Daily Archives: December 13, 2017

သတင်း

အသံမစဲ သီလရှင် ပဋ္ဌာန်းပွဲကြီး

ခုတလော ထူးထူးခြားခြားတွေ ပေါ်ထွက်လာနေတယ်နော်။ အဲဒီထဲမှာ တစ်ခုက သီလရှင်ပဋ္ဌာန်းပွဲကြီးပါ။ ရွှေတိဂုံဘုရား ရာဟုထောင့် ဒေါ်စောမြတန်ဆောင်းမှာ 8.12.2017 ကနေ 12.12.2017 ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပခဲ့တာပါ။ ကော့မှူးမြို့၊ မြို့မရပ်ကွက်၊ ပညာသိင်္ဂီသီလရှင်စာသင်တိုက်၊ ဆရာကြီး ဒေါ်ပညာမေဝီ အပါအဝင် သီလရှင် ၁၂ ပါး ရွတ်ဖတ်ပူဇော်ကြတာပါ။ တိုင်းသာသနာရေး ကြီးမှူးပြီး ဂေါပကအဖွဲ့က တာဝန်ယူကျင်းပတာပါ။ သီလရှင်တစ်ပါးအတွက် ဆွမ်းစရိတ်ရှစ်ထောင်ကျပ် လှူဒါန်းတယ်လို့ ဆိုပါတယ်။ ၈ ရက်နေ့ ဖွင့်ပွဲတုန်းကတော့ သံဃာ ၇ ပါး ကြွရောက်ချီးမြှောက်ပါတယ်။ ငှက်ပျော+အုန်း ကန်တော့ပွဲ ၂၇ ပွဲ ထိုးထားပြီး ...
သတင်း

ဒီမိုကရေစီ – မူ နှင့် လူ

5.12.2017 ရက်နေ့တုန်းက စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကန်စံပြကျေးရွာမျာ အုပ်ချုပ်ရေးမှူးရွေးချယ်ဖို့ ကြီးကြပ်ရေးမှူးရွေးချယ်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ အနီကောင်တစ်ယောက်က ရုံးခန်းထဲထိဝင်ထိုင်ပြီး ရွာသူရွာသားတွေကို အာဏာပြနေလို့ ပြဿနာတက်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးကို ဘေးချိတ်ပြီး ဟိုလူဝင် ဒီလူထွက် အမိန့်တွေပေးနေတာကို မကျေနပ်တဲ့ ရွာသူတွေနဲ့ အနီကောင်ဘက်ကနေ ခံပြောတဲ့ ရွာသူတွေ လုံးထွေးသတ်ပုတ်ကြတဲ့အထိ ပြဿနာကြီးခဲ့တာကြောင့် ကြီးကြပ်ရေးမှူးရွေးချယ်ပွဲလေး ပျက်သွားခဲ့တာပါ။ ရပ်ကျိုးရွာကျိုးကို ဘာမျှမသယ်ပိုးဖူးတဲ့သူ၊ ဘုန်းကြီးကျောင်းထဲ လာတောင်မလာဖူးတဲ့သူ၊ ရပ်ရွာဖွံ့ဖြိုးရေးအစည်းအဝေးတွေဆို အနားတောင်မသီရဲတဲ့ အနီကောင်ကြီးက ဗိုလ်ကျ အာဏာပြလာတာကို မခံနိုင်တဲ့ရွာသူတွေဟာ ကြီးကြပ်ရေးမှူးရွေးချယ်ပွဲထဲ ဝင်ရောက်စွက်ဖက်တာကို ...
သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၁)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။ ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၈၂)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မစိုးရိမ်တိုက်သစ်၊ ဦးသုန္ဒရ၊ ဦးသုနန္ဒ၊ ဦးဓမ္မဇောတိ၊ ဦးကေသဝ၊ ဦးတေဇ၊ ဦးမုနိန္ဒ၊ ဦးနာယက၊ ဦးမာဃာနန္ဒ၊ ဦးခေမိန္ဒ၊ ဦးခေမာနန္ဒ၊ ဦးအာစိဏ္ဏ၊ ရှင်ဝိသုတ တို့မှ အလှူငွေ ၁၀၀၀၀၀ိ/ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (11.12.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ ...