သတင်း




———————————————








26.4.2018  7daydaily

 

“သူ့အမျိုးတွေလုပ်တာဆိုရင် အနီတွေအသံကိုမထွက်တော့ဘူး”

အစိုးရရုံးထဲအထိ ဝင်ဖောက်ခွဲခွင့်ရတာ ဘာကြောင့်လဲ။ သူ့အမျိုးတွေကို နေရာပေးကြလို့ပေါ့။ အစိုရရုံးတစ်ခုလေးမှာတောင် နေရာရတာနဲ့ အကြမ်းဖက်၊ ဖောက်ခွဲကြရင် အစိုးရတစ်ဖွဲ့လုံး တစ်နိုင်ငံလုံးမှာ နေရာရသွားခဲ့သော် စဉ်းစားကြည့်ပေါ့။
အခု အစိုးရလုပ်ပုံတွေက တစ်နိုင်ငံလုံးမှာ သူ့အမျိုးတွေကို နေရာပေးနေပြီ။

ပြည်သူတွေကို ကုလားစာကျွေးချင်ပုံပါပဲ။ ပြည်သူတွေ အန္တရာယ်ကင်းပါစေ။

———————————————

M-150 ဖြင့် ဗုံးဖောက်ခွဲခဲ့သူနှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်များချမှတ်

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရုံးနှင့် ကိုးမိုင်အိုးရှင်းစင်တာတို့ တွင် M-150 အချိုရည်ပုလင်း ဖြင့် ဓာတုဗေဒဗုံးဖောက်ခွဲခဲ့သူ နှစ်ဦးကို ဧပြီ ၂၅ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

၂၀၁၆ နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်းပေါ်ရှိ ကိုးမိုင်အိုးရှင်းစင် တာတွင် ဗုံးခွဲခဲ့သူ ကိုရွှေ (ခ) ခင် မောင်ရွှေ (ခ) ရာကွတ်ကို အ နောက်ပိုင်းခရိုင် တရားရုံးမှ ပြစ်မှု ထင်ရှား၍ ပေါက်ကွဲစေတတ် သော ဝတ္ထုပစ္စည်းများ အက် ဥပဒေပုဒ်မ ၃ အရ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ တရားခံ ရာကွတ်သည် ကိုးမိုင်အိုးရှင်းစင် တာ မြေညီထပ်ရှိ အိမ်သာနှင့် ကား ပါကင်တို့တွင် ဓာတုဗေဒဆေး ရည်ဖြင့် အသင့်စီမံထားသော M-150 အချိုရည်ပုလင်းများကို ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ၂၀၁၆ နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ ပြည်လမ်း ပေါ်ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ကို ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွတ်နှင့် စိုးဝင်း (ခ) မိုဟာ မက်အလီတို့က M-150 ဓာတု ဗေဒ ဗုံးအသုံးပြု၍ ထပ်မံဖောက် ခွဲခဲ့သောကြောင့် ပေါက်ကွဲစေ တတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ အရ အနောက်ပိုင်း ခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ သည်။ တရားခံများသည် လုံခြုံ ရေးတင်းကျပ်ထားသည့် တိုင်း အစိုးရအဖွဲ့ရုံးတွင် M-150 ဗုံးများနှစ်ကြိမ်ဖောက်ခွဲပြီး မပေါက်ကွဲ သေးသည့် ဗုံးတစ်လုံးကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ အမှုတွဲတွင် သံသ ယရှိသူ လေးဦးကို စစ်ဆေးခဲ့ရာ နှစ်ဦးသည် အပြစ်မရှိကြောင်း စစ်ဆေးတွေ့ရ၍ အပြီးပြတ်လွှတ် ပေးခဲ့သည်။

တရားခံ ကိုရွှေသည် ပြစ်မှု နှစ်ခုစလုံးတွင် ပါဝင်သောကြောင့် ထောင်ဒဏ် နှစ် ၂၀ ကို သီးခြား ကျခံရမည်ဖြစ်သည်။

ရန်ကုန်တိုင်းတွင် ၂၀၁၆ နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အ တွင်း M-150 ဓာတုဗေဒဗုံးပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့သည်။ ၂၀၁၆ နိုဝင်ဘာ ၂၀ ရက်က ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာတွင် မိနစ်ပိုင်း အတွင်း နေရာနှစ်ခု၌ အသေး စားပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွား ခဲ့သည်။ ၂၀၁၆ နိုဝင်ဘာ ၂၄ ရက်က တောင်ဒဂုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးအတွင်း ပေါက် ကွဲမှု လေးကြိမ်ဖြစ်ခဲ့သည်။

26.4.2018 7daydaily