သတင်း


=========================






———————————– 
မျိုးချစ်သမဂ္ဂ(မန္တလေး)အဖွဲ့ လာရောက်ဖူးမြော်
=========================

တန်ဆောင်မုန်းလဆန်း ၆ရက် (9.11.2021)ရက်နေ့၊ မွန်းလွဲ ၁း၀၀နာရီ၊ ဓမ္မသဟာယကျောင်းသို့ လာရောက်ဖူးမြော်ကြပါတယ်။

ဥက္ကဋ္ဌဆရာတော်လေး အရှင်ဣန္ဒဝီရ(လှည်းကူး) အမှူးပြုသော မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး) ဖြစ်ပါတယ်။
ပြင်ဆင်ဖွဲ့စည်းပြီး အသစ်စက်စက် ဥက္ကဋ္ဌလေးနှင့် အတွင်းရေးမှူးတို့ ဦးဆောင်ပြီး လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါတယ်။

မဘသအဖွဲ့အစည်းကြီးလည်း မရှိတော့ဘူး၊ မဘသဆိုင်းဘုတ်လည်း မရှိတော့ဘူး ဒီအချိန်မှာ အားကိုးစရာဆိုလို့ မျိုးချစ်သမဂ္ဂရဟန်းပျိုလေးများပဲ ကျန်ပါတော့တယ်။

ဒီရဟန်းတော်လေးများ ဝိဇ္ဇာနှင့် စရဏ (အရည်အချင်းနှင့် ကိုယ်ကျင့်တရား) ပြည့်စုံပါမှ အမျိုးသားရေးကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဝိဇ္ဇာစရဏသမ္ပဏ္ဏဂုဏ်တော်လာ ဝိဇ္ဇာနှင့် စရဏအကြောင်းကို အထူးအလေးပေး ဟောကြားလိုက်ပါတယ်။
လူရိုသေရှင်ရိုသေ ကိုယ်ကျင့်တရားနှင့်ပြည့်စုံဖို့ပါ။

အမျိုးချစ်ရုံနဲ့ မပြီးဘူး၊ ကိုယ်ကျင့်တရားရှိဖို့လိုသေးတယ် ဆိုတာပါပဲ။