သတင်း


================================




(မန်လည်ဆရာတော်) 
————————————— 
မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီအလှူတော် (ကျောက်ဆည်)
================================

တန်ဆောင်မုန်းလဆန်း ၁၁ရက် (14.11.2021)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ပညာရေးအကယ်ဒမီကျောင်းမှာ ပြုလုပ်ပါတယ်။
နေ့လယ်စာဆွမ်းတစ်နပ်နှင့် ရေခဲမုန့် လှူဒါန်းတာ ဖြစ်ပါတယ်။

အလှူရှင်များကတော့ ကျောက်ဆည်မြို့နယ်၊ ပနံကျေးရွာနေ ကိုအောင်ထိုက် မိသားစု ဖြစ်ပါတယ်။
သံဃာတော်များအား တစ်ပါးလျှင် တစ်သောင်းကျပ်စီလည်း လှူဒါန်းပါတယ်။

အပြန်မှာ ဓမ္မသဟာယကျောင်းသို့ လာရောက်ဖူးမြော်ကြပါတယ်။
နမောတဿ အမြဲရွတ်ဖို့ မှာကြားလိုက်ပါတယ်။

အရဟံ ဂုဏ်တော်ပွား လာဘ်များ၍ တိုးသရေ။
သမ္ဗုဒ္ဓေ ပွားလေက ဉာဏ်သွား။
ဘဂဝါက ဘုန်းကံထူသည် မုန်းရန်သူ ရှိဘူးတဲ့လေး။
(မန်လည်ဆရာတော်)