Daily Archives: November 14, 2021

သတင်း

မြင်းမူ ရေဝန်မင်းသားဆရာတော်ကြီး ကြွရောက်အားပေး

မြင်းမူ ရေဝန်မင်းသားဆရာတော်ကြီး ကြွရောက်အားပေး============================= တန်ဆောင်မုန်းလဆန်း ၉ရက် (12.11.2021)ရက်နေ့၊ ဓမ္မသဟာယကျောင်းသို့ ကိုယ်တော်တိုင် ကြွရောက်လာခြင်းဖြစ်ပါတယ်။ သင်္ကန်းနှင့် စားစရာများအပြင် ဆေးဝါးဓာတ်စာများပါ ယူဆောင်လာပါတယ်။စာရေးသူရဲ့ အခြေအနေကို သိလို့ထင်ပါတယ်။ ဆွမ်းချိုင့်လေးပါ ပါလာပါတယ်။သဟာယကျောင်းမှာပဲ ဆွမ်းစားပြီး ပြန်ကြွသွားပါတယ်။ ဆရာတော်ကြီးက သက်တော်လည်းရ ကျန်းမာရေးလည်း မကောင်းသည့်အပြင် ကိုရင်မရှိ ကျောင်းသားမရှိ တစ်ပါးတည်း သီတင်းသုံးတော်မူတာကြောင့် စာရေးသူက ဆရာတော်ကြီးအတွက် အမြဲတန်းစိတ်ပူခဲ့ရတာပါ။ ဆရာတော်ကြီးက သူ့ကျောင်းတိုက်ကြီးကို စာရေးသူထံ လာရောက်အပ်နှံဖူးပါတယ်။ စာသင်တိုက်ဖွင့်ဖို့ပါ။သာမန်စာသင်တိုက်မဟုတ်ဘဲ သာမဏေကျော်လေးတွေမွေးထုတ်တဲ့ သာမဏေကျော်စာသင်တိုက် ဖွင့်ချင်တာပါပဲ။စာရေးသူလည်း ပဲခူးသာမဏေကျော်စာသင်တိုက် ဆရာတော်များနှင့် ...
သတင်း

မျိုးချစ်သမဂ္ဂ(မန္တလေး)အဖွဲ့ လာရောက်ဖူးမြော်

မျိုးချစ်သမဂ္ဂ(မန္တလေး)အဖွဲ့ လာရောက်ဖူးမြော်========================= တန်ဆောင်မုန်းလဆန်း ၆ရက် (9.11.2021)ရက်နေ့၊ မွန်းလွဲ ၁း၀၀နာရီ၊ ဓမ္မသဟာယကျောင်းသို့ လာရောက်ဖူးမြော်ကြပါတယ်။ ဥက္ကဋ္ဌဆရာတော်လေး အရှင်ဣန္ဒဝီရ(လှည်းကူး) အမှူးပြုသော မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး) ဖြစ်ပါတယ်။ပြင်ဆင်ဖွဲ့စည်းပြီး အသစ်စက်စက် ဥက္ကဋ္ဌလေးနှင့် အတွင်းရေးမှူးတို့ ဦးဆောင်ပြီး လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ မဘသအဖွဲ့အစည်းကြီးလည်း မရှိတော့ဘူး၊ မဘသဆိုင်းဘုတ်လည်း မရှိတော့ဘူး ဒီအချိန်မှာ အားကိုးစရာဆိုလို့ မျိုးချစ်သမဂ္ဂရဟန်းပျိုလေးများပဲ ကျန်ပါတော့တယ်။ ဒီရဟန်းတော်လေးများ ဝိဇ္ဇာနှင့် စရဏ (အရည်အချင်းနှင့် ကိုယ်ကျင့်တရား) ပြည့်စုံပါမှ အမျိုးသားရေးကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ဒါကြောင့် ဝိဇ္ဇာစရဏသမ္ပဏ္ဏဂုဏ်တော်လာ ဝိဇ္ဇာနှင့် စရဏအကြောင်းကို အထူးအလေးပေး ...