပ္စားသူမဟုတ္ေၾကာင္း၊ အမ်ဳိးသားေရးသမားဆိုတာ ပရဟိတစစ္စစ္ျဖစ္ေၾကာင္း၊ အိတ္စုိက္လူမုိက္လုပ္ေနေၾကာင္း၊ ပရဟိတဆိုတာလည္း အမ်ဳိးသားေရးေခါင္းစဥ္ေအာက္မွာရွိေၾကာင္း၊ အမ်ဳိးသားေရးကို ေသးသိမ္ေအာင္ အမ်ဳိးမ်ဳိးစြပ္စြဲေနသူမ်ားကို ဖိတ္ေခၚေၾကာင္း၊ ႀကဳိက္တဲ့ေနရာ ႀကဳိက္တဲ့အခ်ိန္ ေဆြးေႏြးႏိုင္ေၾကာင္း ေဟာၾကားခဲ့တာပါ။

 

“၂၀၁၈ ပန္နရသမဓမ္မသဘင်/ တောင်ငူ-ကျွန်းကုန်း”

23.4.2018 ရက်နေ့၊ ည (၈း၀၀)နာရီ၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၊ ဓမ္မပီတိတရားအလှူတော်အသင်း သတ္တမအကြိမ် ဓမ္မပူဇာသဘင်။

တောင်ငူမြို့၊ အောင်ဇမ္ဗူကျောင်းမှာ ခဏနားပါတယ်။ တောင်ငူ မဘသ ညီတော်လေးများနှင့် မျိုးချစ်မောင်မယ်များ လာရောက်တွေ့ဆုံကြပါတယ်။ တရားဟောခါနီးမှာ ကျွန်းကုန်းကျေးရွာသို့ ရောက်ရှိပါတယ်။ တရားပွဲကုသိုလ်ရှင် ဦးလှိုင်ထွန်း+ဒေါ်သန်းသန်းမြင့် မိသားစုအိမ်မှာ ခဏနားပါတယ်။

ဦးလှိုင်ထွန်းတို့မိသားစုက ဓမ္မပီတိတရားအလှူတော်အသင်းတည်ထောင်ထားပြီး တရားပွဲကျင်းပနေတာ ခုနစ်နှစ်ရှိပါပြီ။
အမျိုးဘာသာ သာသနာရေးအတွက် အားကိုးထိုက်တဲ့ မိသားစုပါ။ စာရေးသူရဲ့ အမျိုးသားရေးတရားခွေတွေလည်း ဓမ္မဒါနပြုတယ်လို့ သိရပါတယ်။

ဒီတရားပွဲလေးကတော့ အမှတ်တရပါပဲ။ တရားပွဲရှိမှန်းလည်း မသိပါ။ အကြိုညမှ တရားပွဲကြော်ငြာတွေ့ရတာပါ။ တရားပွဲလက်ခံသူ တပည့်နှစ်ဦးလုံးလည်း မသိကြပါဘူး။ တရားပွဲဖြစ်မြောက်ကြောင်းနှင့် ကြိုဆိုရေးအစီအစဉ်လည်း ကြိုတင်လျှောက်ထားတာ မရှိပါဘူး။

ဒါကြောင့် တရားပွဲရှိမှန်း မသိခဲ့ရတဲ့ တရားပွဲပါ။ ကံကောင်းတာက ၂၂ နှင့် ၂၄ ရက်နေ့တွေမှာ တရားပွဲရှိပေမယ့် ၂၃ ရက်နေ့မှာ အားနေတာကြောင့်ပါပဲ။ ဟောလည်း ဟောလိုက်ရပါတယ်။ ပြောလည်း ပြောလိုက်ရပါတယ်။ တောင်ငူနှင့် မြို့လှမြို့မှ ညီတော်လေးများ လာရောက်အားပေးကြပါတယ်။

အမျိုးသားရေးတရားတော် ဟောကြားခဲ့ပါတယ်။ ပရဟိတဘန်းပြပြီး နိုင်ငံရေးလုပ်စားသူမဟုတ်ကြောင်း၊ အမျိုးသားရေးသမားဆိုတာ ပရဟိတစစ်စစ်ဖြစ်ကြောင်း၊ အိတ်စိုက်လူမိုက်လုပ်နေကြောင်း၊ ပရဟိတဆိုတာလည်း အမျိုးသားရေးခေါင်းစဉ်အောက်မှာရှိကြောင်း၊ အမျိုးသားရေးကို သေးသိမ်အောင် အမျိုးမျိုးစွပ်စွဲနေသူများကို ဖိတ်ခေါ်ကြောင်း၊ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန် ဆွေးနွေးနိုင်ကြောင်း ဟောကြားခဲ့တာပါ။