သတင္း

ျမင္းမူ ေရဝန္မင္းသားဆရာေတာ္ႀကီး ၾကြေရာက္အားေပး

ျမင္းမူ ေရဝန္မင္းသားဆရာေတာ္ႀကီး ၾကြေရာက္အားေပး
=============================

တန္ေဆာင္မုန္းလဆန္း ၉ရက္ (12.11.2021)ရက္ေန႔၊ ဓမၼသဟာယေက်ာင္းသုိ႔ ကိုယ္ေတာ္တုိင္ ၾကြေရာက္လာျခင္းျဖစ္ပါတယ္။

သကၤန္းႏွင့္ စားစရာမ်ားအျပင္ ေဆးဝါးဓာတ္စာမ်ားပါ ယူေဆာင္လာပါတယ္။
စာေရးသူရဲ႕ အေျခအေနကို သိလုိ႔ထင္ပါတယ္။ ဆြမ္းခ်ဳိင့္ေလးပါ ပါလာပါတယ္။
သဟာယေက်ာင္းမွာပဲ ဆြမ္းစားၿပီး ျပန္ၾကြသြားပါတယ္။

ဆရာေတာ္ႀကီးက သက္ေတာ္လည္းရ က်န္းမာေရးလည္း မေကာင္းသည့္အျပင္ ကိုရင္မရွိ ေက်ာင္းသားမရွိ တစ္ပါးတည္း သီတင္းသံုးေတာ္မူတာေၾကာင့္ စာေရးသူက ဆရာေတာ္ႀကီးအတြက္ အၿမဲတန္းစိတ္ပူခဲ့ရတာပါ။

ဆရာေတာ္ႀကီးက သူ႔ေက်ာင္းတုိက္ႀကီးကို စာေရးသူထံ လာေရာက္အပ္ႏွံဖူးပါတယ္။ စာသင္တုိက္ဖြင့္ဖုိ႔ပါ။
သာမန္စာသင္တုိက္မဟုတ္ဘဲ သာမေဏေက်ာ္ေလးေတြေမြးထုတ္တဲ့ သာမေဏေက်ာ္စာသင္တုိက္ ဖြင့္ခ်င္တာပါပဲ။
စာေရးသူလည္း ပဲခူးသာမေဏေက်ာ္စာသင္တုိက္ ဆရာေတာ္မ်ားႏွင့္ ဆက္သြယ္ၿပီး ဆရာေတာ္ႀကီးဆႏၵကို ျဖည့္ဆည္းေပးႏိုင္ခဲ့ပါတယ္။

စာေရးသူေတာထဲေရာက္ေနေပမယ့္ စာသင္တုိက္ကေလးကေတာ့ ေအာင္ျမင္ေနပါေတာ့တယ္။
အခုဆုိရင္ စာေမးေတြလည္း ေအာင္၊ ဂုဏ္ထူးေတြလည္းရ၊ သံဃာေတြလည္း မ်ားျပားလာလုိ႔ ဆြမ္းစားေက်ာင္းေဆာင္ေတာင္ ထပ္မံတုိးခ်ဲ႕ေဆာက္လုပ္ေနၿပီလုိ႔ သိရပါတယ္။

ေရဝန္မင္းသားဆရာေတာ္ႀကီး သက္ရွည္က်န္းမာ ေဘးရန္ကြာ၍ သာသနာအက်ဳိး ဆထက္တိုး၍ သယ္ပိုးႏိုင္ပါေစေသာ္…ဝ္။
———————————– 
မြင်းမူ ရေဝန်မင်းသားဆရာတော်ကြီး ကြွရောက်အားပေး
=============================

တန်ဆောင်မုန်းလဆန်း ၉ရက် (12.11.2021)ရက်နေ့၊ ဓမ္မသဟာယကျောင်းသို့ ကိုယ်တော်တိုင် ကြွရောက်လာခြင်းဖြစ်ပါတယ်။

သင်္ကန်းနှင့် စားစရာများအပြင် ဆေးဝါးဓာတ်စာများပါ ယူဆောင်လာပါတယ်။
စာရေးသူရဲ့ အခြေအနေကို သိလို့ထင်ပါတယ်။ ဆွမ်းချိုင့်လေးပါ ပါလာပါတယ်။
သဟာယကျောင်းမှာပဲ ဆွမ်းစားပြီး ပြန်ကြွသွားပါတယ်။

ဆရာတော်ကြီးက သက်တော်လည်းရ ကျန်းမာရေးလည်း မကောင်းသည့်အပြင် ကိုရင်မရှိ ကျောင်းသားမရှိ တစ်ပါးတည်း သီတင်းသုံးတော်မူတာကြောင့် စာရေးသူက ဆရာတော်ကြီးအတွက် အမြဲတန်းစိတ်ပူခဲ့ရတာပါ။

ဆရာတော်ကြီးက သူ့ကျောင်းတိုက်ကြီးကို စာရေးသူထံ လာရောက်အပ်နှံဖူးပါတယ်။ စာသင်တိုက်ဖွင့်ဖို့ပါ။
သာမန်စာသင်တိုက်မဟုတ်ဘဲ သာမဏေကျော်လေးတွေမွေးထုတ်တဲ့ သာမဏေကျော်စာသင်တိုက် ဖွင့်ချင်တာပါပဲ။
စာရေးသူလည်း ပဲခူးသာမဏေကျော်စာသင်တိုက် ဆရာတော်များနှင့် ဆက်သွယ်ပြီး ဆရာတော်ကြီးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

စာရေးသူတောထဲရောက်နေပေမယ့် စာသင်တိုက်ကလေးကတော့ အောင်မြင်နေပါတော့တယ်။
အခုဆိုရင် စာမေးတွေလည်း အောင်၊ ဂုဏ်ထူးတွေလည်းရ၊ သံဃာတွေလည်း များပြားလာလို့ ဆွမ်းစားကျောင်းဆောင်တောင် ထပ်မံတိုးချဲ့ဆောက်လုပ်နေပြီလို့ သိရပါတယ်။

ရေဝန်မင်းသားဆရာတော်ကြီး သက်ရှည်ကျန်းမာ ဘေးရန်ကွာ၍ သာသနာအကျိုး ဆထက်တိုး၍ သယ်ပိုးနိုင်ပါစေသော်…ဝ်။