သတင်း

ဒီမိုကရေစီ – မူ နှင့် လူ

5.12.2017 ရက်နေ့တုန်းက စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကန်စံပြကျေးရွာမျာ အုပ်ချုပ်ရေးမှူးရွေးချယ်ဖို့ ကြီးကြပ်ရေးမှူးရွေးချယ်ပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီပွဲမှာ အနီကောင်တစ်ယောက်က ရုံးခန်းထဲထိဝင်ထိုင်ပြီး ရွာသူရွာသားတွေကို အာဏာပြနေလို့ ပြဿနာတက်ခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးကို ဘေးချိတ်ပြီး ဟိုလူဝင် ဒီလူထွက် အမိန့်တွေပေးနေတာကို မကျေနပ်တဲ့ ရွာသူတွေနဲ့ အနီကောင်ဘက်ကနေ ခံပြောတဲ့ ရွာသူတွေ လုံးထွေးသတ်ပုတ်ကြတဲ့အထိ ပြဿနာကြီးခဲ့တာကြောင့် ကြီးကြပ်ရေးမှူးရွေးချယ်ပွဲလေး ပျက်သွားခဲ့တာပါ။

ရပ်ကျိုးရွာကျိုးကို ဘာမျှမသယ်ပိုးဖူးတဲ့သူ၊ ဘုန်းကြီးကျောင်းထဲ လာတောင်မလာဖူးတဲ့သူ၊ ရပ်ရွာဖွံ့ဖြိုးရေးအစည်းအဝေးတွေဆို အနားတောင်မသီရဲတဲ့ အနီကောင်ကြီးက ဗိုလ်ကျ အာဏာပြလာတာကို မခံနိုင်တဲ့ရွာသူတွေဟာ ကြီးကြပ်ရေးမှူးရွေးချယ်ပွဲထဲ ဝင်ရောက်စွက်ဖက်တာကို မကျေနပ်တဲ့ရွာသူတွေနဲ့ ပူးပေါင်းမိသွားတာပါ။

အဲဒီအနီကောင်ကြီးဟာ ဥက္ကဋ္ဌသုံးဆက်လုပ်ခဲ့တဲ့ သားအဖတွေဖြစ်ပါတယ်။
ဖခင်ဖြစ်သူရယ် အစ်ကိုဖြစ်သူရယ် သူရယ် သားအဖတွေ ဆက်တိုက်လုပ်လာခဲ့ကြတာပါ။ ကင်ဂျုံအီမျိုးဆက်လို့ ဆိုရမှာပေါ့။
အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲလုပ်လိုက်မှ ပြုတ်သွားတာပါ။

အခုအုပ်ချုပ်ရေးမှူးလေးအမည်က ကြည်သိန်းပါ။ အသက် ၃၅ နှစ်ခန့်ရှိပါပြီ။ နှစ်ကြိမ်ဆက်တိုက် အရွေးခံရသူပါ။ ရွာသူတွေက သူ့ကိုပဲ ရွေးချယ်ချင်ကြတာပါ။ အလုပ်လုပ်လို့ အားကိုးရလို့ပါ။

မန်း မဘသ ဦးဆောင်ဆရာတော် ဦးဝါသဝ (တမာတန်း၊ သစ်ဆိမ့်တိုက်၊ ရတနာသင်္ဃကျောင်း)က သရက်ကုန်းရွာကိုပြန်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တာ ၉ နှစ်ကျောင် ၁၀ နှစ်တောင်ရှိပါပြီ။
စာကြည့်တိုက်၊ အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်း၊ အားကစားကွင်း၊ ဘုန်းကြီးကျောင်းအုဋ်တံတိုင်း စုံနေအောင်ပါပဲ။

စာသင်ကျောင်းက အလက(ခွဲ)ပါ။ စာသင်ဆောင်သုံးဆောင်လုံး ပြင်ဆောက်တဲ့အပြင် နှစ်ထပ်ကျောင်းဆောင်အသစ်ပါ ဆောက်လုပ်ပေးတာပါ။ အုဋ်တံတိုင်းဆိုရင် ၂၅၆ ခန်းတောင် ရှိပါတယ်။
အုပ်/မှူး ကိုကြည်သိန်းကလည်း အားကိုးရပါတယ်။ ဆရာတော်ဦးဝါသဝနှင့် ဆရာဒကာ ရှေ့သွားနောက်လိုက်ပါပဲ။

မဘသဆို ကြည့်မရတဲ့အနီတွေဟာ လူငယ်တွေကိုမြှောက်ပင့်ပေးပြီး ရန်တိုက်ပေးလေ့ရှိပါတယ်။ ရွာသူရွာသားတွေ စိတ်ဝမ်းကွဲပြားအောင် မညီမညွတ်ဖြစ်အောင် သွေးခွဲပေးတဲ့အပြင် ရပ်ရွာဖွံ့ဖြိုးရေးအတွက် လုပ်အားပေးခေါ်တာတောင် ဝင်ရောက်နှောက်ယှက်တတ်ကြပါတယ်။
သူတို့မြှောက်ပေးလို့ အနီကောင်လေးတစ်ယောက်က ရဟန်းတော်တစ်ပါးနှင့် အုပ်/မှူးကို လက်သီးနဲ့ထိုးတဲ့အဆင့်ထိ ကျူးလွန်မိသွားပါတယ်။ အနီကောင်လေး ထောင်တစ်လကျသွားတယ်လို့ သိရပါတယ်။

သရပ်ကုန်း ကင်ဂျုံအီသားအဖဟာ အရင်ဘုန်းကြီးနဲ့ပေါင်းပြီး ရှေးဟောင်းပစ္စည်းတွေ ရောင်းစားကာ ကိုယ်ကျိုးသုံးစွဲခဲ့ကြသလို ကထိန်ခေတ်ရောက်လို့ ခွဲတန်းမထည့်သူဆို ငြူစူတာကြောင့် ဘုန်းကြီးလည်းကြောက်ရ ဥက္ကဋ္ဌလည်းကြောက်ရနဲ့ ရွာသူတွေ ကြောက်ခေတ်ရောက်သွားခဲ့တာပါ။
ရတနာသိင်္ဃဆရာတော် ဦးဝါသဝ ဖွံ့ဖြိုးရေးလုပ်တဲ့ ၉ နှစ်ကျော် ၁၀ နှစ်အတွင်းမှာ ဘုန်းကြီးကျောင်းထဲတောင် မလာဖူးပေမယ့် ဆရာတော်ဦးဝါသဝကိုတော့ မဟနထိ တက်တိုင်ခဲ့ပါတယ်။ ဆရာတော်ဦးဝါသဝက ရွေးကောက်ပွဲအကြိုကာလမှာ သြဝါဒပေးတဲ့အခါ ဘာသာ သာသနာဦးထိပ်ထားသူ အမှန်တကယ်အလုပ်လုပ်သူကို ရွေးချယ်ပါဆိုတဲ့ ညွှန်ကြားချက်ကို မကျေနပ်လို့ မဟနထိ တက်တိုက်ခဲ့တာလို့ ဆိုပါတယ်။
ဆရာတော်ဦးဝါသဝအပြင် အုပ်/မှူးကြည်သိန်းကိုလည်း ဆီလိုအပေါက်ရှာပြီး တိုင်တန်းတာပါပဲ။

ကင်ဂျုံအီမျိုးဆက်မှာ ဖခင်နှင့် အစ်ကိုကြီးတို့ ဆုံးပါးသွားခဲ့ပါပြီ။ သူတို့ရဲ့ အတိုင်ပင်ခံဆရာတော်လည်း ပျံလွန်သွားပါပြီ။ အနီကောင်တစ်ကောင်ပဲ ကျန်ပါတော့တယ်။ အနီကောင်ကတော့ တိုင်တတ် တောတတ် ကုန်းတိုက်တတ်တာကလွဲလို့ ခပ်ကုပ်ကုပ်ပဲ နေခဲ့ပြီးမှ ပြန်ထောင်လာတာ ၂ နှစ်ခန့်ပဲ ရှိပါသေးတယ်။
အနီကောင်ကြီး ရွာဥက္ကဋ္ဌမှပြုတ်သွားတဲ့နောက်ပိုင်းမှာ မထောင်ရဲဘဲ ခုမှ ပြန်ထောင်လာတာကို ရွာသူတွေက မကျေနပ်တာပါ။
ရပ်မိရပ်ဖထဲလည်း မပါ၊ ဆယ်အိမ်ခေါင်းထဲလည်းမပါ၊ ၉ နှစ်လုံး ဖွံ့ဖြိုးရေးလုပ်ရာမှာလည်း မပါတဲ့သူကြီးက အခုမှ ဆရာကြီးလာလုပ်တာကြောင့် ရွာသူတွေ ပေါက်ကွဲကုန်ကြတာပါ။

ရွာမှာ အိမ်ခြေ ၂၅၀ နီးပါးရှိပါတယ်။ ကုလားက ၇၀ ခန့်ရှိပြီး ၁၆၀ ကျော်က ဗမာတွေပါ။ အနီအိမ်က အစိတ် သုံးဆယ်ပဲ ရှိပါတယ်။ အနီတွေက အနက်နဲ့ပေါင်းပြီး နှောက်ယှက်ကြတာပါ။
အခုရွေးချယ်ပွဲမှာ အစိုးရက မူချပေးထားတာ ကောင်းပါတယ်။ ဆယ်အိမ်ခေါင်းတွေထဲကနေ ရာအိမ်မှူးရွေးတယ်။ ရာအိမ်တွေထဲကနေ အုပ်ချုပ်ရေးမှူးရွေးတာပါ။ အဆင့်ဆင့်ရွေးချယ်ရတာမို့ တကယ်စွမ်းသူတွေပဲ တက်လာမှာပါ။

ရွေးချယ်ပုံ ဒီမိုကရေစီနည်းလမ်းကျသလို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း ကောင်းပါတယ်။
ပါတီတွေ ဝင်မစွက်ဖက်ရ။
အာဏာပိုင်တွေ ဝင်မစွက်ဖက်ရ။
အမတ်တွေ ဝက်မစွက်ဖက်ရ ဆိုတာတွေပါပဲ။
ဒါပေမဲ့ ဗိုလ်ကျတတ်တဲ့ အလေ့အထကြောင့် သရက်ကုန်းစံပြကျေးရွာလေး လိုင်းပေါ်ထိ ပွက်လောရိုက်သွားတာ ဖြစ်ပါတယ်။

လူ နှင့် မူ နှစ်မျိုးရှိရာမှာ လူတွေက မူကို ရေးဆွဲထားကြသလို လူတွေရေးဆွဲထားတဲ့ မူကိုလည်း လူတွေက လိုက်နာကြဖို့ လိုပါမယ်။
လူတွေရေးဆွဲထားတဲ့ မူကို ဖျက်ဆီးပစ်သူဟာ လူမဟုတ်တော့ပါဘူး။
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးလေး ရွေးချယ်တာတောင် အခုလို ကမ္ဘာပျက်သလောက် ပြဿနာတွေတက်နေတာဟာ အရပ်သားဒီမိုကရေစီကြီးရဲ့ သရုပ်သကန်လေလား။

ဝီရသူ (မစိုးရိမ်)
12.12.2017
9:30 PM