သတင္း

ပုဆိန္႐ြာ ပုဆိန္ဆရာေတာ္ ပုဆိန္တရားပြဲ

နယုန္လဆုတ္ (၅)ရက္၊ 3.6.2018 ရက္ေန႔၊ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ မဲေဘာင္ေက်ာင္းတိုက္၊ ကရင္ မဘသ အခမ္းအနားမွအျပန္ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ေမာ္ဘီေက်း႐ြာသို႔ ေရာက္ရွိခဲ့ပါတယ္။

ဘုန္းႀကီးေက်ာင္းအေပၚထပ္မွာ လူအုပ္စုႏွစ္ခု ရန္ျဖစ္ေနၾကလို႔ လူစုကြဲေအာင္ ေျခာက္လန႔္တဲ့အေနနဲ႔ ပုဆိန္ေျပးယူၿပီး ပုဆိန္နဲ႔႐ြယ္ဖို႔ ျပန္ထြက္အလာ ေက်ာင္းဒကာေတြက အခန္းဝမွ ပုဆိန္ကိုဝိုင္းလုၿပီး ေက်ာင္းေအာက္ထပ္သို႔ ပစ္ခ်လိုက္တာကို ႐ြာမ်က္ႏွာဖုံးဆိုသူ အမ်ိဳးသမီးတစ္ဦးက သံဃနာယကကိုတိုင္လို႔ သံဃနာယက က ဝိနည္းဓိုရ္ဖြဲ႕ကာ ႏွင္ထုတ္လိုက္တဲ့အမႈ၊ ႏွင္ထုတ္လို႔မထြက္တဲ့အတြက္ေၾကာင့္ အာဏာစက္ကိုလြဲကာ အာခံမႈနဲ႔ ေထာက္ခ်ဖို႔ႀကံစည္ၾကတဲ့အမႈ ဒီ႐ြာေလးမွာ ျဖစ္ခဲ့ပါတယ္။
ေမာ္ဘီ႐ြာလို႔ ေခၚပါတယ္။ ဒါေမမဲ့ ပုဆိန္႐ြာလို႔ ထင္ရွားသြားပါၿပီ။
ပုဆိန္ဆရာေတာ္ေလးကိုလည္းအားေပးရင္း၊ ႐ြာသူ႐ြာသားေတြကိုလည္း အားေပးရင္း ကရင္ျပည္နယ္ကအျပန္ ဝင္ေရာက္ျဖစ္သြားတာပါ။

ဗုဒၶသာသနာေတာ္အရိပ္ေအာက္မွာပဲ ေနပါတယ္။ ဗုဒၶသာသနာထက္ ဘယ္အရာကိုမွ အေလးအျမတ္ျပဳစရာမလိုပါ။
ဒါေၾကာင့္ ဘုန္းႀကီးလည္း ထြက္စရာမလို၊ ႐ြာသူ႐ြာသားေတြလည္း စိုးရိမ္စရာမလိုေၾကာင္း အားေပးစကားေျပာၾကားခဲ့ပါတယ္။
ေထာင္ကို မေၾကာက္နဲ႔၊
အေမွာင္ကို ေၾကာက္ပါ။
ေထာင္က လြတ္လမ္းရွိတယ္၊ လြတ္ရက္ရွိတယ္၊
ငရဲက လြတ္လမ္းမျမင္ဘူး၊ လြတ္ရက္မထင္ဘူး။
ဒါေၾကာင့္ ျပည္သူေတြ ေထာင္ကိုမေၾကာက္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

ဝီရသူ (မစိုးရိမ္)
7.6.2018

“ပုဆိန်ရွာ ပုဆိန်ဆရာတော် ပုဆိန်တရားပွဲ”

နယုန်လဆုတ် (၅)ရက်၊ 3.6.2018 ရက်နေ့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်၊ ကရင် မဘသ အခမ်းအနားမှအပြန် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မော်ဘီကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။

ဘုန်းကြီးကျောင်းအပေါ်ထပ်မှာ လူအုပ်စုနှစ်ခု ရန်ဖြစ်နေကြလို့ လူစုကွဲအောင် ခြောက်လန့်တဲ့အနေနဲ့ ပုဆိန်ပြေးယူပြီး ပုဆိန်နဲ့ရွယ်ဖို့ ပြန်ထွက်အလာ ကျောင်းဒကာတွေက အခန်းဝမှ ပုဆိန်ကိုဝိုင်းလုပြီး ကျောင်းအောက်ထပ်သို့ ပစ်ချလိုက်တာကို ရွာမျက်နှာဖုံးဆိုသူ အမျိုးသမီးတစ်ဦးက သံဃနာယကကိုတိုင်လို့ သံဃနာယက က ဝိနည်းဓိုရ်ဖွဲ့ကာ နှင်ထုတ်လိုက်တဲ့အမှု၊ နှင်ထုတ်လို့မထွက်တဲ့အတွက်ကြောင့် အာဏာစက်ကိုလွဲကာ အာခံမှုနဲ့ ထောက်ချဖို့ကြံစည်ကြတဲ့အမှု ဒီရွာလေးမှာ ဖြစ်ခဲ့ပါတယ်။
မော်ဘီရွာလို့ ခေါ်ပါတယ်။ ဒါမေမဲ့ ပုဆိန်ရွာလို့ ထင်ရှားသွားပါပြီ။
ပုဆိန်ဆရာတော်လေးကိုလည်းအားပေးရင်း၊ ရွာသူရွာသားတွေကိုလည်း အားပေးရင်း ကရင်ပြည်နယ်ကအပြန် ဝင်ရောက်ဖြစ်သွားတာပါ။

ဗုဒ္ဓသာသနာတော်အရိပ်အောက်မှာပဲ နေပါတယ်။ ဗုဒ္ဓသာသနာထက် ဘယ်အရာကိုမှ အလေးအမြတ်ပြုစရာမလိုပါ။
ဒါကြောင့် ဘုန်းကြီးလည်း ထွက်စရာမလို၊ ရွာသူရွာသားတွေလည်း စိုးရိမ်စရာမလိုကြောင်း အားပေးစကားပြောကြားခဲ့ပါတယ်။
ထောင်ကို မကြောက်နဲ့၊
အမှောင်ကို ကြောက်ပါ။
ထောင်က လွတ်လမ်းရှိတယ်၊ လွတ်ရက်ရှိတယ်၊
ငရဲက လွတ်လမ်းမမြင်ဘူး၊ လွတ်ရက်မထင်ဘူး။
ဒါကြောင့် ပြည်သူတွေ ထောင်ကိုမကြောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဝီရသူ (မစိုးရိမ်)
7.6.2018