သတင္း

သန္းေျခာက္ေထာင္ေက်ာ္တန္ ကေလာင္ရွင္မ်ား

ျမန္မာႏုိင္ငံက အမ်ိဳးသားေရးလႈပ္ရွားေနတဲ့ အဖြဲ႔ၾကီးျဖစ္တဲ့ အမ်ိဳးဘာသာ၊ သာသနာေစာင့္ ေရွာက္ၾကီးေရးအဖြဲ႔ၾကီး (မဘသ) နဲ႔ ျမန္မာသံဃာေတာ္ ၂ ပါးကို ရိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ အမုန္းတရားျဖန္႔ေဝ ေရးသားမႈနဲ႔ နာမည္ပ်က္စာရင္းသြင္း ပိတ္ပင္လုိက္တယ္လုိ႔ လူမႈေရးမီဒီယာ ကြန္ယက္ျဖစ္တဲ့ Facebook ကုမၸဏီက ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။

Facebook စာမ်က္ႏွာမွာ ေရးသားေျပာဆိုတာေတြကို စိစစ္ျပီး မဘသအဖြဲ႔နဲ႔ ဆရာေတာ္ ဦးပါေမာကၡ၊ ဦးသုစိတၱ တို႔ကို Facebook က နာမည္ပ်က္စာရင္းသြင္း ဖယ္ရွားလိုက္တာျဖစ္ပါတယ္။

သူတို႔ကို Facebook စာမ်က္ႏွာမွာ ရပ္တည္ခြင့္ မျပဳႏုိင္ပါဘူး၊ မိမိတို႔အေနနဲ႔ ဒီပုဂၢိဳလ္ေတြနဲ႔ ဒီအဖြဲ႔အစည္းေတြကို အားေပး၊ ခ်ီးမြမ္း၊ ကိုယ္စားျပဳတဲ့ အေကာင့္ေတြကုိလည္း ဖယ္ရွားသြားမွာ ျဖစ္ပါတယ္လုိ႔ Facebook ကုမၸဏီ မူဝါဒဆိုင္ရာ မန္ေနဂ်ာ ေဒးဗစ္ ကာရာ ဂလီယာႏိုက ေျပာပါတယ္။

အမ်ိဳးသားေရးလႈပ္ရွားမႈမွာ ပါဝင္တဲ့ ဦးပါေမာကၡနဲ႔ ဦးသုစိတၱတို႔ဟာ ဦးဝီရသူအျပီး Facebook က တရားဝင္ နာမည္ပ်က္ထား ဖယ္ရွားခံရတဲ့ ဒုတိယနဲ႔တတိယ ျမန္မာရဟန္းေတြျဖစ္ပါတယ္။

ျမန္မာႏုိင္ငံက အမုန္းစကားျဖန္႔ေဝမႈေတြနဲ႔ ပတ္သက္လုိ႔ တိုင္ၾကားတာေတြကို တံု႔ျပန္ေျဖရွင္းဖို႔ ေႏွးေကြးခဲ့ေၾကာင္း၊ ဒါေပမဲ့ ဒီလုိမျဖစ္ေအာင္ ၾကိဳးစားသြားမွာျဖစ္ေၾကာင္း Facebook အာရွပစိဖိတ္ဆိုင္ရာ ဒုတိယဥကၠ႒ စိုင္မြန္ ေမနာက ေျပာပါတယ္။ ေလာေလာဆယ္ ျမန္မာျပည္က Facebook တင္တဲ့ ပို႔စ္ေတြကို ဝန္ထမ္းတိုးခ်ဲ႕ စိစစ္ေနတယ္လုိ႔လည္း သိရပါတယ္။

မစၥတာ ေမနာဟာ ျပီးခဲ့တဲ့ ဇြန္လ ၅ ရက္ေန႔က ေနျပည္ေတာ္မွာ ျမန္မာအစိုးရ ျပန္ၾကားေရးဝန္ၾကီးနဲ႔ ေတြ႔ဆံုခဲ့သူျဖစ္ျပီး ျမန္မာႏုိင္ငံကို လာေရာက္တဲ့ ပထမဆံုး Facebook ကုမၸဏီရဲ့ အဆင့္အျမင့္ဆံုး အရာရွိျဖစ္ပါတယ္။

ရိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ အမုန္းတရားျဖန္႔ေဝတဲ့ေနရာမွာ Facebook ဟာ အဓိကေနရာမွာ ရွိခဲ့တယ္လုိ႔ ကုလသမဂၢအစီအရင္ခံစာမွာ ပါဝင္ခဲ့ျပီးေနာက္ အေမရိကန္လႊတ္ေတာ္မွာပါ Facebook ကုမၸဏီရဲ့ တာဝန္ယူမႈအေပၚ ေဝဖန္ျပစ္တင္တာခံခဲ့ရပါတယ္။ လူဦးေရ သန္း ၅ဝ ခန္႔ရွိတဲ့ ျမန္မာႏုိင္ငံမွာ Facebook အသံုးျပဳသူ ၁၈ သန္းရွိတယ္လုိ႔ သိရပါတယ္။

 

သန်းခြောက်ထောင်ကျော်တန် ကလောင်ရှင်များ

 

မြန်မာနိုင်ငံက အမျိုးသားရေးလှုပ်ရှားနေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ အမျိုးဘာသာ၊ သာသနာစောင့် ရှောက်ကြီးရေးအဖွဲ့ကြီး (မဘသ) နဲ့ မြန်မာသံဃာတော် ၂ ပါးကို ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အမုန်းတရားဖြန့်ဝေ ရေးသားမှုနဲ့ နာမည်ပျက်စာရင်းသွင်း ပိတ်ပင်လိုက်တယ်လို့ လူမှုရေးမီဒီယာ ကွန်ယက်ဖြစ်တဲ့ Facebook ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

Facebook စာမျက်နှာမှာ ရေးသားပြောဆိုတာတွေကို စိစစ်ပြီး မဘသအဖွဲ့နဲ့ ဆရာတော် ဦးပါမောက္ခ၊ ဦးသုစိတ္တ တို့ကို Facebook က နာမည်ပျက်စာရင်းသွင်း ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

သူတို့ကို Facebook စာမျက်နှာမှာ ရပ်တည်ခွင့် မပြုနိုင်ပါဘူး၊ မိမိတို့အနေနဲ့ ဒီပုဂ္ဂိုလ်တွေနဲ့ ဒီအဖွဲ့အစည်းတွေကို အားပေး၊ ချီးမွမ်း၊ ကိုယ်စားပြုတဲ့ အကောင့်တွေကိုလည်း ဖယ်ရှားသွားမှာ ဖြစ်ပါတယ်လို့ Facebook ကုမ္ပဏီ မူဝါဒဆိုင်ရာ မန်နေဂျာ ဒေးဗစ် ကာရာ ဂလီယာနိုက ပြောပါတယ်။

အမျိုးသားရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဦးပါမောက္ခနဲ့ ဦးသုစိတ္တတို့ဟာ ဦးဝီရသူအပြီး Facebook က တရားဝင် နာမည်ပျက်ထား ဖယ်ရှားခံရတဲ့ ဒုတိယနဲ့တတိယ မြန်မာရဟန်းတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံက အမုန်းစကားဖြန့်ဝေမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားတာတွေကို တုံ့ပြန်ဖြေရှင်းဖို့ နှေးကွေးခဲ့ကြောင်း၊ ဒါပေမဲ့ ဒီလိုမဖြစ်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း Facebook အာရှပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ စိုင်မွန် မေနာက ပြောပါတယ်။ လောလောဆယ် မြန်မာပြည်က Facebook တင်တဲ့ ပို့စ်တွေကို ဝန်ထမ်းတိုးချဲ့ စိစစ်နေတယ်လို့လည်း သိရပါတယ်။

မစ္စတာ မေနာဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က နေပြည်တော်မှာ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံး Facebook ကုမ္ပဏီရဲ့ အဆင့်အမြင့်ဆုံး အရာရှိဖြစ်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အမုန်းတရားဖြန့်ဝေတဲ့နေရာမှာ Facebook ဟာ အဓိကနေရာမှာ ရှိခဲ့တယ်လို့ ကုလသမဂ္ဂအစီအရင်ခံစာမှာ ပါဝင်ခဲ့ပြီးနောက် အမေရိကန်လွှတ်တော်မှာပါ Facebook ကုမ္ပဏီရဲ့ တာဝန်ယူမှုအပေါ် ဝေဖန်ပြစ်တင်တာခံခဲ့ရပါတယ်။

လူဦးရေ သန်း ၅ဝ ခန့်ရှိတဲ့ မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ ၁၈ သန်းရှိတယ်လို့ သိရပါတယ်။